ကောက်ကျစ်သောကြောင့် ရွှေခွက်ရှုံးသော ရွဲကုန်သည်အကြောင်း

သေရိဝ ဝါဏိဇဇာတ်
ကောက်ကျစ်သောကြောင့် ရွှေခွက်မှ ယုတ်သော ရွဲကုန်သည်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် “ဣဓ စေ နံ ဝိရာဓေသိ” အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသေရိဝ ဝါဏိဇဇာတ် ဒေသနာတော်ကို သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူလျက် တပါးသော “လျှော့သော ဝီရိယရှိသည်သာလျှင်ဖြစ်သော ရဟန်း”ကို အကြောင်းပြု၍ ဟောတော်မူ၏။

သဗ္ဗညုမြတ်စွာဘုရားသည် ရှေးနည်းဖြင့် ရဟန်းတို့သည် ဆောင်အပ်သော ထိုရဟန်းကို မြင်တော်မူ၍ မိန့်တော်မူ၏။

“ရဟန်း … သင်သည် ဤသို့ သဘောရှိသော မဂ်ဖိုလ်ကို ပေးတတ်သော သာသနာ၌ ရဟန်းပြု၍ ဝီရိယကို လျှော့၍ အဖိုးတစ်သိန်းထိုက်သော ရွှေခွက်မှ ယုတ်သော သေရိဝတိုင်းသား ရွဲကုန်သည်ကဲ့သို့ ကြာမြင့်စွာ စိုးရိမ်ရလတ္တံ့” ဤသို့ မိန့်တော်မူ၏။

ရဟန်းတို့သည် ထိုအကြောင်းကို ထင်စွာ ဖြစ်စေခြင်းငှာ မြတ်စွာဘုရားကို တောင်းပန်ကုန်၏။

မြတ်စွာဘုရားသည် ဘဝတပါးဖြင့် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်စွာ ပြတော်မူ၏။

အတိတ်ဝတ္ထု

လွန်လေပြီးသောအခါ ဤဘဒ္ဒကပ်ကမ္ဘာမှ ပြန်၍ ရေသည်ရှိသော် ငါးကမ္ဘာထက်၌ ဘုရားလောင်းသည် သေရိဝတိုင်း၌ ရွှဲကုန်သည်သည် ဖြစ်၏။
ထိုဘုရားလောင်း ရွဲကုန်သည်သည် သေရိဝမည်သော လောဘရမ္မက်ကြီးသော ရွဲကုန်သည်နှင့်တကွ ရောင်းအံ့သောငှာ သွားကုန်သည်ရှိသော် ‘နီလဝါဟ’မည်သော မြစ်ကို ကူး၍ ‘အရိဋ္ဌပုရ’မည်သော ပြည်သို့ ဝင်သည်ရှိသော် မြို့ခရီးတို့ကို ခွဲဝေ၍ မိမိသည် ရအပ်သော ခရီးဖြင့် ဥစ္စာကို ရောင်းလျက် သွား၏။
တစ်ယောက်သော လောဘရမ္မက်ကြီးသော ကုန်သည်သည်လည်း မိမိသည် ရအပ်သော ခရီးကို ယူ၏။

ထိုအရိဋ္ဌပုရမြို့၌လည်း တစ်ဦးသော သူဌေးအမျိုးသည် ပျက်စီးသည် ဖြစ်၍ ခပ်သိမ်းကုန်သော သားသမီး ညီနောင်တို့သည်လည်းကောင်း၊ ဥစ္စာသည်လည်းကောင်း ကုန်ခြင်းသို့ ရောက်ကုန်၏။
တစ်ယောက်သော သူငယ်မသည် အဖွားနှင့်တကွ ကြွင်းသည် ဖြစ်၏။

ထိုမြေးအဖွားနှစ်ယောက်တို့သည်လည်း သူတပါးတို့၏ အခစားကို ပြု၍ အသက်မွေးရကုန်၏။
ထိုမြေးအဖွားအိမ်၌သော်ကား သူဌေးကြီးသည် သုံးဆောင်ဖူးသော အိုး၏အကြား၌ ထားအပ်သော ရွှေခွက်သည် ရှည်မြင့်စွာ မသုံးဆောင်အပ်သည်ဖြစ်၍ အညစ်အကြေးတက်သည် ဖြစ်၏။
ထိုမြေးအဖွားနှစ်ယောက်တို့သည် ထိုခွက်၏ ရွှေခွက်၏အဖြစ်ကိုလည်း မသိကုန်။

ထိုလောဘရမ္မက်ကြီးသော ကုန်သည်သည် ထိုအခါ၌ ‘ရွဲတို့ကို ဝယ်ကြကုန်လော’ ‘ရွဲတို့ကို ဝယ်ကြကုန်လော’ဟု လှည့်လည်လျက် အိမ်တံခါးသို့ ရောက်လေ၏။

ထိုသူငယ်မသည် ထိုရွဲကုန်သည်ကို မြင်၍ အဖွားကို ဆို၏။ ‘အဖွား … ငါ့အဖို့ တစ်ခုသော တန်ဆာကို ဝယ်ပါလော’ဟု ဆို၏။
‘မြေးငယ် … ငါတို့သည် ဆင်းရဲကုန်၏။ အဘယ်ကို ပေး၍ ဝယ်ကုန်အံ့နည်း’ဟု ဆို၏။
‘ငါတို့အား ဤခွက်သည် ရှိ၏။ ငါတို့အား ကျေးဇူးမရှိ။ ဤခွက်ကို ပေး၍ ဝယ်လော’ဟု ဆို၏။

