တိုက်တွန်းနှိုးဆော် သာဓုခေါ် – အရှင်ပညာသီဟ

… သဒ္ဓါကြည်လင် .. ပါရမီရှင် အပေါင်းတို့ ခင်ဗျား ….
“မိုးမလင်းသေးဘူး၊ ကြားရပြီ ဒီအသံ၊ `သဒ္ဓါကြည်လင်´လို့ ကြားနေရတယ်။ စိတ်ကတော့ တယ်ပြီး မရွှင်ဘူး။
စောစောစီးစီးလည်း အော်၊ ညဥ့်နက်ချိန်မှာလည်း အော်ဆိုတော့ တော်တော် စိတ်အနှောက်အယှက်ဖြစ်တာပဲ။
အချိန်အခါနဲ့ တော်ရုံတန်ရုံဆို ကောင်းတယ်´´လို့ မယုံကြည်သူ၊ သက်ကြီးရွယ်အို၊ မနာမကျန်းဖြစ်သူတို့က ဒီလို သဘောထား ရှိများ ရှိပေလိမ့်မယ်။
“အင်း … ဘာသာရေးဆိုင်ရာကိစ္စကို လုပ်ဦးမှ၊ ဒီလို သတိပေးနေတဲ့ အသံ ကြားနေရလို့ တော်သေးတယ်။ မဟုတ်ရင် ကုသိုလ်မလုပ်ဖြစ်ဘဲ မေ့မေ့လျော့လျော့နဲ့ အချိန်ကုန်သွားတာပဲ။ တတ်နိုင်သလောက် လှူရဦးမယ်´´လို့ တွေးကာ စိတ်ကောင်းဝင်သူများလည်း ရှိပေလိမ့်မယ်။
“မတီး မမြည်၊ တီးမှ မြည်´´ဆိုသလို မအော်ရင်လည်း သတိမရဖြစ်မှာမို့ သီလ ဘာဝနာ စတဲ့ ကောင်းမှု တစ်ခုခု […]

၂၀၁၄-ခုနှစ် မြန်မာပြည်ခရီး(၂) – လောကချမ်းသာဆရာတော်

သာသနာပြုခြင်း
သာသနာ တည်တံ့ ပြန့်ပွားရေးအတွက် ဆောင်ရွက်မှုသည် သာသနာပြုခြင်း ဖြစ်၏။ စာသင်တိုက်ဖွင့်၍ စာသင်သားများအား စာပေသင်ကြားခြင်း၊ ရိပ်သာဖွင့်၍ တရားပြခြင်း၊ မိဘမဲ့ကလေးများ, ဆင်းရဲသောကလေးများကို ထောက်ပံ့ ပညာသင်ကြားပေးခြင်း၊ ဘုရား စေတီများ တည်ခြင်းတို့ကို သာသနာပြုခြင်းဟု နားလည်ထားကြလေသည်။
စာသင်တိုက်များ ဖွင့်လှစ်၍ သာသနာပြုမှသာလျှင် ဗုဒ္ဓအဆိုအဆုံးမ သာသနာတော်ကြီး အရှည်တည်နိုင်သည်ဟု ပညာရှိများ ထောက်ပြကြလေသည်။ မှန်ပေသည်၊ စာပေတတ်သိမှသာ အကျင့်တရားကို မှန်ကန်စွာ ကျင့်ကြံနိုင်ပေမည်။ ထို့ကြောင့် စာသင်တိုက်ကြီးငယ်များ အရှည်တည်တန့်အောင် အားပေး ထောက်ပံ့ကြဖို့ လိုအပ်ပါသည်။ ရိပ်သာများ၊ ဘုရားတည်သောကျောင်းများကို ထောက်ပံ့ကြသူတွေက များပါသည်။ ထို့ပြင် ပရဟိတကျောင်းများကိုလည်း အားပေး ထောက်ပံ့သင့်ပေသည်။ ဆင်းရဲသော ကလေးများအား ကျွေးမွေး ပညာပေးနေသော ကျောင်းများ ချိနဲ့နေပါလျှင် ထိုကလေးများသည် အခြားဘာသာကို အားကိုးသွားကြမည် […]

