ဓမ္မသင်တန်းများနှင့် `သာသနာ ကြာကြာ တည်ပါစေ´

၂၀၁၄-ခုနှစ် သြဂုတ်လ ၂၃-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီတွင် လောကချမ်းသာဆရာတော်ကြီးက တစ်နာရီ တရားရှုမှတ်စဉ် တရား ဟောကြား ချီးမြှင့်ပြီး၊

မွန်းလွဲ ၃း၁၅ နာရီ အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ပညာဇောတက စိတ်ပိုင်းကို သင်ကြား ပို့ချပေး၏။

ညနေ ၅ နာရီ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပဏ္ဍိတ၀ဂ်၊ ဂါထာ ၈၃-ရဟန်းငါးရာဝတ္ထုကို ပို့ချပေးကာ၊

ညနေ ၆ နာရီခွဲ လောကချမ်းသာဆည်းဆာတရားပွဲ၌ ဆရာတော် အရှင်ပညာဇောတက `သာသနာ ကြာကြာ တည်ပါစေ´တရားတော်ကို ဟောကြား ဓမ္မဒါနပြုလေသည်။

ပဌမ ဓမ္မနာဒဆရာတော် အရှင်ပညာစက္က

မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသသည် ပဌမကျော်၊ သကျသီဟဓမ္မာစရိယ၀ဋံသကာဘွဲ့များကို ရရှိပြီးနောက် `ဆရာသမား ထင်ရှားရှိနေသေးသမျှ ဆရာသမားကို လက်မလွှတ်ဘဲ ဆရာသမားထံမှ ပညာယူ၍သာ နေရမည်´ဆိုသည့် ရှေးမထေရ်မြတ်ကြီးတို့၏ အဆိုအမိန့်အတိုင်း ဆရာဖြစ်သူ ပဌမ ဓမ္မနာဒဆရာတော် အရှင်ပညာစက္ကထံ၌ အထက်တန်းစာဝါများကို သင်ကြား အားထုတ်လျက် လက်ထောက်စာချအဖြစ် တပည့်သံဃာများအားလည်း စာဝါများ ပို့ချပေးနေရင်း ၁၂၉၉-ခုနှစ်အရောက်တွင် ဆရာတော် အရှင်ပညာစက္က၏ လည်ချောင်း၌ ကင်ဆာရောဂါ ဖြစ်ပွားလာသည်။
ဆရာတော် အရှင်ပညာစက္ကမှာ တနေ့တခြား သွေးသားများ လျော့ပါးလာပြီး နားထင်ခွက်၍ မျက်တွင်းဟောက်ပက် ဖြစ်လာသည်။ ကမ္မဇရုပ်များ သိသိသာသာ ညှိုးနွမ်း၍ သေမည့်နိမိတ်လက္ခဏာများ အထင်းသား ပေါ်လွင်လာလေသည်။
ဆရာတော် အရှင်ပညာစက္ကသည် ကိုယ်ကျင့်သီလ ပြည့်ဝ ဖြူစင်ပြီး ပိဋကသုံးပုံ ပါဠိတော်ကြီးများကို အစအဆုံး အခေါက်ပေါင်း (၄၀)ကျော် ရွတ်ဖတ် ပူဇော်ခဲ့သူ […]

သပ္ပါယ လေးထွေ ပြည့်စုံစေဖို့ – အရှင်ပညာသီဟ(နယူးဂျာစီ)

တရားရှုမြင် သူတော်စင်တို့ ၀ိပဿ နာတရားကို ပွားများ အားထုတ်ရာ၌ တရားထူး တရားမြတ် ရစေရန်အတွက် သင့်တင့်လျောက်ပတ်မှု သို့မဟုတ် အဆင်ပြေမှုရှိဖို့ အလွန် အရေးကြီးသည်။
သင့်တင့်လျောက်ပတ်မှု အဆင်ပြေမှုကို ပါဠိလို `သပ္ပါယ´ဟု ခေါ်သည်။
`ပုဂ္ဂလ သပ္ပါယ´၊ `အာဝါသ သပ္ပါယ´၊ `ဥတု သပ္ပါယ´၊`ဘောဇန သပ္ပါယ´ ဟု လေးမျိုးရှိရာ တရားအားထုတ်သည့်အခါ တရားအားထုတ်ဖော် အားထုတ်ဖက်၊ တရားပြဆရာ၊ ကူညီ စောင့်ရှောက်သူ စသည်တို့နှင့် အဆင်ပြေမှုကို `ပုဂ္ဂလသပ္ပါယ´ဟု ခေါ်သည်။
မျှတသည့် ရာသီဥတု အပူ အအေး စသည်တို့နှင့် အဆင်ပြေမှုကို `ဥတုသပ္ပါယ´ဟု ခေါ်သည်။
မိမိနှင့် သင့်မြတ်သည့် အစားအသောက် လုံလောက်စွာ ရရှိမှုကို `ဘောဇနသပ္ပါယ´ဟု ခေါ်သည်။
တရားအားထုတ်ရန် နေရာထိုင်ခင်း စသည်တို့နှင့် ပြည့်စုံမှု အဆင်ပြေမှုကို `အာဝါသသပ္ပါယ´ဟု ခေါ်သည်။
ဒကာ […]

