သောရေယျတ္ထေရ၊ သေခြင်းလေးမျိုးနှင့် ရှောင်လွှဲ၍ မရသောလမ်း

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်က ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

+++++
မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက စိတ္တ၀ဂ်၊ ဂါထာ ၄၃-သောရေယျတ္ထေရ၀တ္ထုကို ပို့ချပေး၏။

+++++
ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲ အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် ၀ီထိမုတ်ပိုင်း၊ အရူပကုသိုလ်ကံများ၏အကျိုးပေး၊ သေခြင်းလေးမျိုးတို့ကို သင်ကြား ပို့ချပေး၏။

+++++
ညနေ ၆ နာရီကျော် လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ဝိမလက `ရှောင်လွှဲ၍ မရသောလမ်း´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် ကောင်းမှုကုသိုလ် အ၀၀တို့ကို အမျှပေးဝေကြ၏။
သာဓု […]

ABBA 2013 New Year Ceremony

၂၀၁၃ ခုနှစ် အေဘီဘီအေ နှစ်သစ် ဆုတောင်း မေတ္တာပို့သပွဲကို နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်၏။

နန္ဒဂေါပါလက၊ ရူပကုသိုလ်ကံအကျိုးပေးနှင့် လမ်းမှန်ရောက်ပြီ အိုယောဂီ (၂) – (၃)

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၅ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီ မှ ၃ နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်က ၀ိပဿနာဆိုင်ရာ တရားတော်ကို ဟောကြား ချီးမြှင့်ပေး၏။

+++++
မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီအထိ ဓမ္မပဒသင်တန်းတွင် ဆရာတော်ဦးဥဂ္ဂပဏ္ဍိတက စိတ္တ၀ဂ်၊ ဂါထာအမှတ် ၄၂ – နန္ဒဂေါပါလက၀တ္ထုကို ပို့ချပေး၏။

+++++
ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲ အဘိဓမ္မာသင်တန်းဝယ် ဆရာတော်အရှင်ဥဂ္ဂပဏ္ဍိတကပင် ၀ီထိမုတ်ပိုင်း၊ ရူပကုသိုလ်ကံ၏ အကျိုးပေးများအကြောင်းကို သင်ကြား ပို့ချပေး၏။

+++++
ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲတွင် အရှင်ဉာဏိဿရ(မော်လူး)က ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် စနေနေ့ […]

စိတ်နဲ့အလုပ် အလုပ်နဲ့စိတ်

ဆရာတော်။ ။ အေး … ဘာမှ မကုန်ဘူးဗျာ့။ ဒါကြောင့် ဘုရားရွှေလက်ထက်တော်က ဘုရားဆုံးမတဲ့ အဆုံးအမတွေကို မှတ်ပြီးတော့ သည်လို လိုက်ကြတာဗျာ့။ ရှင်ဘုရင်တွေက ရှင်ဘုရင်လုပ်ရင်း၊ သူဌေးတွေက သူဌေးလုပ်ရင်း၊ ရှင်ဘုရင် သူဌေးမဟုတ်တဲ့ အားလုံးတို့မှာလဲ သူတို့အလုပ်တွေနှင့်တကွ မပျက်ပေါင်ဗျာ။ သည်တော့ နေရာတကာမှာ ဘယ်လိုနေရာဖြစ်ဖြစ် ရှင်ဘုရင်လဲ ရှင်ဘုရင်နေရာ ထီးနှင့်နန်းနှင့် သည်လိုနေပြီး သူလဲ ရတာပဲဗျာ့။ သူဌေးလဲ သူဌေးနေရာမှာ အခြံအရံတွေနှင့် နေကြတာပဲဗျာ့။ သည်လိုနေရင်း သည်အတိုင်းယူတာ မရဘူးလား။
တရားနာခံ။ ။ ရပါတယ်ဘုရား။
ဆရာတော်။ ။ အေး … လွယ်လိုက်တာဗျာ။ အခုလဲ ကိုယ့်နေရာမှာ ကိုယ်နေပါ။ ဘယ်မှ မသွားပါနှင့်။ ကိုယ့်အိမ်ကို နှစ်သက်သလို စီမံပြီး ဝင်းနှင့် ခြံနှင့် နေတယ်မဟုတ်လား။ […]