ထိုအဖွားသည် ရွဲကုန်သည်ကို ခေါ်စေ၍ နေရာ၌ နေစေ၍ ထိုခွက်ကို ပေး၍ ‘အရှင် … ဤခွက်ကို ယူ၍ သင့်နှမအား တစုံတခုကို ပေးလော’ဟု ဆို၏။
ရွဲကုန်သည်သည် ခွက်ကို ကိုင်၍ ကြည့်လျှင် ရွှေခွက်ဖြစ်လတ္တံ့ဟု ကြံအောက်မေ့၍ ခွက်၏ကျော၌လျှင် လှည့်လည်၍ အပ်ဖြင့် အရေးကို ငင်၍ ရွှေခွက်အဖြစ်ကို သိ၍ ဤသူတို့အား တစုံတခုကို မပေးမူ၍ ဤရွှေခွက်ကို ယူအံ့ဟု ကြံ၍ ‘ဤခွက်သည် အဘယ်အဖိုးထိုက်အံ့နည်း။ ထိုခွက်သည် ပဲဝက်မျှသော အဖိုးကိုလည်း မထိုက်’ဟူ၍ မြေ၌ ပစ်၍လျှင် နေရာမှ ထ၍ သွားလေ၏။

တစ်ယောက်သောသူသည် ဝင်၍ ထွက်သော ခရီးကို တစ်ယောက်သောသူသည် ဝင်ခြင်းငှာ ရ၏။
ထို့ကြောင့် ဘုရားလောင်း ရွဲကုန်သည်သည် ထိုခရီးသို့ ဝင်၍ ‘ရွဲတို့ကို ဝယ်ကြကုန်လော’၊ ‘ရွဲတို့ကို ဝယ်ကြကုန်လော’ဟု ဆို၍ ထိုအိမ်တံခါးသို့လျှင် ရောက်လေ၏။

တဖန် ထိုသူငယ်မသည် ထိုရှေးအတူလျှင် အဖွားကို ဆို၏။
ထိုအခါ ထိုမြေးငယ်မကို အဖွားသည် ‘ရှေးဦးစွာ လာသော ကုန်သည်သည် ခွက်ကို မြေ၌ ပစ်၍ သွားလေပြီ။ ယခုအခါ အဘယ်ကို ပေး၍ ဝယ်ကုန်အံ့နည်း’ဟု ဆို၏။
‘ထိုရှေးကုန်သည်သည် ကြမ်းကြုတ်သော စကားရှိ၏။ ဤကုန်သည်သည်ကား ရှုချင်ဖွယ် ရှိ၏။ နူးညံ့ ပြေပြစ်သော စကားရှိ၏။ ထိုခွက်ကို ယူငြားအံ့လည်း မသိ’ဟု ဆို၏။
‘မြေးငယ် … ထိုသို့တပြီးကား ခေါ်လော’ဟု ဆို၏။
ထိုသူငယ်မသည် ထိုရွဲကုန်သည်ကို ခေါ်၏။

ထိုအခါ အိမ်သို့ ဝင်၍နေသော ထိုရွဲကုန်သည်အား ခွက်ကို ပေးကုန်၏။
ထိုဘုရားလောင်းကုန်သည်သည် ထိုခွက်၏ ရွှေခွက်၏အဖြစ်ကို သိ၍ ‘အမိ … ဤရွှေခွက်သည် အဖိုးတစ်သိန်း ထိုက်၏။ အဖိုးတစ်သိန်းထိုက်သော ဥစ္စာသည် ငါ၏လက်၌ မရှိ’ဟု ဆို၏။
‘အရှင် … ရှေးဦးစွာလာသော ကုန်သည်သည် ဤခွက်သည် ပဲဝက်မျှကိုလည်း မထိုက်ဟူ၍ မြေ၌ ပစ်၍ သွား၏။ ဤခွက်သည်ကား သင်၏ကောင်းမှုကြောင့် ရွှေခွက်ဖြစ်သည် ဖြစ်လတ္တံ့။ ငါတို့သည် ဤရွှေခွက်ကို သင့်အား ပေးအံ့။ တစုံတခုမျှကိုလျှင် ငါတို့အား ပေး၍ ဤရွှေခွက်ကို ယူ၍ သွားလေလော’ဟု ဆို၏။

ဘုရားလောင်းသည် ထိုခဏ၌ လက်သို့ ရောက်ကုန်သော ငါးရာကုန်သော အသပြာတို့ကိုလည်းကောင်း၊ အဖိုးငါးရာထိုက်သော ဥစ္စာတို့ကိုလည်းကောင်း ပေး၍ ‘ငါ့အား ဤချိန်ကိုလည်းကောင်း၊ ဤအိတ်ကိုလည်းကောင်း၊ ရှစ်သပြာတို့ကိုလည်းကောင်း ပေးကုန်လော’ဟု ဤမျှကို တောင်းယူ၍ သွားလေ၏။

ထိုဘုရားလောင်းရွဲကုန်သည်သည် လျင်စွာလျှင် မြစ်နားသို့ ရောက်၍ ကူးတို့သည်အား ရှစ်သပြာကို ပေး၍ လှေကို စီးလေ၏။

ထိုမိုက်သော ရွဲကုန်သည်သည်လည်း တဖန် ထိုမြေးအဖွားအိမ်သို့ သွား၍ ‘သင်တို့၏ ခွက်ကို ဆောင်ခဲ့လော။ သင်တို့အား တစုံတခုကိုလျှင် ပေးအံ့’ဟု ဆို၏။
ထိုသူငယ်မသည် ထိုရွဲကုန်သည်ကို ဆဲရေး၍ ‘သင်သည် ငါတို့၏ အဖိုးတစ်သိန်းထိုက်သော ရွှေခွက်ကို ပဲဝက်မျှ အဖိုးကို ပြု၏။ သင်၏အရှင်နှင့်တူသော တစ်ယောက်သော တရားစောင့်သော ရွဲကုန်သည်သည် ငါတို့အား အဖိုးတစ်ထောင်ကို ပေး၍ ထိုရွှေခွက်ကို ယူ၍ သွားလေ၏’ဟု ဆို၏။