ဓမ္မသင်တန်းများနှင့် အင်္ဂုတ္တိုရ်မိတ်ဆက် (၁၆-သြဂုတ်-၂၀၁၄)

၂၀၁၄-ခုနှစ် သြဂုတ်လ (၁၆)ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများတွင် မွန်းလွဲ ၂-နာရီ၌ လောကချမ်းသာဆရာတော်ကြီးက တရား ချီးမြှင့်၏။

အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ပညာဇောတက လောကီစိတ် ၈၁-ပါးအကြောင်း သင်ကြား ပို့ချပေးပြီး –

ဓမ္မပဒသင်တန်း၌ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပဏ္ဍိတ၀ဂ်၊ ဂါထာ ၈၂-ကာဏမာတုဝတ္ထုကို ပို့ချပေး၏။

လောကချမ်းသာ ဆည်းဆာတရားပွဲ၌မူ မဟာမြိုင်ဆရာတော်က အင်္ဂုတ္တိုရ်မိတ်ဆက်ကို သင်ကြား ပို့ချပေးလေသည်။

မာဂဓဘာသာ
ဘာသာများစွာ၊ ရင်းမြစ်မှာ၊ ဘာသာမူလ မာဂဓာ။
ကမ္ဘာဦးသား၊ ဗြဟ္မာများနှင့်၊ မကြားစကား၊ ဘုရားများ၊ ပြောကြား မာဂဓာ။
လောကတလွှား၊ စကားများ၊ ဘုရားစကား အမြတ်ဆုံး။
နိဗ္ဗာန်လည်းရောက်၊ ဆင်းရဲပျောက်၊ ထွန်းတောက် အသာဆုံး။
ပိဋကတ်သုံးပုံ
ဝိနည်း,သုတ္တန်၊ ဘိဓမ္မန်၊ သုံးတန် ပိဋကတ် နှစ်ဆယ်မှတ်။
ဒီဃ,မဇ္ဈိမ၊ သံယုတ္တထုတ်၊ အင်္ဂုတ္တရာ၊ ခုဒ္ဒကာ၊ ငါးဖြာ နိကာယ် လေးဆယ်မှတ်။
ပိဋကတ်ပင်လယ်၊ လွန်နက်ကျယ်၊ […]

ဓမ္မသင်တန်းများနှင့် လောကချမ်းသာဆရာတော် ၀ိဇာတမင်္ဂလာပူဇာ (၉-သြဂုတ်-၂၀၁၄)

၂၀၁၄-ခုနှစ် သြဂုတ်လ ၉-ရက် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီတွင် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာသင်တန်းကို သင်ကြား ပို့ချပေးပြီး –

ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပဏ္ဍိတ၀ဂ်လာ ဂါထာ ၈၁၊ ဓမ္မဋ္ဌ၀ဂ်လာ ဂါထာ ၂၆၀-၂၆၁၊ ပကိဏ္ဏက၀ဂ်လာ ဂါထာ ၂၉၄-၂၉၅၊ လကုဏ္ဍကဘဒ္ဒိယထေရ် အကြောင်းတို့ကို ပို့ချပေး၏။

ထိုနောက် လောကချမ်းသာဆရာတော်ကြီး၏ ၇၄-နှစ်မြောက် ၀ိဇာတမင်္ဂလာအဖြစ် ဆရာတော်တော်ကြီးအား ပူဇော်ကြကာ –

ညနေ လောကချမ်းသာဆည်းဆာတရားပွဲ၌ မဟာမြိုင်ဆရာတော်က ရေးဖွဲ့ပေးသည့် ဆရာကန်တော့ချိုး သံပေါက်လင်္ကာများကို ရှင်းလင်း ဟောကြားသွား၏။

မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည် ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ (၃-သြဂုတ်-၂၀၁၄)

၂၀၁၄-ခုနှစ် သြဂုတ်လ (၃)ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ (၁၁)ကြိမ်မြောက် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲကို ကျင်းပစဉ် –

ဓမ္မသင်တန်းများနှင့် `ချစ်နည်းပညာ ချစ်ဆုံးမှာ´ (၁၉-ဇူလိုင်-၂၀၁၄)

၂၀၁၄-ခုနှစ် ဇူလိုင်လ ၁၉-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

တတိယအကြိမ် အဘိဓမ္မာသင်တန်းကို စတင် သင်ကြား ပို့ချရာ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ပရမတ္ထသံခိပ်ကျမ်း သံပေါက်လင်္ကာများနှင့် အဖြေကျမ်းတို့ကို အခြေခံ၍ ဆရာတော် အရှင်ပညာဇောတက သင်ကြား ပို့ချပေး၏။

ဓမ္မပဒသင်တန်းတွင် ပဏ္ဍိတ၀ဂ်၊ ဂါထာ ၈၀-ပဏ္ဍိတသာမဏေ၀တ္ထုကို အရှင်ဥဂ္ဂပဏ္ဍိတက ပို့ချပေး၏။

ညနေ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် မဟာမြိုင်ဆရာတော်က `ချစ်နည်းပညာ ချစ်ဆုံးမှာ´တရားတော်ဖြင့် ဓမ္မဒါန ပြု၏။