အာနန္ဒသေဋ္ဌိဝတ္ထု၊ ပစ္စည်းပိုင်း-ပဋ္ဌာန်းနည်းနှင့် `ပူးတွဲကျင့်သုံး အကောင်းဆုံး´

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၉-ရက် စနေနေ့ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ဓမ္မသင်တန်းများတွင် မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာ သြဝါဒတရားတော်ကိုလည်းကောင်း၊ မွန်းလွဲ ၃း၁၅ နာရီ ဓမ္မပဒသင်တန်းဝယ် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဗာလဝဂ်၊ ဂါထာ ၆၂ အာနန္ဒသေဋ္ဌိဝတ္ထုကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲ၌ အဘိဓမ္မာသင်တန်း၊ ပစ္စည်းပိုင်း ပဋ္ဌာန်းနည်းကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင်လည်းကောင်း၊ ညနေ ၆ နာရီခွဲ ဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ပညာဇောတက `ပူးတွဲကျင့်သုံး အကောင်းဆုံး´တရားတော်ကိုလည်းကောင်း ချီးမြှင့်၊ ပို့ချ၊ သင်ကြား၊ ဓမ္မဒါနပြု ဟောပြောကြလေသည်။
လင်္ကာ
နှစ်တစ်ရာတမ်း၊ သက်တမ်းယူကာ
ဖြစ်ကြရသည့်၊ များဘိလူဟာ
ကုသိုလ်မေ့ပြီး၊ ငိုက်မြည်းနေတာ
ဝဋ်ဒုက္ခ လွတ်ကြ ဘယ်အခါ။
သက်တမ်းတိုလှ၊ လူ့ဘဝ၊ မေ့ကြမသင့်ပြီ။
ကုသိုလ်တရား၊ […]

မဟာကဿပတ္ထေရသဒ္ဓိဝိဟာရိကဝတ္ထုနှင့် ပစ္စည်းပိုင်း-ပဋိစ္စသမုပ္ပါဒ်

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာ သြဝါဒတရားတော် ချီးမြှင့်၏။
မွန်းလွဲ ၃း၁၅ နာရီ ဓမ္မပဒသင်တန်းတွင် ဗာလဝဂ်၊ ဂါထာ ၆၁၊ မဟာကဿပတ္ထေရသဒ္ဓိဝိဟာရိကဝတ္ထုကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲ အဘိဓမ္မာသင်တန်းတွင် ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်အကြောင်းကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက သင်ကြား ပို့ချပေး၏။
ဆရာတော် အရှင်ဝိမလမှာ အောက်တိုဘာလ ၂၁-ရက်နေ့က မြန်မာပြည်သို့ ခေတ္တ ပြန်လည် ကြွရောက်သွားပြီး၊ ဆရာတော် အရှင်ပညာဇောတမှာ နိုဝင်ဘာလ ၅-ရက်နေ့တွင် မြန်မာပြည်မှ ပြန်လည် ရောက်ရှိမည်ဖြစ်ရာ ဆည်းဆာတရားပွဲ မရှိပေ။