ထိုရွဲကုန်သည်မိုက်သည် ထိုစကားကို ကြား၍လျှင် အဖိုးတစ်သိန်းထိုက်သော ထိုရွှေခွက်မှ ယုတ်၍ ဤကုန်သည်သည် ငါ့အား ရှုံးခြင်းကြီးကို ပြုခဲ့ပြီတကားဟု အလွန်ဖြစ်သော စိုးရိမ်ခြင်းရှိသည်ဖြစ်၍ သတိကို ထားအံ့သောငှာ မတတ်နိုင်ရကား မိန်းမောသည်ဖြစ်၍ မိမိလက်သို့ ရောက်ကုန်သော အသပြာတို့ကိုလည်းကောင်း၊ ဥစ္စာတို့ကိုလည်းကောင်း အိမ်တံခါး၌ ကြဲ၍ အဝတ်အရုံကို စွန့်၍ ချိန်ရိုးကို ဆောက်ပုတ်ပြု၍ ဘုရားလောင်း၏ခြေရာအစဉ် လိုက်သည်ရှိသော် ထိုမြစ်ကမ်းနားသို့ ရောက်၍ ကူးသွားသော ဘုရားလောင်းကို မြင်၍ ‘အို ကူးတို့သည်၊ လှေကို ပြန်စေလော’ဟု ဆို၏။

ဘုရားလောင်းသည်ကား ‘အမောင် ကူးတို့သည်၊ မပြန်လင့်’ဟု မြစ်၏။
မိုက်သောရွဲကုန်သည်သည်လည်း ထိုသို့သွားသော ဘုရားလောင်းကို မြင်စဉ်ပင်လျှင် ကြီးစွာသော စိုးရိမ်ခြင်းသည် ဖြစ်၍ နှလုံးပူသည် ဖြစ်၏။ ခံတွင်းမှ သွေးအန်၏။ အိုင်၌ ညွန်ကဲ့သို့ နှလုံးကွဲ၏။ ထိုရွဲကုန်သည်မိုက်သည် ဘုရားလောင်း၌ ရန်ငြိုးဖွဲ့၍ ထိုမြစ်နား၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်လေ၏။

ဤကား ဘုရားလောင်း၌ ဒေဝဒတ်၏ ရှေးဦးစွာ ဖွဲ့သော ရန်ငြိုးတည်း။

ဘုရားလောင်းသည် အလှူအစရှိသော ကောင်းမှုကို ပြု၍ ကံအားလျော်စွာ လားရ၏။

မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဟောတော်မူပြီး၍ ဘုရားဖြစ်တော်မူပြီးသာလျှင် –

၃။ ဣဓ စေ နံ ဝိရာဓေသိ၊
သဒ္ဓမ္မဿ နိယာမတံ။
စိရံ တွံ အနုတပ္ပေသိ၊
သေရိဝါ’ ယံဝ ဝါဏိဇော။ ဟူသော ဤဂါထာကို ဟောတော်မူ၏။

ဣဓဤသာသနာတော်၌။
သဒ္ဓမ္မဿသူတော်ကောင်းတရား၏။
ဧနံ နိယာမတံထိုလှော်ကား လှေငယ်ဟု ဆိုအပ်သော သောတာပတ္တိမဂ်ကို။
စေ ဝိရာဓေသိအကယ်၍ ချွတ်ယွင်းစေအံ့။
တွံသင်သည်။
စိရံ ကြာမြင့်စွာ။
အနုတပ္ပေသိပူပန်ရလတ္တံ့။
ကောဝိယအဘယ်သူကဲ့သို့နည်း။
သေရိဝေါ သေရိဝ အမည်ရှိသော။
အယံ ဝါဏိဇော ဣဝရထိုက်သည့်အခိုက် မယူလိုက်ဘဲ ရှောင်လွှဲသွယ်ဝိုက်သော ဤရွဲကုန်သည်လူမိုက်ကဲ့သို့တည်း။

အဓိပ္ပာယ်ကား – ရှေး၌ သေရိဝမည်သော ရွဲကုန်သည်သည် အဖိုးတစ်သိန်းထိုက်သော ရွှေခွက်ကို မရ၍ ထိုရွှေခွက်ကို ယူအံ့သောငှာ လုံ့လ မပြုမူ၍ ထိုရွှေခွက်မှ ယုတ်သည်ဖြစ်၍ စိုးရိမ်ရသကဲ့သို့ ထို့အတူ သင်သည်လည်း သာသနာတော်နှင့်စပ်သော ရွှေခွက်နှင့်တူသော အရိယမဂ်ကို လျှော့သော ဝီရိယရှိသည်၏အဖြစ်ကြောင့် မရ၍ ထိုအရိယမဂ်မှ ယုတ်သည်ဖြစ်၍ အခါလေးမြင့် အစဉ် စိုးရိမ်ရလတ္တံ့။ ဝီရိယကို အကယ်၍ မလျှော့လတ္တံ့။ ပညာရှိသော ရွဲကုန်သည်သည် ရွှေခွက်ကို ရသကဲ့သို့ ထို့အတူ ငါဘုရားသာသနာတော်၌ ကိုးပါးအပြားရှိသည်လည်းဖြစ်သော လောကုတ္တရာတရားကို ရလတ္တံ့ … ဟူလိုသော်။

ဤသို့လျှင် ထိုရဟန်းအား မြတ်စွာဘုရားသည် အရဟတ္တဖိုလ်ဖြင့် ဒေသနာတော် အထွတ်ကိုယူလျက် ဤဓမ္မဒေသနာကို ပြတော်မူပြီး၍ သစ္စာလေးပါးတို့ကို ပြတော်မူ၏။
သစ္စာကို ပြတော်မူသည်၏ အဆုံး၌ လျှော့သော ဝီရိယရှိသော ရဟန်းသည် မြတ်သော အရဟတ္တဖိုလ်၌ တည်၏။

