သမ္ဗုဒ္ဓေဂါထာတော်ကြီးအကြောင်းတရားတော်-ဗန်းမော်ဆရာတော်ကြီး

ဗန်းမော်ဆရာတော်ဘုရားကြီးသည် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှ စ၍ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ကြွရောက် သီတင်းသုံးလျက်ရှိရာ ဇူလိုင်လ ၂၈-ရက်နေ့ ညနေ ၇ နာရီ၌ သမ္ဗုဒ္ဓေဂါထာတော်ကြီးအကြောင်းတရားတော်ကို မှတ်သားဖွယ်ရာ အဖြာဖြာဖြင့် ဟောကြား ချီးမြှင့်သွား၏။


(ဆရာတော်ကြီးက လက်ဆယ်စုံ ထိပ်မှာ မိုး၍ ဘုရားရှိခိုးပြနေစဉ်)

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
(အပ္ပကံ ဝါဠုကံ ဂင်္ဂံ၊ အနန္တံ နိဗ္ဗုတံ ဇိနံ။)
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

အဋ္ဌ = ၈
ဝီသ = ၂၀
(၈+၂၀) = ၂၈

ဒွါ = ၂
ဒသ = ၂၀
သဟဿ = ၁,၀၀၀
(၂+၁၀)x၁,၀၀၀ = ၁၂,၀၀၀

ပဉ္စ = ၅
သတ = ၁၀၀
သဟဿ = ၁,၀၀၀
၅x၁၀၀x၁,၀၀၀ = ၅၀၀,၀၀၀

၂၈ + ၁၂,၀၀၀ + ၅၀၀,၀၀၀ = ၅၁၂,၀၂၈

ဘုရားဖြစ်ရန် စိတ်ဖြင့် ဆုတောင်းခဲ့သော ၇-သင်္ချေကာလအတွင်း ပွင့်တော်မူသော ဘုရားရှင်ပေါင်း = ၁၂၅,၀၀၀
ဘုရားဖြစ်ရန် နှုတ်ဖြင့် ဆုတောင်းခဲ့သော ၉-သင်္ချေကာလအတွင်း ပွင့်တော်မူသော ဘုရားရှင်ပေါင်း = ၃၈၇,၀၀၀
သုမေဓာရှင်ရသေ့ဘဝမှ ဘုရားဖြစ်သည်တိုင် ၄-သင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း ပွင့်တော်မူသော ဘုရားရှင်ပေါင်း = ၂၈

ဘုရားရှိခိုးပုံ အမူအရာ ၄-မျိုး

၁။ ခေါင်းဖြင့် ဦးညွတ်၍ ရှိခိုးခြင်း။
၂။ လက်အုပ်ချီ၍ ရှိခိုးခြင်း။
၃။ လက်ဆယ်စုံ ထိပ်မှာ မိုး၍ ရှိခိုးခြင်း။
၎။ ဝမ်းလျားမှောက်၍ ရှိခိုးခြင်း။

(ဆရာတော်ကြီး ပါဠိဘာသာဖြင့် ရေးသား ပြုစုသော “ထေရီအပဒါနဒီပနီ” ကို http://www.dhammadownload.com ၌ ရယူနိုင်၏။)

Leave a Reply