လောကချမ်းသာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော် – အရှင်ပညာသီဟ

တနေ့ …. ဒကာလေးတစ်ယောက် ကျောင်းကို ရောက်လာပြီး … စာရေးသူနဲ့ စပ်မိစပ်ရာ စကားပြောမိရာမှ ဒကာလေးက –
`အရှင်ဘုရား၊ ဒီစေတီတော်ရဲ့ ဘွဲ့အမည်က ဘယ်လိုခေါ်ပါသလဲ ဘုရား? လို့ မေးတော့ –
စာရေးသူက စေတီတော်ကို “လောကချမ်းသာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်´လို့ ဘွဲ့အမည် ကပ်လှူထားပါတယ်´´လို့ အဖြေပေးလိုက်တယ်။ ဒီလိုနဲ့ ဆက်လက်ပြီး စကားပြောကြရာ –
`ဘယ်လိုအဓိပ္ပာယ်နဲ့ ဒီစေတီကို ဒီလိုဘွဲ့အမည် ပေးတာလဲ ဘုရာ့?´
ဒီလိုကွ ဒကာလေးရ၊ ဘုရားအလောင်းတော် ဘုရားဖြစ်ဖို့ ကျင့်တော်မူစဉ်က စရိယသုံးပါးကို ကျင့်ခဲ့တယ်။ အဲဒီစရိယသုံးပါးဟာ လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယ တို့ပဲ ဒကာလေးရ။ လောကကောင်းကျိုးအတွက် ကျင့်တော်မူခဲ့တာကို လောကတ္ထစရိယလို့ ခေါ်တယ်။ လောကကောင်းကျိုးဆိုတာ လောကချမ်းသာဖို့အတွက် ကျင့်ခဲ့တာပဲပေါ့။ အဲဒီ လောကချမ်းသာဖို့ […]

ကဆုန်လပြည့် ဗုဒ္ဓပူဇာနှင့် အကောင်းဆုံးနေနည်း (၂)

ဓမ္မပဒသင်တန်းပြဆရာတော် ဦးဥဂ္ဂပဏ္ဍိတ ဘော်စတွန်သို့ ကြွရောက်နေ၍ ၂၀၁၄-ခု မေလ ၁၇-ရက်စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်း မရှိဘဲ တရားပွဲများနှင့် ဗုဒ္ဓပူဇာပွဲများသာ ရှိ၏။
မွန်းလွဲ ၂-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

မွန်းလွဲ ၃ နာရီခွဲတွင် ဆရာတော် အရှင်ပညာဇောတ ဦးဆောင်၍ ကဆုန်လပြည့် ဗုဒ္ဓပူဇာသဘင် စုပေါင်း ပြုလုပ်ကြ၏။

ညနေ လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ပညာဇောတကပင် `အကောင်းဆုံးနေနည်း´တရားတော် ဒုတိယပိုင်းကို ဟောကြား ဓမ္မဒါနပြုလေသည်။

ဝနဝါသီတိဿသာမဏေဝတ္ထု-ဒုတိယပိုင်းနှင့် အကောင်းဆုံးနေနည်း (၁)

၂၀၁၄-ခုနှစ် မေလ ၁၀-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ဗာလဝဂ်၊ ဂါထာ ၇၅-ဝနဝါသီတိဿသာမဏေဝတ္ထု ဒုတိယပိုင်းကို သင်ပြ ပို့ချပေး၏။

ညနေ လောကချမ်းသာ ဆည်းဆာတရားပွဲ၌ ဆရာတော်ဦးပညာဇောတက `အကောင်းဆုံးနေနည်း´တရားတော် အပိုင်း(၁)ကို ဓမ္မဒါနပြု ဟောကြား၏။