ဇာတ်ပေါင်း

မြတ်စွာဘုရားသည် နှစ်ပါးသော ဝတ္ထုတို့ကို ဟောတော်မူပြီး၍ အနုသန္ဓေကို စပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မိုက်သောရွဲကုန်သည် ဖြစ်ဖူးလေပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသောရွဲကုန်သည် ဖြစ်ဖူးလေပြီ။
ဤသို့ ဇာတ်ကို ပေါင်းတော်မူ၍ ဒေသနာကို ပြီးစေတော်မူ၏။

“ကောက်ကျစ်စဉ်းလဲ၊ ရွှေခွက်လွဲ၊ သေပွဲဝင်ရှာ သေရိဝါ”

+++++

(ညောင်ကန်ဆရာတော်ဘုရားကြီး၏ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု ပထမတွဲ မှ)

+++++

ဒေဝဒတ်ပါဝင်သော ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုများ
အတွဲ ဝဂ် ဇာတ်အမည် ပစ္စုပ္ပန်ဝတ္ထု အတိတ်ဝတ္ထု ဇာတ်ပေါင်း
၁-အပဏ္ဏကဝဂ် ၃-သေရိဝ ဝါဏိဇဇာတ် ဝီရိယကို လျှော့သော ရဟန်းတစ်ပါး ကောက်ကျစ်သောကြောင့် ရွှေခွက်မရသော ရွဲကုန်သည် ရွဲကုန်သည်မိုက်=ဒေဝဒတ်၊ ပညာရှိရွဲကုန်သည်=မြတ်စွာဘုရား
၂-သီလဝဂ် ၁၁-လက္ခဏမိဂဇာတ် ဘုရားကို အာခံ၍ အခြံအရံမှ ယုတ်သော ဒေဝဒတ် အသိဉာဏ်မရှိ၍ အခြံအရံပျက်စီးသော သမင် ကာဠသမင်=ဒေဝဒတ်၊ လက္ခဏသမင်=မြတ်စွာဘုရား
၂-သီလဝဂ် ၁၂-နိဂြောဓမိဂဇာတ် ဘုရား၏ဉာဏ်တော်ကြောင့် မထေရ်မိသားစုနှစ်ဦး ချမ်းသာ ကိုယ်ဝန်ရှိသမင်မကို အသက်ချင်းလှယ် ကယ်သော သမင် သာခသမင်=ဒေဝဒတ်၊ နိဂြောဓသမင်=မြတ်စွာဘုရား
၂-သီလဝဂ် ၂၀-နဠကပါနဇာတ် နဠကပါနရေကန်မှ ကျူရိုးများ အဆစ်ပိတ် မရှိ ဘုရားလောင်းမျောက်မင်း ပါရမီသစ္စာ ဓိဋ္ဌာန်ပြုခြင်း ဒကရက္ခိုသ်=ဒေဝဒတ်၊ မျောက်မင်း=မြတ်စွာဘုရား
၃-ကုရုင်္ဂဝဂ် ၂၁-ကုရုင်္ဂမိဂဇာတ် ဘုရားရှင်အား သတ်ရန် ဒေဝဒတ်၏ နည်းမျိုးစုံစကား ဆတ်ကိုသတ်ရန် မုဆိုးအကြံ ဆတ်သိ မုဆိုး=ဒေဝဒတ်၊ ဆတ်=မြတ်စွာဘုရား
၎-ကုလာဝကဝဂ် ၃၃-သမ္မောဒမာနဇာတ် ဆွေတော်မျိုးတော်တို့မှ ခေါင်းခုတစ်ခု အစွဲပြုသည့်ရန်ပွဲ ခိုက်ရန်ပြု၍ ငုံးများ ပျက်စီးကြရခြင်း မလိမ္မာသောငုံး=ဒေဝဒတ်၊ ပညာရှိငုံး=မြတ်စွာဘုရား
၆-အာသီသဝဂ် ၅၁-မဟာသီလဝဇာတ် အားထုတ်ခြင်း ဝီရိယကိုလျှော့သော ရဟန်းတစ်ပါး ဝီရိယကို မလျှော့သောကြောင့် မင်းစည်းစိမ်ပြန်ရခြင်း ပြစ်မှားသောအမတ်=ဒေဝဒတ်၊ မဟာသီလဝမင်း=မြတ်စွာဘုရား
၆-အာသီသဝဂ် ၅၇-ဝါနရိန္ဒဇာတ် မြတ်စွာဘုရားအား သတ်ရန် ဒေဝဒတ်ကြံစည်ခြင်း မျောက်မင်းကို သတ်ရန် ကြံသော မိကျောင်း မိကျောင်း=ဒေဝဒတ်၊ မျောက်မင်း=မြတ်စွာဘုရား
၆-အာသီသဝဂ် ၅၇-တယောဓမ္မဇာတ် မြတ်စွာဘုရားအား သတ်ရန် ဒေဝဒတ်အားထုတ်ခြင်း ဘုရားလောင်းမျောက်ကို သတ်ရန် ကြံသော ဖခင်မျောက် မျောက်မင်း=ဒေဝဒတ်၊ မျောက်မင်း၏သား=မြတ်စွာဘုရား
