အေဘီဘီအေ လစဉ် နောက်ဆုံး စနေနေ့ တစ်ရက် တရားစခန်း

နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း

လစဉ် နောက်ဆုံး စနေနေ့ တရားရှုမှတ်ခြင်း အစီအစဉ်

  • နံနက် ၈း၀၀ မှ နံနက် ၉း၁၅ – သီလယူ၊ အလုပ်ပေးတရား၊ ထိုင်မှတ်
  • နံနက် ၉း၁၅ မှ နံနက် ၁၀း၀၀ – စင်္ကြန်လျှောက်မှတ်
  • နံနက် ၁၀း၀၀ မှ နံနက် ၁၀း၄၅ – ထိုင်မှတ်
  • နံနက် ၁၀း၄၅ မှ နေ့လယ် ၁၂း၀၀ – နေ့လယ်စာ*၊ သန့်ရှင်းရေး (စားရင်း, ပြုရင်း ရှုမှတ်)
  • နေ့လယ် ၁၂း၀၀ မှ မွန်းလွဲ ၁း၀၀ – စင်္ကြန်လျှောက်မှတ်
  • မွန်းလွဲ ၁း၀၀ မှ မွန်းလွဲ ၂း၀၀ – ထိုင်မှတ်
  • မွန်းလွဲ ၂း၀၀ မှ မွန်းလွဲ ၃း၀၀ – စင်္ကြန်လျှောက်မှတ်
  • မွန်းလွဲ ၃း၀၀ မှ ညနေ ၄း၀၀ – တရားစစ်, တရားဆွေးနွေး
  • ညနေ ၄း၀၀ မှ ညနေ ၄း၃၀ – စင်္ကြန်လျှောက်မှတ်
  • ညနေ ၄း၃၀ မှ ညနေ ၆း၀၀ – အပတ်စဉ် စနေနေ့ တရားပွဲ

*နေ့လယ်စာအတွက် မိမိထမင်းဗူး (သက်သတ်လွတ်) ယူဆောင်လာရပါမည်။ စုပေါင်း၍ ဘုရားဆွမ်းတော် ကပ်လှူခြင်း၊ ကျောင်းနေ သံဃာတော်များအား ဆွမ်းကပ်လှူခြင်း (အလှူရှင် မရှိလျှင်) ပြုလုပ်ပါမည်။

မည်သူမဆို အချိန်ပြည့် (နံနက် ၈ မှ ညနေ ၆) သော်လည်းကောင်း၊ သင့်လျော်ရာ အချိန်အပိုင်းအခြား အလိုက်သော်လည်းကောင်း လာရောက် ရှုမှတ်နိုင်ပါသည်။ ဣရိယာပုထ်တစ်ခုကို အချိန်ရှည်ကြာစွာ ရှုမှတ်လိုသူများ မိမိအစီအစဉ်ဖြင့် ရှုမှတ်နိုင်ပါသည်။

Leave a Reply