`သာသနာမျိုးဆက် တိုးတက်စေဖို့´ – အရှင်ပညာသီဟ (နယူးဂျာစီ)

အချိန်ကုန်၊ ငွေကုန်၊ လူအပင်ပန်းခံပြီး မိမိတို့ လုပ်နေတဲ့ လုပ်ငန်းတစ်ခု အတော်အတန် အကောင်အထည် ပေါ်နေပြီဖြစ်တဲ့အချိန်မှာ ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် “အင်း … တို့လုပ်နေတဲ့ အလုပ်ဟာ ဟုတ်မှ ဟုတ်ပါ့မလား´´လို့ စဉ်းစားမိပြီး စိတ်ပျက်အားလျော့သလို ဖြစ်သွားတယ်။
အေဘီဘီအေအသင်းကြီးရဲ့ ဦးဆောင် ဆရာတော် သံဃာတော်များ၊ အမှုဆောင်လူကြီးများ၊ ဝေယျာဝစ္စအဖွဲ့၊ လုပ်အားပေးများ၊ စေတနာရှင်များ၊ အလှူရှင်များက သာသနာတော် တည်တံ့ပြန့်ပွားစေရေးအတွက် အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်တွင် စေတီတော်တစ်ဆူနဲ့ ယောဂီကျောင်းဆောင်တို့ကို အပင်ပန်းခံပြီး ကြိုးပမ်းအားထုတ် ပြုလုပ် တည်ဆောက်နေရာ၊ နယူးဂျာစီကျောင်းမြေကို ၁၉၉၅-ခုနှစ် ဇန်နဝါရီလ ၁၆-ရက်နေ့တွင် ဝယ်ယူခဲ့ပြီး၊ ဆယ်နှစ်အကြာ ၂၀၀၅-ခုနှစ်မှာ လောကချမ်းသာစေတီတော်ကို စတင် တည်ဆောက်ခဲ့တယ်။
စေတီတည်ဖူးသူ ပညာရှင် တစ်ဦးတစ်ယောက်မျှ မပါဘဲ တတ်သမျှ မှတ်သမျှ မြင်သမျှတွေကို အခြေခံကာ […]