၈-ဝရုဏဝဂ် ၇၂-သီလဝနာဂရာဇဇာတ် ကျေးဇူးကို မသိတတ်သော ဒေဝဒတ် အသက်ကယ်ဖူးသော ကျေးဇူးကို မသိသော မုဆိုး မြေမျို အဆွေခင်ပွန်း ပြစ်မှားတတ်သော ယောက်ျားယုတ်=ဒေဝဒတ်၊ သီလဝဆင်မင်း=မြတ်စွာဘုရား
၈-ဝရုဏဝဂ် ၇၃-သစ္စံကိရဇာတ် မြတ်စွာဘုရားအား သတ်ရန် အားထုတ်သော ဒေဝဒတ် အသက်ကယ်ဖူးသော ကျေးဇူးရှင်ကို ပြစ်မှား၍ သေရသောမင်း အဆွေခင်ပွန်း ပြစ်မှားတတ်သော မင်း=ဒေဝဒတ်၊ တရားမင်း=မြတ်စွာဘုရား
၁၂-ဟံစိဝဂ် ၁၁၃-သိင်္ဂါလဇာတ် ဂေါတမ၏အကျင့်သည် တရားမဟုတ်၊ မိမိအကျင့်သာဟုတ်၏ဟု ပြော ဥစ္စာမက်မောသဖြင့် မြေခွေးလှည့်စားခြင်းခံရသော ပုဏ္ဏား မြေခွေး=ဒေဝဒတ်၊ ရုက္ခစိုးနတ်=မြတ်စွာဘုရား
၁၃-ကုသနာဠိဝဂ် ၁၂၂-ဒုမ္မေဓဇာတ် ဘုရားရှင်၏ တင့်တယ်ခြင်းကို မကြည်ဖြူ ငြူစူ၍သာနေသော ဒေ၀ဒတ် ကိုယ့်မင်္ဂလာဆင်ဖြူကိုပင် ငြူစူသောမင်း ဆုံးရှုံးရ၏ မဂဓမင်း=ဒေဝဒတ်၊ မင်္ဂလာဆင်=မြတ်စွာဘုရား
၁၄-အသမ္ပဒါနဝဂ် ၁၃၁-အသမ္ပဒါနဇာတ် ကျေးဇူးကို မသိတတ်သော ဒေ၀ဒတ် ကုဋေလေးဆယ်ပေးဖူးသော ကျေးဇူးကို ဖွဲတစ်တုမ္ဗနှင့် ကျေးဇူးဆပ် ပီဠိယသူဌေး=ဒေဝဒတ်၊ သင်္ခသူဌေး=မြတ်စွာဘုရား
၁၄-အသမ္ပဒါနဝဂ် ၁၃၉-ဥဘတောဘဋ္ဌဇာတ် လူ့စည်းစိမ်နှင့် ရဟန်း၏အကျိုး နှစ်မျိုးမှ ဆုံးရှုံးရသော ဒေ၀ဒတ် အလိုရမ္မက်ကြီး၍ မိမိလည်း မျက်စိပျက်၊ မယားလည်း ဒဏ်ထိ တံငါ=ဒေဝဒတ်၊ ရုက္ခစိုးနတ်=မြတ်စွာဘုရား
၁၅-ကကဏ္ဋကဝဂ် ၁၄၁-ဂေါဓာဇာတ် ဆန့်ကျင်ဘက်အဆွေခင်ပွန်းကို ပေါင်းသော ရဟန်းတစ်ပါး ဖွတ်နှင့်ဆန့်ကျင်ဘက် ပုတ်သင်နှင့် ပေါင်း၍ ဖွတ်များပျက်စီး ပုတ်သင်=ဒေဝဒတ်၊ ဖွတ်မင်း=မြတ်စွာဘုရား
၁၅-ကကဏ္ဋကဝဂ် ၁၄၂-သိင်္ဂါလဇာတ် ဒေ၀ဒတ်က ဘုရားကို သတ်ရန် လုံ့လပြုခြင်း ဘုရားလောင်း မြေခွေးအား သတ်ရန် ကြံသော သေသောက်ကြူး သေသောက်ကြူး=ဒေဝဒတ်၊ မြေခွေး=မြတ်စွာဘုရား
၁၅-ကကဏ္ဋကဝဂ် ၁၄၃-၀ိရောစဇာတ် ဘုရားအတုပြု သံဃာသင်းခွဲသော ဒေ၀ဒတ် အကန်ခံရ၍ သွေးအန် ခြင်္သေ့အတုပြု၍ ဆင်ကိုသတ်ရန် အားထုတ်သော မြေခွေး ဆင်နင်းခံရ မြေခွေး=ဒေဝဒတ်၊ ကေသရရာဇာခြင်္သေ့=မြတ်စွာဘုရား
၁-ဒဠဝဂ် ၁၀-၀ိနီလဇာတ် ဒေ၀ဒတ် ဘုရားအတုပြု (ဘုရားယောင်ဆောင်) ဟင်္သာညီနောင်နှင့် ကျီးစပ်ဟင်္သာ ကျီးမ၏သား ၀ိနီလက=ဒေဝဒတ်၊ ၀ိဒေဟမင်း=မြတ်စွာဘုရား
၂-သန္ထတဝဂ် ၁၈-သကုဏဂ္ဃိဇာတ် ဘုရားရှင်၏ အလိုဆန္ဒအရ သကုဏောဝါဒသုတ္တန်ဟောခြင်း ဗီလုံးငှက်ငယ်နှင့် သိန်းငှက် သိန်းငှက်=ဒေဝဒတ်၊ ဗီလုံးငှက်=မြတ်စွာဘုရား
၃-ကလျာဏဝဂ် ၂၄-ဒုဗ္ဘိယမက္ကဋဇာတ် ကျေးဇူးမသိ၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်သော ဒေ၀ဒတ် ပုဏ္ဏားကို ချောက်၊ ယုတ်သောမျောက် မျောက်=ဒေဝဒတ်၊ ပုဏ္ဏား=မြတ်စွာဘုရား
