လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၂၃-ဧပြီ-၂၀၁၆)

၂၀၁၆-ခုနှစ် ဧပြီလ (၂၃)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပြုလုပ်မြဲ ဓမ္မသင်တန်းများကို ကျင်းပပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃-နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ဒဏ္ဍ၀ဂ်၊ ဂါထာအမှတ် ၁၃၆-အဇဂရပေတ၀တ္ထုကို သင်ကြားပေးပြီး၊

ဆရာတော် အရှင်ဉာဏိဿ ရ(မော်လူး)က အနာထပိဏ္ဍိကောဝါဒသုတ္တန်ကို ပို့ချပေး၏။

အဘိဓမ္မာသင်တန်းပို့ချပေးနေသော ဆရာတော် အရှင်ပညာဇောတ ခရီးထွက်နေသဖြင့် သင်တန်းမရှိပေ။

ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါနပြု၏။

မြန်မာနှစ်သစ်-၁၃၇၈ မင်္ဂလသုတ်ပူဇာ

၂၀၁၆-ခုနှစ် ဧပြီလ ၁၆-ရက်၊ ၁၃၃၇-ခုနှစ် နှောင်းတန်ခူးလဆန်း ၉-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မြန်မာနှစ်သစ်မင်္ဂလာအဖြစ် မြတ်စွာဘုရားအမှူးရှိသော လောကချမ်းသာဘုရားကျောင်း ဆရာတော်များအား နေ့ဆွမ်း စုပေါင်း ဆက်ကပ်ကြ၏။

မွန်းလွဲ ၁-နာရီတွင် ဆရာတော် အရှင်ဉာဏိဿရ (မော်လူး)က အနာထပိဏ္ဍိကကောဝါဒသုတ်ကို သင်ကြား ပို့ချပေးပြီး –

မွန်းလွဲ ၂း၁၅ မှ ၃း၀၀ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

ညနေချမ်းတွင် မင်္ဂလသုတ်တော်ကို ရွတ်ဖတ် ပူဇော်ကြပြီး –

လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက ဓမ္မဒါနပြု၏။

Myanmar New Year (10-April-2016)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း (အေဘီဘီအေ)၏ ၁၃၇၈-ခုနှစ် မြန်မာနှစ်သစ်ကူး သင်္ကြန် ဆုတောင်း မေတ္တာပို့သပွဲကို ၂၀၁၆-ခုနှစ် ဧပြီလ (၁၀)ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်၏။
ပွဲတော်တွင် ရခိုင်မုန့်တီ၊ ရွှေရင်အေးတို့ဖြင့် ဧည့်ခံ ကျွေးမွေး၏။ အလှူရှင်များမှာ Kock Wong နှင့် ဒေါ်ကြူကြူသိန်း မိသားစု ဖြစ်၏။
နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာကျောင်း ဆရာတော် အရှင်ပညာသီဟက အနုမောဒနာတရား ဟောကြားပြီး၊ ဘော်စတွန် မဟာသတိပဋ္ဌာန်ရိပ်သာကျောင်းဆရာတော် အရှင်အဘယာလင်္ကာရက ရေစက်ချ အမျှဝေ ပြုလုပ် ချီးမြှင့်ပေး၏။

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၀၉-ဧပြီ-၂၀၁၆)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ စနေနေ့ ဓမ္မသင်တန်းများကို ၂၀၁၆-ခုနှစ် ဧပြီလ (၉)ရက်နေ့တွင် ပြုလုပ်မြဲ ကျင်းပရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃-နာရီခွဲ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ ဂါထာ ၁၃၅ ကို သင်ကြား ပို့ချပေး၏။

ပြီးသော် ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာနှင့် ဆဆက္ကသုတ်တော်တို့ကို ပို့ချပေးလေသည်။

ညနေ ၅-နာရီခွဲတွင် မြန်မာနှစ်သစ်အကြို လောကချမ်းသာဘုရားကျောင်းဆရာတော်များအား ပူဇော် ကန်တော့ခြင်း၊ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း ဝေယျာဝစ္စအဖွဲ့မှ အသက်ကြီးသူများအား ကန်တော့ခြင်း၊ ဓမ္မသင်တန်းသူ သင်တန်းသားများအနက် အသက်ကြီးသူများအား ကန်တော့ခြင်း ဆောင်ရွက်ကြ၏။

ထိုနောက် မင်္ဂလသုတ်တရားတော်ကို ရွတ်ဖတ် ပူဇော်ကြပြီး –

ဆည်းဆာတရားပွဲတွင် အရှင်ဉာဏိဿ ရ (မော်လူး)က […]

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၀၂-ဧပြီ-၂၀၁၆)

၂၀၁၆-ခုနှစ် ဧပြီလ (၂)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီထိ တရားရှုမှတ်ကြပြီး၊ ဓမ္မပဒ ဂါထာ ၁၃၃-၁၃၄ ကောဏ္ဍဓာနတ္ထေရ၀တ္ထုကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပို့ချပေး၏။

အဘိဓမ္မာနှင့် ဆဆက္ကသုတ် သင်တန်းကို ဆရာတော် အရှင်ပညာဇောတက ဆက်လက် သင်ကြား ပို့ချပေးကာ –

ဆည်းဆာတရားပွဲကို မတ်လ (၂၉)ရက်နေ့တွင် မြန်မာပြည်မှ ကြွရောက်လာသော ညောင်ကန်အေး-လောကချမ်းသာ ပရဟိတကျောင်း ဆရာတော် အရှင်ဉာဏိဿ ရ(မော်လူး)က ဓမ္မဒါနပြုလေသည်။