ဆွမ်းအလှူတရားတော် (၃၀-ဒီဇင်ဘာ-၁၂)

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကွယ်လွန်သူ ဦးလီတိုင်ကင်အတွက် တစ်နှစ်ပြည့် ဆွမ်းအလှူကို မိသားစုများနှင့် ဆွေမျိုးမိတ်သင်္ဂဟများက လှူဒါန်း ပြုလုပ်ရာ လောကချမ်းသာဆရာတော်က အနုမောဒနာတရား ဟောကြား ချီးမြှင့်၏။

ချင်းတောင်ပေါ်က ဘုန်းကြီးမေတ္တာ – အရှင်ဉာဏိဿရ(မော်လူး)

(၁၈-ဇူလိုင်-၁၉၉၈)နေ့တွင် ပြင်းထန်သော လေမုန်တိုင်းနှင့်အတူ မိုးကြီးကား သည်းသည်းမည်းမည်း အဆက်မပြတ် ရွာချလျက် ရှိ၏။ လေတိုက်တိုင်း တရှဲရှဲ အော်မြည်နေသည့် ထင်းရူးပင်ထက်ဖျားမှ အသံများကလည်း ကြောက်ခမန်းလိလိ ဖြစ်၏။ သစ်ပင်များ၏ ပြတ်လွင့် ကျိုးကြေလဲကျသံများမှာ တောင်ပေါ်ကျေးရွာကလေး၌ ကမ္ဘာပျက်သည့်နှယ် ထင်ရလောက်သည်။
ထိုအချိန်တွင် မိုးရေများ ရွှံ့ညွန်များ ပေကျံလျက် ကျောင်းဝင်းအတွင်းသို့ ပြေးလွှားဝင်ရောက်လာသော ကလေးငယ်နှစ်ဦးကို မြင်လိုက်ရသည်။ ကလေးငယ်နှစ်ဦးသည် လှေကားရင်းတွင် ရပ်လျက် ကျောင်းပေါ်သို့ ကြည့်နေကြသည်။ ကျောင်းပေါ်သို့ တက်လာမည့်ပုံ မပေါ်သဖြင့် `ဟဲ့ မိုးရွာထဲ ဘာလို့ ရပ်နေကြတာလဲ၊ ရှာလော … ရှာလော (လာ … လာ)´ဟု ခေါ်လိုက်မှပင် အလဲလဲ အပြိုပြိုဖြင့် ကျောင်းပေါ်သို့ ပြေးတက်လာကြသည်။ ကလေးငယ်များမှာ တဆတ်ဆတ်တုန်ကာ ချမ်းနေကြသည်။ ဒီအတိုင်းဆက်ထားလျှင် […]

ဘုရားကြိုက်သောအလုပ် – မင်းသုဝဏ်

(ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၏ လက်ဆောင်ကတ်ပြားမှ လက်ရာပန်းချီကား၊ http://nge-naing.blogspot.com/2011/01/blog-post_11.html မှ)
ပါဠိကျမ်းဂန်ကို လေ့လာကြည့်သောအခါ မြတ်စွာဘုရားသခင်သည် ဆေးဆရာအလုပ် သူနာပြုအလုပ်တို့ကို အရေးပေး တန်ဖိုးထားကြောင်း တွေ့ရသည်။
မည်မျှ အရေးပေး တန်ဖိုးထားပါသနည်းဆိုလျှင် မိမိကိုယ်တော်တိုင်ပင်လျှင် ဆေးဆရာဖြစ်ကြောင်း ခွဲစိတ်ကုဆရာဖြစ်ကြောင်း တင်စားဟောကြားတော်မူဖူးလေသည်။
ဣတိဝုတ်ပါဠိတော် စတုက္ကနိပါတ် ဗြဟ္မဏဓမ္မယာဂသုတ်၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူသည်။
အဟမသ္မိ ဘိက္ခဝေ … အနုတ္တရော ဘိသက္ကော သလ္လကတ္တော။
ရဟန်းတို့ … ငါဘုရားသည် အတုမရှိသော ဆေးဆရာဖြစ်၏။ အတုမရှိသော ခွဲစိတ်ကုဆရာဖြစ်၏။
ဆေးဆရာအလုပ်ကို အရေးပေး တန်ဖိုးထားသည့်နည်းတူ သူနာပြုအလုပ်ကိုလည်း အရေးပေး တန်ဖိုးထားတော်မူသည်။ မိမိကိုယ်တော်တိုင်လည်း သူနာပြုအလုပ်ကို လုပ်သည်။ သူတပါးတို့လုပ်အောင်လည်း ညွှန်ကြား ဆုံးမတော်မူသည်။
အခါတပါး၌ ဝမ်းရောဂါဖြင့် မစင်အလိမ်းလိမ်းဖြစ်ကာ အလူးအလဲ ဝေဒနာခံစားနေရသော ရဟန်းတစ်ပါးကို မြတ်စွာဘုရားသခင်သည် ညီတော် အာနန္ဒာနှင့်အတူ […]

သူနာရဟန်းဝတ္ထု (မဟာဝဂ်ပါဠိတော် မြန်မာပြန်)