၎-အသဒိသဝဂ် ၃၄-ဂိရိဒတ္တဇာတ် ဆန့်ကျင်ဘက် အပေါင်းအဖော်ကို မှီဝဲသောရဟန်း အတုမြင်၍ အတတ်သင်၊ ခွင်၍သွားသောမြင်း ဂိရိဒတ္တ=ဒေဝဒတ်၊ ပညာရှိအမတ်=မြတ်စွာဘုရား
၎-အသဒိသဝဂ် ၃၉-သီဟစမ္မဇာတ် တရားဟောချင်လွန်းသော ရှင်ကောကာလိက ခြင်္သေ့ရေခြုံသော မြည်း ကုန်သည်=ဒေဝဒတ်၊ ပညာရှိလယ်သမား=မြတ်စွာဘုရား
၅-ရုဟကဝဂ် ၄၃-စူဠပဒုမဇာတ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းတစ်ပါး မင်းသားညီနောင်၊ မင်းသမီးနှင့် ငတုံး ငတုံး=ဒေဝဒတ်၊ စူဠပဒုမမင်း=မြတ်စွာဘုရား
၅-ရုဟကဝဂ် ၄၄-မဏိစောရဇာတ် ဘုရားရှင်အား သတ်ရန် ကြံသော ဒေ၀ဒတ် သူ့မယားလိုချင်၍ သူ့လင်ကို သတ်ရန် ကြံသော မင်း တရားမစောင့်သောမင်း=ဒေဝဒတ်၊ မင်း=မြတ်စွာဘုရား
၅-ရုဟကဝဂ် ၄၉-ဂဟပတိဇာတ် လူ၏အဖြစ်ကို လည်တမော့မော့ မျှော်သော ရဟန်း ယုတ်မာသောမိန်းမ ရွာသူကြီး=ဒေဝဒတ်၊ သူကြွယ်သားအိမ်ရှင်=မြတ်စွာဘုရား
၆-နတံဒဠဝဂ် ၅၄-၀ီရကဇာတ် ဒေ၀ဒတ် မြတ်စွာဘုရားအတုပြုခြင်း တင်ကျီးနှင့် ကျီးကန်း ကျီးကန်း=ဒေဝဒတ်၊ တင်ကျီးငှက်=မြတ်စွာဘုရား
၆-နတံဒဠဝဂ် ၅၆-ကုရုင်္ဂမိဂဇာတ် ဘုရားအား သတ်ရန်ကြံသော ဒေ၀ဒတ် သမင်၊ ခေါက်ရှာငှက်၊ လိပ် မိတ်ဆွေ ၃-ဦး မုဆိုး=ဒေဝဒတ်၊ သမင်မင်း=မြတ်စွာဘုရား
၆-နတံဒဠဝဂ် ၅၈-သုသုမာရဇာတ် ဘုရားကို သတ်ရန် ဒေ၀ဒတ်အားထုတ်ခြင်း မျောက်နှင့် မိကျောင်း မိကျောင်း=ဒေဝဒတ်၊ မျောက်မင်း=မြတ်စွာဘုရား
၆-နတံဒဠဝဂ် ၅၉-ကုက္ကုဋဇာတ် မိမိကိုယ်ကို စောင့်ရှောက်တတ်သော ပဉ္စင်းငယ် ကျော့ကွင်းကို ရှောင်တတ်သော ကြက် မုဆိုး=ဒေဝဒတ်၊ ရုက္ခစိုးနတ်=မြတ်စွာဘုရား
၆-နတံဒဠဝဂ် ၆၀-ကန္ဒဂလကဇာတ် ဒေ၀ဒတ် ဘုရားအတုပြုခြင်း သစ်တောက်ငှက်နှင့် အဆွေခင်ပွန်း အဆွေခင်ပွန်းသစ်တောက်ငှက်=ဒေဝဒတ်၊ သစ်တောက်ငှက်=မြတ်စွာဘုရား
၈-ကာသာဝဝဂ် ၇၁-ကာသာဝဇာတ် ရှင်ဒေဝဒတ် မတန်သောသင်္ကန်းကို ဝတ်ခြင်း ပစ္စေကဗုဒ္ဓါသင်္ကန်းဝတ်သောမုဆိုးနှင့် ဆင်မင်း ဆင်သတ်ယောက်ျား=ဒေဝဒတ်၊ ဆင်မင်း=မြတ်စွာဘုရား
၈-ကာသာဝဝဂ် ၇၂-စူဠနန္ဒိယဇာတ် ရှင်ဒေဝဒတ် ရုန့်ရင်းကြမ်းတမ်း ပရမ်းပတာလုပ်ပုံ သနားခြင်းကင်းသောပုဏ္ဏား မြေမျို ရုန့်ရင်းကြမ်းတမ်းသောယောက်ျား=ဒေဝဒတ်၊ မဟာနန္ဒိယမျောက်=မြတ်စွာဘုရား
၉-ဥပါဟနဝဂ် ၈၃-ဝိကဏ္ဏကဇာတ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းတစ်ပါး အရွက်မဲ့မြားဒဏ် မိကျောင်းခံရ မိကျောင်း=ဒေဝဒတ်၊ ဗာရာဏသီမင်း=မြတ်စွာဘုရား
၉-ဥပါဟနဝဂ် ၉၀-မဟာပိင်္ဂလဇာတ် ဒေဝဒတ်ကို မြေမျို၍ လူအများ ဝမ်းမြောက် သေသောအခါ လူအများ ရယ်ရွှင်ခံရသော မင်း တရားမစောင့်သောမင်း=ဒေဝဒတ်၊ မင်း၏သား=မြတ်စွာဘုရား
