ဓမ္မပဒသင်တန်း – ၃ (၁၈-ဇွန်-၂၀၁၁)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခုနှစ် ဇွန်လ ၁၈ ရက် စနေနေ့၌ အပတ်စဉ် တရားရှုမှတ်ခြင်း၊ အဘိဓမ္မာနှင့် ဓမ္မပဒသင်တန်း၊ တရားပွဲတို့ကို ပုံမှန် ကျင်းပ ပြုလုပ်ရာ ဦးစွာ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တစ်နာရီခန့် တရားရှုမှတ်ကြ၏။

ယခုအပတ်တွင် လောကချမ်းသာဆရာတော် အနားယူရန် လိုအပ်သဖြင့် အရှင်ပညာနန္ဒက အဘိဓမ္မာနှင့် ဓမ္မပဒသင်တန်းကို မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီခန့်အထိ အဘိဓမ္မာလာ ကာမာဝစရသောဘနစိတ်များအကြောင်း ပြန်လည် သင်ကြားပြီး၊ ဓမ္မပဒ ယမကဝဂ် ဂါထာ အမှတ် ၃ နှင့် ၄ တို့ကို သင်ကြား ပို့ချပေးသွား၏။

ညနေ ၅ နာရီခွဲတွင် အရှင်ပညာနန္ဒကပင် တုဝဋ္ဋကသုတ်တရားတော်ကို ဟောကြား ချီးမြှင့်၏။

သာဓု … သာဓု … သာဓု။

Leave a Reply