စိတ္တဂဟပတိဝတ္ထုနှင့် `အခက်အခဲကို ကျော်လွှားကြစို့´

၂၀၁၄-ခုနှစ် ဧပြီလ ၁၉-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ဓမ္မသင်တန်းများဝယ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿ နာဆိုင်ရာတရားတော်ကိုလည်းကောင်း၊ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ဗာလဝဂ်၊ ဂါထာ ၇၃-၇၄ စိတ္တဂဟပတိဝတ္ထုကိုလည်းကောင်း ဟောကြား ပို့ချပေးကြပြီး၊ ညနေ လောကချမ်းသာဆည်းဆာတရားပွဲ၌ ဆရာတော် အရှင်ပညာဇောတက `အခက်အခဲကို ကျော်လွှားကြစို့´တရားတော်ကို ဓမ္မဒါနပြု ဟောကြားလေသည်။

ဝိသုဒ္ဓိမဂ်မိတ်ဆက် (၁၀)၊ သဋ္ဌိကူဋပေတဝတ္ထုနှင့် `လောကချမ်းသာ´

၂၀၁၄-ခုနှစ် ဧပြီလ ၁၂-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကွယ်လွန်သူ ဒေါ်တင်ယု (၉၄-နှစ်)၊ ဒေါ်စန်းစန်းခိုင် (၈၅-နှစ်)တို့အား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။ ဒေါ်တင်ယုမှာ ဓမ္မသင်တန်းသား ဦးကျော်မင်း၏ မိခင်ကြီးဖြစ်ပြီး၊ ဒေါ်စန်းစန်းခိုင်မှာ ဦးရန်နောင်၏ မိခင်ကြီး ဖြစ်ကာ မြန်မာနိုင်ငံ၌ ကွယ်လွန် အနိစ္စရောက်ကြ၏။
မွန်းလွဲပိုင်း လောကချမ်းသာ ဓမ္မသင်တန်းများတွင် ဆရာတော် အရှင်ဝဏ္ဏိတက ဝိသုဒ္ဓိမဂ်မိတ်ဆက် အပိုင်း(၁၀) အဆုံးပိုင်းကိုလည်းကောင်း၊ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ဗာလဝဂ်၊ ဂါထာ ၇၂-သဋ္ဌိကူဋပေတဝတ္ထုကိုလည်းကောင်း သင်ကြား ပို့ချပေးကြပြီး၊ ညနေ လောကချမ်းသာဆည်းဆာတရားပွဲဝယ် အရှင်ပညာဇောတက `လောကချမ်းသာ´တရားတော်ကို ဓမ္မဒါနပြု ဟောကြားလေသည်။

ဝိသုဒ္ဓိမိတ်ဆက် (၉)၊ ကမ္မဋ္ဌာန်းပိုင်းနှင့် `သူမြတ်ကျင့်ထုံး ယွင်းမသွေ´

၂၀၁၄-ခုနှစ် ဧပြီလ ၅-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာ ဓမ္မသင်တန်းများတွင် လောကချမ်းသာဆရာတော်ကြီးက ဝိပဿ နာဆိုင်ရာ တရားတော်ကိုလည်းကောင်း၊ ဆရာတော် အရှင်ဝဏ္ဏိတက ဝိသုဒ္ဓိမဂ်မိတ်ဆက် အပိုင်း(၉)ကိုလည်းကောင်း၊ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာ ကမ္မဋ္ဌာန်းပိုင်းကိုလည်းကောင်း ဟောကြား သင်ကြား ပို့ချပေးကြပြီး၊ ညနေ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ပညာဇောတက `သူမြတ်ကျင့်ထုံး ယွင်းမသွေ´တရားတော်ကို ဓမ္မဒါနပြု ဟောကြားလေသည်။