၁၀-သိင်္ဂါလဝဂ် ၉၁-သဗ္ဗဒါဌိဇာတ် လာဘသက္ကာရ ကွယ်ပျောက်သော ဒေဝဒတ် ပထဝီဇယမန္တန်ရသော မြေခွေး မြေခွေး=ဒေဝဒတ်၊ ပုရောဟိတ်ပုဏ္ဏား=မြတ်စွာဘုရား
၁၀-သိင်္ဂါလဝဂ် ၉၃-ဂုတ္တိလဇာတ် ဆရာဘုရားကို ရန်သူလုပ်သော ဒေဝဒတ် ဆရာကိုအန်တုသော တပည့်စောင်းသမား စောင်းသမား=ဒေဝဒတ်၊ စောင်းဝိဇ္ဇာဆရာ=မြတ်စွာဘုရား
၃-ဥဒပါနဝဂ် ၂၇-ရောမကဇာတ် မြတ်စွာဘုရားအား လုပ်ကြံရန် အားထုတ်ခြင်း ခိုသားစားလိုသော ရသေ့အကြံ ကောက်ကျစ်သောရသေ့=ဒေဝဒတ်၊ ခိုတို့၏အကြီးအကဲ=မြတ်စွာဘုရား
တိကနိပါတ်၊ ၅-ကုမ္ဘဝဂ် ၄၄-ဇမ္ဗုခါဒကဇာတ် ဒေဝဒတ်၊ ကောကာလိကတို့ ဂုဏ်မဲ့အချင်းချင်း ဂုဏ်တင် ကျီးနှင့်မြေခွေးတို့ ချီးမွမ်းခန်းဖွင့်၍ ပြေးကြရ မြေခွေး=ဒေဝဒတ်၊ ရုက္ခစိုးနတ်=မြတ်စွာဘုရား
တိကနိပါတ်၊ ၅-ကုမ္ဘဝဂ် ၄၅-အန္တဇာတ် ဒေဝဒတ်၊ ကောကာလိကတို့ ဂုဏ်မဲ့အချင်းချင်း ဂုဏ်တင် သားတွင် မြေခွေး၊ ငှက်တွင် ကျီး၊ သစ်ပင်တွင် ကြက်ဆူ – ယုတ်မာ မြေခွေး=ဒေဝဒတ်၊ ရုက္ခစိုးနတ်=မြတ်စွာဘုရား
စတုက္ကနိပါတ်၊ ၁-ကာလိင်္ဂဝဂ် ၈-သကုဏဇာတ် ကျေးဇူးမသိတတ်သော ဒေဝဒတ် အရိုးမျက်သော ခြင်္သေ့နှင့် သစ်တောက်လောက်ငှက် ခြင်္သေ့=ဒေဝဒတ်၊ သစ်တောက်လောက်ငှက်=မြတ်စွာဘုရား
စတုက္ကနိပါတ်၊ ၂-ပုစိမန္ဒဝဂ် ၁၃-ခန္တီဝါဒီဇာတ် ဒေါသကြီးသော ရဟန်း ခြေ လက် နား နှာခေါင်းတို့ကို ဖြတ်သော်လည်း စိတ်မဆိုး ကလာဗုမင်း=ဒေဝဒတ်၊ ခန္တီဝါဒီရသေ့=မြတ်စွာဘုရား
စတုက္ကနိပါတ်၊ ၃-ကုဋိဒူသကဝဂ် ၂၆-ကက္ကာရုဇာတ် သံဃာသင်းခွဲသော ဒေဝဒတ် သွေးပူအန် နတ်ပန်းခိုင်ကို မိမိနှင့်မတန်ဘဲ လိမ်ညာပန်ခြင်း ပုဏ္ဏား=ဒေဝဒတ်၊ ပညာရှိနတ်သား=မြတ်စွာဘုရား
စတုက္ကနိပါတ်၊ ၃-ကုဋိဒူသကဝဂ် ၂၉-ကာဠဗာဟုဇာတ် ဘုရားကို နာဠာဂိရိဆင်နှင့် တိုက်၍ လာဘ်ပျက်သော ဒေဝဒတ် တောတွင်းမျောက်ညို နန်းကိုရောက်လည်း လာဘ်မမြဲ မျောက်=ဒေဝဒတ်၊ ကျေးသား=မြတ်စွာဘုရား
စတုက္ကနိပါတ်၊ ၄-ကောကိလဝဂ် ၃၅-ဇမ္ဗုကဇာတ် ဘုရားအတုပြုသူ ဒေဝဒတ်ကို ကောကာလိက ဒူးနှင့်တိုက် ခြင်္သေ့အတုလိုက်ကာ မာန်ဟုန်ပြင်း၍ ဆင်နင်းခံရ မြေခွေး=ဒေဝဒတ်၊ ခြင်္သေ့=မြတ်စွာဘုရား
စတုက္ကနိပါတ်၊ ၅-စူဠကုဏာလဝဂ် ၄၂-ဝါနရဇာတ် မြတ်စွာဘုရားအား သေကြောင်းကြံသော ဒေဝဒတ် မျောက်ကို သေကြောင်းကြံသော မိကျောင်း မိကျောင်း=ဒေဝဒတ်၊ မျောက်မင်း=မြတ်စွာဘုရား
ပဉ္စကနိပါတ်၊ ၁-မဏိကုဏ္ဍလဝဂ် ၃-ဝေနသာခဇာတ် ထူးဆန်းသော ပြာသာဒ်ကို ဆောက်စေပြီး လက်သမားမျက်စိကို ဖောက်သောမင်းသား မင်းတစ်ထောင်တို့၏ မျက်စိကိုဖောက်သောမင်း မျက်စိကန်း၍ ငရဲကျ ပုရောဟိတ်=ဒေဝဒတ်၊ ဒိသာပါမောက္ခဆရာ=မြတ်စွာဘုရား
