ပတိပူဇိကာဝတ္ထု၊ ရူပဝိဘာဂနှင့် `ဓမ္မဒါယာဒသုတ်´တရားတော်

၂၀၁၃ ခုနှစ် မတ်လ ၂၃-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများနှင့် တရားပွဲတို့ကို ပြုလုပ်၏။ မတ်လ ၁၆-ရက် စနေနေ့က ဓမ္မသင်တန်းများ မရှိပေ။ ဓမ္မပဒနှင့် အဘိဓမ္မာသင်တန်းပြ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတမှာ ဘော်စတွန် မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း ထမနဲပွဲတော်သို့ ကြွရောက်နေသောကြောင့် ဖြစ်၏။
ယခု ၂၃-ရက် စနေနေ့တွင် သင်တန်းသူ သင်တန်းသားများသည် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ လာမည့် ဧပြီလနှင့် မေလတို့တွင် ကျင်းပမည့် မြန်မာနှစ်သစ်ကူး ဆုတောင်း မေတ္တာပို့သပွဲနှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ ပွဲတော် ဖိတ်စာများ ဖြန့်ဝေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်နေကြရရာ လောကချမ်းသာဆရာတော်၏ ငါးမိနစ်တရားတော် မပြုလုပ်ဖြစ်တော့ဘဲ မွန်းလွဲ ၃ နာရီထိသာ စုပေါင်း တရားရှုမှတ်ကြ၏။
မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ […]

ဝိဋဋူဘဝတ္ထု၊ ဥပါဒါရုပ်များနှင့် `သူ့လိုလူ မဖြစ်ပါစေနဲ့´

၂၀၁၃ ခုနှစ် မတ်လ ၉-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်က ဝိပဿနာဆိုင်ရာ တရား ချီးမြှင့်၏။

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပုပ္ဖဝဂ်၊ ဂါထာ ၄၇ – ဝိဋဋူဘဝတ္ထုအကြောင်း ဟောကြား ပို့ချ၏။

မွန်းလွဲ ၄ နာရီခွဲမှ ၅ နာရီခွဲ အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် အဘိဓမ္မာ၊ ရုပ်ပိုင်း၊ ဥပါဒါရုပ်များအကြောင်း သင်ကြား ပို့ချပေး၏။

ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ပညာဇောတက `သူ့လိုလူ မဖြစ်ပါစေနဲ့´ တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် […]

အေဘီဘီအေ ထမနဲပွဲတော် (မတ် ၂, ၃၊ ၂၀၁၃) ဓာတ်ပုံများ

နယူးယောက်မြို့ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ (၂၇)ကြိမ်မြောက် ထမနဲပွဲတော်ကို ၂၀၁၃ ခုနှစ် မတ်လ ၃-ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ပြုလုပ်၏။

မတ်လ ၂-ရက် စနေနေ့ ထမနဲထိုးကြစဉ် –

မတ်လ ၃-ရက် တနင်္ဂနွေနေ့ ထမနဲပွဲတော်၌ အနုမောဒနာတရား ဟောကြား နာယူနေကြစဉ် –