တရံရောအခါ တပါးသောရဟန်းအား ဝမ်းသက်သောရောဂါ ဖြစ်၏။
ထိုရဟန်းသည် မိမိကျင်ကြီးကျင်ငယ်၌ လူးလှိမ့်လျက် အိပ်ရ၏။
ထိုအခါ မြတ်စွာဘုရားသည် နောက်လိုက်ရဟန်းဖြစ်သော အသျှင်အာနန္ဒာနှင့်အတူ ကျောင်းစဉ်လှည့်လည်သည်ရှိသော် ထိုဝမ်းသက်သောရဟန်း၏ ကျောင်းသို့ ရောက်တော်မူ၏။
မြတ်စွာဘုရားသည် မိမိကျင်ကြီးကျင်ငယ်၌ လူးလှိမ့်လျက် အိပ်နေသော ထိုရဟန်းကို မြင်၍ ဝမ်းသက်သောရဟန်းထံသို့ ကြွတော်မူပြီးလျှင် ထိုရဟန်းအား “ရဟန်း သင်၏ရောဂါကား အဘယ်ရောဂါနည်း´´ဟု မေးတော်မူ၏။
အသျှင်ဘုရား အကျွန်ုပ်၏ ရောဂါကား ဝမ်းသက်သော ရောဂါပါတည်း ဟု (လျှောက်၏)။
ရဟန်း သင့်အား အလုပ်အကျွေးရှိ၏လော ဟု (မေးတော်မူ၏)။
မရှိပါ အသျှင်ဘုရား ဟု (လျှောက်၏)။
ရဟန်းတို့သည် အဘယ့်ကြောင့် သင့်ကို မလုပ်ကျွေးကုန်သနည်း ဟု (မေးတော်မူ၏)။
အသျှင်ဘုရား အကျွန်ုပ်သည် ရဟန်းတို့အား မလုပ်ကျွေးဖူးပါ။ ထို့ကြောင့် ရဟန်းတို့ကလည်း အကျွန်ုပ်ကို မလုပ်ကျွေးပါကုန် ဟု (လျှောက်၏)။
ထို့နောက် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို […]

ရဟန်းတော်တို့အတွက် သူနာပြုသင်တန်း – မင်းသုဝဏ်

ဘုရားကျင့်ဟောင်း နည်းလမ်းကောင်း
ဂေါတမမြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်တူ ဝမ်းလား၍ အားပြတ်နေသော ရဟန်းတစ်ပါးကို ဆေးကြောသုတ်သင် ပြုစုယုယတော်မူသည်ဆိုသော အတ္ထုပ္ပတ္တိကို အင်္ဂလိပ် ဘာသာရေး တရားတော်ပေါင်းချုပ် စာအုပ်တစ်အုပ်တွင် တခါတုန်းက ဖတ်ရပါသည်။
အထူး ဝမ်းမြောက် သဒ္ဓါပေါက်မိပါသည်။
ငရဲခန်းတရားများနှင့် ဘုံခန်းတရားများအကြားတွင် လူထုပရိသတ် သိမှတ်ဖွယ် ဆွေးနွေးဖွယ် ဟောပြောဖွယ် လိုက်နာကျင့်သုံးဖွယ် တရားအများ ရှိပါသေးကလားဟူ၍ သဘောပေါက် မျက်မှောက်ပြုမိပါသည်။
ထို့ကြောင့် ဝိနည်းပိဋက မဟာဝဂ္ဂပါဠိတော် ဂိလာနဝတ္ထုကထာကို ရှာဖွေ ဖတ်ရှု ကျေနပ် နှစ်သိမ့်မိပါသည်။
မကြားဖူး မဖတ်ဖူးသေးသူတို့ ကြားဖူးဖတ်ဖူးကာ မိမိနည်းတူ ကျေနပ်နှစ်သိမ့်ကြရလေအောင် ရည်စူးလျက်လည်း `သူနာပြုဘုရား´ဟူသော အမည်ဖြင့် ကဗျာတစ်ပုဒ်ကို ရေးစီ၍ ၁၉၅၈-၅၉ ခု ဆေးသိပ္ပံကျောင်းများသမဂ္ဂ နှစ်လည်မဂ္ဂဇင်းတွင် အောက်ပါအတိုင်း ထည့်သွင်း ဖော်ပြခဲ့ပါသည်။
+++++
သူနာပြုဘုရား
ကိုယ်ရိပ်သဏ္ဌာန်၊ ညီ အာနန်နှင့်
မြတ်မွန်ထွတ်ထား၊ တို့ဘုရားသည်
တပါးသောခါ၊ […]

ပူတိဂတ္တတိဿထေရ်နှင့် အရှင်သီဝလိထေရ်

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၂-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပုံမှန် ဓမ္မသင်တန်းများကို ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်က ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

+++++
မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ စိတ္တဝဂ်၊ ဂါထာ ၄၁-ပူတိဂတ္တတိဿမထေရ်အကြောင်း သင်ကြား ပို့ချပေး၏။