ယူချင်ရင် ရနိုင်

အေး .. အေး … ပစ္စည်းလဲ မကုန်ဘူး။ အလုပ်အကိုင်လဲ မပျက်ဘူး။ သူတကာလဲ မသိဘူးဆိုတော့ ကိုယ်လိုအပ်တဲ့ မှန်းထားချက်တွေဟာ မအောင်မြင်နိုင်စရာ မပြီးစီးနိုင်စရာ မရှိဘူးပေါ့ဗျာ။
သက်သာလိုက်တာ။ ရှေးက အရှင်တွေဟာလဲ အဲသည်လို တောင့်တချက်ပြီးမှုအတွက် ဘုရားရှင်ပွင့်တော်မူတဲ့အခါ ဘုရားရှင်သာသနာတော်ကို တွေ့အောင် ဆည်းပူးတော်မူကြတယ်။
တွေ့ကြသည်နှင့်တပြိုင်နက် ဘုရားပွင့်တော်မူတဲ့အခါနှင့် သိတဲ့အခါမှာ သူတို့လိုချင်တာတွေ အကုန်လုံး ရတာဗျာ။
အခုလဲပဲ ကိုယ်အလိုရှိတဲ့ဟာတွေ ရနိုင်တဲ့ အချိန်အခါ ဘဝပါပဲ။ ယူရုံကလေးပါဗျာ။
ရှေးအရှင်တွေဟာ သည်လိုအချိန်မျိုးနှင့် ကြုံကြိုက်ကြပြီဆိုတော့ စိတ်နှလုံးအလို တောင့်တတဲ့အတိုင်းဟာ အရယူကြတာဗျာ။ အနည်းငယ်မျှသော အချိန်ကိုမှ အချည်းနှီး မဖြုန်းဘူးဗျာ။ အခုလဲ အချိန်ဟာ ဘယ်လိုလိုက်ပါသလဲဆိုရင် အသီးသီးတို့ဟာ ယူမယ်ဆိုလို့ရှိရင် ဘယ်ဗောဓိမဆို အချိန်တိုင်း အချိန်တိုင်းမှာ ရနိုင်တယ်။
ဣရိယာပုတ်မှာလဲ လေးပါးရှိတယ်။ ဘယ်ဣရိယာပုတ်နှင့်မဆို ဝိရိယထူထောင်ပြီးတော့ ယူမယ်ဆိုရင် […]

လှေကားဓုတင်

ဆရာတော်။ ။ ပြောတော့ … ဒကာကြီးက ဘယ့်နှယ်တုန်း။ သူတို့လိုဖြစ်အောင် လုပ်သလားဗျာ့။
တရားနာခံ။ ။ တပည့်တော်ကတော့ လုပ်မယ် .. လုပ်မယ်နဲ့ … နေပါအုန်း … မနက်ဖြန်မှ … ဒီလိုနဲ့ပဲ ဒီနေ့ရောက်လာပါတယ်ဘုရား။
ဆရာတော်။ ။ လုပ်မယ် … လုပ်မယ်ဆိုတာ လိမ်တာလား?
တရားနာခံ။ ။ လိမ်တော့ မလိမ်ပါဘုရား။ လုပ်မယ့်ဆန္ဒတော့ ရှိပါတယ်ဘုရား။ ဝိရိယနည်းလို့ပါဘုရား။
ဆရာတော်။ ။ အဲဒါ လိုချင်လို့ နေတာလား၊ မလိုချင်လို့ နေတာလား?
တရားနာခံ။ ။ အမှန်စင်စစ်တော့ မလိုချင်သေးဘူးလို့ ဆိုရမှာပဲဘုရား။
ဆရာတော်။ ။ အဟုတ်ကို မလိုချင်တာလား?
တရားနာခံ။ ။ လိုတော့ လိုချင်ပါတယ်ဘုရား။ တပည့်တော်လိုချင်တာက ဒီနေ့ ထီနှစ်ကျပ်ဖိုးထိုး မနက်ဖြန် တစ်သိန်းပေါက် … ဒီလိုဟာ လိုချင်နေတာဘုရား။
ဆရာတော်။ […]