ရုပ်ဖြစ်စဉ် နှင့် `ငါတော့ မေ့လို့ မရတော့ဘူး´

၂၀၁၃ ခုနှစ် မေလ ၁၈-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများပြုလုပ်ရာ မွန်းလွဲ ၂ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်က ၀ိပဿနာဆိုင်ရာတရားတော်ကို ချီးမြှင့်၏။
ဓမ္မသင်တန်းအဖြစ် အဘိဓမ္မာသင်တန်း၊ ရုပ်ဖြစ်စဉ်ကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက သင်ကြား ပို့ချပေးပြီး၊ ညနေခင်း ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ပညာဇောတက `ငါတော့ မေ့လို့မရတော့ဘူး´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။