ဓမ္မပဒသင်တန်းအပြီးတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတနှင့် ဆရာတော် အရှင်ဉာဏိဿရ(မော်လူး)တို့မှာ ဘော်စတွန်မြို့ မဟာသတိပဋ္ဌာန်ရိပ်သာကျောင်းသို့ ကြွရောက်ကြရမည်ဖြစ်သောကြောင့် အဘိဓမ္မာသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို မပြုလုပ်ဖြစ်တော့ပေ။
အားလပ်သွားသောအချိန်တွင် လောကချမ်းသာဆရာတော်က အရှင်သီဝလိမထေရ်အကြောင်း မှတ်သားဖွယ်များကို ပြောကြားပြီး၊ ညနေ ၅ နာရီမှ ၆ နာရီထိ တရားရှုမှတ်ကြ၏။
ပြီးသော် ကောင်းမှုကုသိုလ်တို့ကို အမျှပေးဝေကြလေသည်။
သာဓု … သာဓု […]

ပူတိဂတ္တတိဿမထေရ်ဝတ္ထု – မဟာစည်ဆရာတော်ဘုရားကြီး

“ညှဉ်းဆဲသူကား၊ အနာများ၊ သနား ကျန်းမာသည်´´
ညှဉ်းဆဲမှု အကုသိုလ်ကံကြောင့် အနာရောဂါများတတ်ပုံ သာဓကဝတ္ထုကတော့ မြတ်စွာဘုရားလက်ထက်တော်က သာဝတ္ထိပြည်သားတစ်ယောက် မြတ်စွာဘုရားသာသနာတော်မှာ ဝင်ပြီး ရဟန်းပြုတယ်။
သူ့အမည်က အရှင်တိဿတဲ့။
ရဟန်းပြုပြီးတော့ သီလ သမာဓိ ပညာအကျင့်တွေကို ကောင်းမွန်စွာ ကျင့်နေတယ်။
နောက်ကာလအတန်ငယ်ကြာတော့ သူ့မှာ အနာရောဂါတွေ ပေါ်လာတယ်။
အစမှာတော့ မုန်ညင်းစေ့လောက် အဖုကလေးတွေ ပေါက်လာတယ်။
နောက်တဖြည်းဖြည်းနဲ့ ပဲနောက်လုံးလောက်၊ ကုလားပဲလုံး စားတော်ပဲလုံးလောက်၊ ဆီးစေ့လောက်၊ ဆီးဖြူသီးလောက်၊ ဥသျှစ်သီးကင်းလောက် ဖြစ်လာတယ်။
နောက်ဆုံးကျတော့ ဥသျှစ်သီးမှည့်လောက် အဖုအလုံးကြီးတွေ ဖြစ်လာပြီး ပေါက်ကွဲကြတယ်။
တစ်ကိုယ်လုံးမှာ အပေါက် အပေါက်တွေ ဖြစ်နေတယ်။
အဲဒီလိုဖြစ်ပြီး တစ်ကိုယ်လုံး ပုပ်နေလို့ သူ့ကို ပူတိဂတ္တတိဿလို့ ခေါ်ကြတယ်။
သူ့မှာ အရိုးတွေကလည်း ဆွေးမြည့်ပြီး ကျိုးကုန်သတဲ့။
ယခုကာလမှာလည်း တချို့မှာ ဒီလို အရိုးတွေ ဆွေးနေတာကို ကြားရတယ်။ လက်ကို ကိုင်ပြီး မ,လိုက်ရင် အဲဒီအရိုးက […]

မဟာစည်သာသနာ့ရိပ်သာ ဆွမ်းအလှူရှင်များ (၁၉-ဒီဇင်ဘာ-၂၀၁၂)

ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာကြီးတွင် နှစ်စဉ် ပြုလုပ်မြဲ ဆရာတော်ကြီးပူဇော်ပွဲကို ပြုလုပ်ရာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၉-ရက်နေ့၌ ကြွရောက်လာကြသော ဆရာတော်ကြီးများ၊ ရဟန်း ရှင် လူယောဂီတို့အား –
နယူးယောက်မြို့ လောကချမ်းသာဆရာတော်က အရုဏ်ဆွမ်း၊
မဇ္ဈိမဂုဏ်ရည်ဆရာတော်နှင့် မယ်တော်ကြီး ဒေါ်အေးရီမိသားစုတို့က နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။
သာဓု … သာဓု … သာဓု။

ပူတိဂတ္တတိဿမထေရ် – အောင်စကြာဆရာတော်

ပူတိဂတ္တတိဿမထေရ်ဝတ္ထု – အောင်စကြာဆရာတော် အရှင်စန္ဒသိရီ
(video)
+++++
ပူတိဂတ္တတိဿမထေရ်ဝတ္ထု – အောင်စကြာဆရာတော် အရှင်စန္ဒသိရီ (MP3)

+++++
(ဗွီဒိယိုဖိုင်ကို www.dhammadownload.com မှ ကူးယူပြီး၊ MP3 ဖိုင်ကို ဗွီဒီယိုဖိုင်မှ ထုတ်ယူ၏။)