ဓမ္မသင်တန်းများ (၂၀-စက်တင်ဘာ-၂၀၁၄)

၂၀၁၄-ခုနှစ် စက်တင်ဘာလ (၂၀)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီး အနည်းငယ် နေမကောင်း၍ တရားချီးမြှင့်နိုင်ခြင်း မရှိပေ။
အဘိဓမ္မာသင်တန်းတွင် စိတ်-စေတသိက်ယှဉ်ကို ဆရာတော် အရှင်ပညာဇောတက သင်ကြား ပို့ချပေးပြီး၊

ဓမ္မပဒသင်တန်းတွင် ပဏ္ဍိတ၀ဂ်၊ ဂါထာ ၈၇-၈၉ ရဟန်းငါးရာဝတ္ထုကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပို့ချပေး၏။

ညနေ ဆည်းဆာ အင်္ဂုတ္တရနိကာယ်မိတ်ဆက်သင်တန်းကို မဟာမြိုင်ဆရာတော်က ဟောကြား ပို့ချပေးလေသည်။

ဓမ္မသင်တန်းများ (၁၃-စက်တင်ဘာ-၂၀၁၄)

၂၀၁၄-ခုနှစ် စက်တင်ဘာလ (၁၃)ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် ဆရာတော် အရှင်ပညာဇောတက တရားဟောကြား၏။

အဘိဓမ္မာသင်တန်း၌ ဆရာတော် အရှင်ပညာဇောတကပင် စေတသိက်များအကြောင်း သင်ကြား ပို့ချပေးလေသည်။

ထိုနောက် သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် ကြိုတင် ပြင်ဆင်ကြ၏။

ဓမ္မသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပဏ္ဍိတ၀ဂ်၊ ဂါထာ ၈၅-၈၆ ဓမ္မဿ ၀န၀တ္တုကို ပို့ချပေးပြီး၊

ဆည်းဆာ ဓမ္မသဘင်၌ မဟာမြိုင်ဆရာတော်က အင်္ဂုတ္တိုရ်မိတ်ဆက်ကို သင်ကြား ပို့ချပေး၏။

ဓမ္မသင်တန်းများ (၆-စက်တင်ဘာ-၂၀၁၄)

၂၀၁၄-ခုနှစ် စက်တင်ဘာလ (၆)ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

အဘိဓမ္မသင်တန်းတွင် ဆရာတော် အရှင်ပညာဇောတက စေတသိက်များအကြောင်း ပို့ချ သင်ကြားပေးပြီး၊

ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပဏ္ဍိတ၀ဂ်၊ ဂါထာ ၈၄-ဓမ္မိကထေရ်ဝတ္ထုကို ပို့ချပေး၏။

ညနေ ဆည်းဆာ ဓမ္မသဘင်၌ မဟာမြိုင်ဆရာတော်က အင်္ဂုတ္တိုရ်မိတ်ဆက်ကို သင်ကြား ဟောကြား၏။