ဓမ္မသင်တန်းများနှင့် `တကယ်သိပြီလား´ (၂၅-အောက်တိုဘာ-၂၀၁၄)

၂၀၁၄-ခုနှစ် အောက်တိုဘာလ ၂၅-ရက် စနေနေ့တွင် ဓမ္မသင်တန်းသူ သင်တန်းသားများသည် လောကချမ်းသာဘုရားကျောင်းသို့ ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်ချိန်ကတည်းက ရောက်ရှိနေကြ၏။
နေ့ဆွမ်းအလှူရှင်များမှာ ဒေါက်တာမြတ်မြတ်မွန်နှင့် ဒေါ်လီလီဝင်း မိသားစု မိတ်ဆွေများ ဖြစ်ကြပြီး ဓမ္မသင်တန်းသူ သင်တန်းသားများက အောက်တိုဘာ ၂၄-ရက်နေ့တွင် ကျရောက်သော ဆရာတော် အရှင်ပညာဇောတ၏ မွေးနေ့အတွက် အချိုပွဲ ကိတ်မုန့် ကပ်လှူကြခြင်း ဖြစ်သည်။

မွန်းလွဲ ၂-နာရီမှ ၃-နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

ထိုနောက် ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာသင်တန်း သင်ကြား ပို့ချပေးပြီး၊

ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ အရဟန္တ၀ဂ်၊ ဂါထာ ၉၁-အရှင်မဟာကဿ ပထေရ်ဝတ္ထုကို ပို့ချပေးကာ၊

ဆည်းဆာတရားပွဲ၌ ဆရာတော် အရှင်ပညာဇောတကပင် `တကယ်သိပြီလား´တရားတော်ဖြင့် ဓမ္မဒါနပြု၏။

ဓမ္မသင်တန်းများ (၁၈-အောက်တိုဘာ-၂၀၁၄)

၂၀၁၄-ခုနှစ် အောက်တိုဘာလ ၁၈-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ မစမီ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

အဘိဓမ္မာသင်တန်းကို ဆရာတော် အရှင်ပညာဇောတက သင်ကြား ပို့ချပေး၏။ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတ ဘော်စတွန်ကထိန်ပွဲတော်သို့ ကြွရောက်နေသဖြင့် ဓမ္မပဒသင်တန်း မရှိပေ။

ဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ပညာဇောတကပင် `ယမမင်းရဲ့ ဆုတောင်း´တရားတော်ဖြင့် ဓမ္မဒါနပြု၏။

၃၂-ကြိမ်မြောက် ကထိန်ပွဲတော်

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ (၃၂)ကြိမ်မြောက် ကထိန်ပွဲတော်ကို ၂၀၁၄-ခုနှစ် အောက်တိုဘာလ ၁၂-ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်၏။

ဓမ္မသင်တန်းများ (၁၁-အောက်တိုဘာ-၂၀၁၄)

၂၀၁၄-ခုနှစ် အောက်တိုဘာလ ၁၁-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ မစမီ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

အဘိဓမ္မာသင်တန်းကို ဆရာတော် အရှင်ပညာဇောတက သင်ကြား ပို့ချပေးပြီး၊

ဓမ္မပဒ၊ အရဟန္တ၀ဂ်၊ ဂါထာ ၉၀-ဇီဝကပဥှာဝတ္ထုကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပို့ချပေး၏။

ဆည်းဆာတရားပွဲတွင် ရွှေစည်ပတ္တမြားကျောင်း ဆရာတော် အရှင်ရာဇိန္ဒက `တရားရှုစရာ ဤခန္ဓာ´တရားတော်ကို ဟောကြား ဓမ္မဒါနပြု၏။

စတုတ္ထအကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ (၄-အောက်တိုဘာ-၂၀၁၄)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၊ ၂၀၁၄-ခုနှစ် ဓမ္မသင်တန်းသူ သင်တန်းသားများ၏ (၄)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ၂၀၁၄-ခုနှစ် အောက်တိုဘာလ ၄-ရက် စနေနေ့တွင် ဘုရားကျောင်း၌ ကျင်းပ ပြုလုပ်၏။
နံနက်တွင် ဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ ဆက်ကပ်လှူဒါန်း ပူဇော်ကြပြီး၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။

ထိုနောက် မွန်းလွဲ ၁-နာရီမှ ၂-နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားဟောကြား၏။

မွန်းလွဲပိုင်းတွင် ၄-ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ကြ၏။

အချိန်ရခိုက် – နောက်ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် နိဗ္ဗာန်ဈေးအတွက် သစ်သီးစုံဗူးများ ပြင်ဆင် လုပ်အားပေးကြသေး၏။

ဆရာစောက အဆာပြေ စားကြဖို့အတွက် ဟင်းအဖြစ် ၀က်ခေါင်းသုတ် လက်စွမ်းပြ၏။

ညနေတွင် သီတင်းကျွတ်မီးထွန်းပွဲနှင့် အာစရိယပူဇော်ပွဲတို့ကို ဆက်လက် ပြုလုပ်ကြကာ –

ဆရာတော် […]

`မွေးနေ့လက်ဆောင်တရား´ – တွံတေးဆရာတော်ဘဒ္ဒန္တဣန္ဒက (၂၈-စက်တင်ဘာ-၁၄)

၂၀၁၄-ခုနှစ် စက်တင်ဘာလ (၂၈)ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျောင်းဒါယိကာမကြီး ဒေါ်ခင်ဝါကြူ၏ အသက်(၈၀)ပြည့် မွေးနေ့ကို ကျင်းပ ပြုလုပ်ရာ တွံတေးဆရာတော် ဘဒ္ဒန္တဣန္ဒက,က မွေးနေ့လက်ဆောင်တရား ဓမ္မဒါနပြုလေသည်။

အင်္ဂုတ္တိုရ်မိတ်ဆက်နှင့် `တကယ်ပြောင်းပြီလား´

၂၀၁၄-ခုနှစ် စက်တင်ဘာလ၏ နောက်ဆုံး စနေနေ့ဝယ် ပြုလုပ်မြဲ တစ်ရက် တရားစခန်းအစား ဓမ္မသင်တန်း၊ အဘိဓမ္မအခါတော်နေ့ အစမ်း လေ့ကျင့်ခြင်း၊ သီတင်းကျွတ်မီးထွန်းပွဲ၊ ဆရာကန်တော့ပွဲနှင့် တရားပွဲများ ပြုလုပ် ကျင်းပခဲ့၏။
မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်အပြီး ၃း၁၅ နာရီတွင် မဟာမြိုင်ဆရာတော်က အင်္ဂုတ္တရနိကာယ်မိတ်ဆက်ကို သင်ကြား ပို့ချပေး၏။

ထိုနောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားအတွက် အစမ်း လေ့ကျင့်ကြပြီး၊ သီတင်းကျွတ်မီးထွန်းပွဲအတွက် ပြင်ဆင်ကြ၏။

ညနေ ၆-နာရီခွဲတွင် သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆရာကန်တော့ပွဲ ကျင်းပ ပြုလုပ်ကြကာ –

တွံတေးဆရာတော် ဘဒ္ဒန္တဣန္ဒက,က `တကယ်ပြောင်းပြီလား´တရားတော်ကို ဓမ္မဒါန ပြု၏။