ဆတ္တပါဏိဥပါသကဝတ္ထု၊ ရူပကလာပ နှင့် ဆင်းရဲကင်းရာ မြတ်ချမ်းသာ ဘယ်မှာရှာမလဲ

၂၀၁၃ ခုနှစ် ဧပြီလ ၂၀-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်ပြီး၊

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပုပ္ဖ၀ဂ် ဂါထာ ၅၁-၅၂ ဆတ္တပါဏိဥပါသက၀တ္ထုကိုလည်းကောင်း၊ ၄း၃၀ နာရီတွင် ဆရာတော် ဦးဥဂ္ဂပဏ္ဍိတကပင် အဘိဓမ္မာသင်တန်း၊ ရုပ်ပိုင်း ရူပကလာပကိုလည်းကောင်း သင်ကြား ပို့ချကာ၊

ညနေဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက `ဆင်းရဲကင်းရာ မြတ်ချမ်းသာ ဘယ်မှာရှာမလဲ´တရားတော်ကို ဟောကြား ဓမ္မဒါနပြု၏။

ပါဝေယျကာဇီဝကဝတ္ထု၊ ရူပသမုဋ္ဌာန နှင့် သာသနာတော်အကျိုး လောကအကျိုး

၂၀၁၃ ခုနှစ် ဧပြီလ ၁၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။
မွန်းလွဲ ၃း၁၅ နာရီတွင် ဓမ္မပဒ၊ ပုပ္ဖ၀ဂ် ဂါထာ ၅၀ – ပါဝေယျကာဇီဝက၀တ္ထုအကြောင်းကို ဦးဥဂ္ဂပဏ္ဍိတကလည်းကောင်း၊ ၄း၃၀ နာရီတွင် ဦးဥဂ္ဂပဏ္ဍိတကပင် အဘိဓမ္မာ၊ ရုပ်ပိုင်း – ရူပသမုဋ္ဌာနကိုလည်းကောင်း ပို့ချ သင်ကြားပေး၏။
ညနေဆည်းဆာ လောကချမ်းသာတရားပွဲအဖြစ် ဆရာတော် အရှင်ဝိမလက `သာသနာတော်အကျိုး လောကအကျိုး´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

၂၀၁၃ ခုနှစ် ဧပြီလ ၁၄-ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်မည့် `မြန်မာနှစ်သစ်ကူး ဆုတောင်း မေတ္တာပို့သပွဲ´အတွက် လုပ်အားပေးကြစဉ် […]

မစ္ဆရိယကောသိယသူဌေး၊ ရူပသမုဋ္ဌာန နှင့် `သိမ်းထားဖို့မဟုတ် ..´´

၂၀၁၃-ခုနှစ် ဧပြီလ (၆)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ စုပေါင်း တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာတရားတော် ဟောကြား ချီးမြှင့်ခြင်း၊ မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီထိ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပုပ္ဖ၀ဂ် ဂါထာ (၄၉) မစ္ဆရိယကောသိယသူဌေးဝတ္ထုကို ပို့ချပေးခြင်းနှင့် ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲအထိ အဘိဓမ္မာသင်တန်းအဖြစ် ရုပ်ပိုင်း-ရူပသမုဋ္ဌာနကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် သင်ကြားခြင်းများ ပြုလုပ်ပြီး၊ ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက `သိမ်းထားဖို့မဟုတ်၊ ထွက်မြောက်ဖို့ဖြစ်တယ်´တရားတော်ကို ဟောကြား ဓမ္မဒါနပြုလေသည်။