ပဉ္စကနိပါတ်၊ ၁-မဏိကုဏ္ဍလဝဂ် ၇-လဋုကိကဇာတ် ရုန့်ရင်းကြမ်းတမ်း သနားမရှိ အနိုင်ကျင့်တတ်သော ဒေဝဒတ် ကျီး၊ ယင်၊ ဖားတို့နှင့်ပေါင်း၍ ဆင်ကြမ်းကို သတ်သော နှံပြည်စုတ် ဆင်=ဒေဝဒတ်၊ ဆင်မင်း=မြတ်စွာဘုရား
ပဉ္စကနိပါတ်၊ ၁-မဏိကုဏ္ဍလဝဂ် ၈-စူဠဓမ္မပါလဇာတ် ဘုရားရှင်အား သတ်ရန် နည်းမျိုးစုံဖြင့် ကြံစည်သော ဒေဝဒတ် ဘုရားလောင်းသားကို သတ်၍ သန်လျက်ပန်းပြုသောမင်း မြေမျိုခံရ မဟာပတာပမင်း=ဒေဝဒတ်၊ ဓမ္မပါလမင်းသား=မြတ်စွာဘုရား
ပဉ္စကနိပါတ်၊ ၂-ဝဏ္ဏရောဟဝဂ် ၁၇-သာဠိယဇာတ် ဒေဝဒတ်သည် မြတ်စွာဘုရားအား ထိတ်လန့်ခြင်းကို မဖြစ်စေနိုင် သူတပါးကို မကောင်းကြံ၍ ကိုယ်သာခံရသော ဆေးဆရာ ဆေးသမား=ဒေဝဒတ်၊ ပညာရှိသူငယ်=မြတ်စွာဘုရား
ဆက္ကနိပါတ်၊ ၂-ခရပုတ္တဝဂ် ၁၄-သုဝဏ္ဏကက္ကဋကဇာတ် အရှင်အာနန္ဒာ မြတ်စွာဘုရားအတွက် အသက်ကို စွန့်ခြင်း ကျီးနှင့်မြွေကို သတ်၍ ကျေးဇူးဆပ်သော ရွှေပုစွန် ကျီး=ဒေဝဒတ်၊ ပုဏ္ဏား=မြတ်စွာဘုရား
သတ္တကနိပါတ်၊ ၁-ကုက္ကုဝဂ် ၂-မနောဇဇာတ် ဆန့်ကျင်ဘက်ကို ပေါင်းသောရဟန်း ဖခင်စကားမနာယူဘဲ မြေခွေးယုတ်ကို ပေါင်းသောခြင်္သေ့ မြားဒဏ်ဝင် မြေခွေး=ဒေဝဒတ်၊ ဖခင်ခြင်္သေ့မင်း=မြတ်စွာဘုရား
သတ္တကနိပါတ်၊ ၁-ကုက္ကုဝဂ် ၉-ကပိဇာတ် ဒေဝဒတ်ကို မြေမျိုခြင်းစကား ပညာမဲ့သောမျောက်မိုက်ကိုပေါင်းသော မျောက်များ အတူသေကြရ မျောက်မိုက်=ဒေဝဒတ်၊ ပညာရှိမျောက်မင်း=မြတ်စွာဘုရား
သတ္တကနိပါတ်၊ ၂-ဂန္ဓာရဝဂ် ၁၂-မဟာကပိဇာတ် မြတ်စွာဘုရား ဆွေတော်မျိုးတော်တို့အတွက် ကျင့်ခြင်း မျောက်အပေါင်းတို့ အသက်ကို ကယ်သော မျောက်မင်း ပြစ်မှားသောမျောက်=ဒေဝဒတ်၊ မျောက်မင်း=မြတ်စွာဘုရား
သတ္တကနိပါတ်၊ ၂-ဂန္ဓာရဝဂ် ၂၁-ပရန္တဇာတ် မြတ်စွာဘုရားအား သတ်ရန် ဒေဝဒတ်လုံ့လပြုခြင်း ကျွန်နှင့်ဖောက်ပြားသော မိဖုရားကြောင့် ဘုရင်လုပ်ကြံခံရ အဖမင်း=ဒေဝဒတ်၊ မင်းသား=မြတ်စွာဘုရား
အဋ္ဌကနိပါတ်၊ ၁-ကစ္စာနီဝဂ် ၆-စေတိယဇာတ် မုသားစကားပြောသော ဒေဝဒတ် မြေမျိုခံရ ခုနစ်ကြိမ်တိတိ မုသားစကားဆိုသော စေတိယမင်း မြေမျို စေတိယမင်း=ဒေဝဒတ်၊ ကပိလပုဏ္ဏား=မြတ်စွာဘုရား
နဝကနိပါတ် ၁၂-တိတ္တိရဇာတ် ဒေဝဒတ် အရှက်မရှိကြောင်း၊ အဇာတသတ်နှင့်ပေါင်း၍ ဘုရားအား သေကြောင်းကြံစည်ခြင်းစကား ဖွတ်ငယ်၊ ခါနှင့် နွားငယ်တို့ကို သတ်စားသော ရသေ့ယုတ် ကျားကုတ်၍ သေ ရသေ့ယုတ်=ဒေဝဒတ်၊ ခါပညာရှိ=မြတ်စွာဘုရား
ဒသကနိပါတ် ၇-နိဂြောဓဇာတ် ဘုရားရှင်၏ ကျေးဇူးကို မသိတတ်သော ဒေဝဒတ် ကျေးဇူးရှင်ကို ကျေးဇူးကန်းသူ စစ်သူကြီး ရာထူးချခံရ သာခစစ်သူကြီး=ဒေဝဒတ်၊ နိဂြောဓမင်း=မြတ်စွာဘုရား
ဒသကနိပါတ် ၁၀-ကုက္ကုဋဇာတ် ဒေဝဒတ်သည် လေးသမားစသည်တို့ကို လွှတ်၍ ဘုရားကိုသတ်ရန် ကြံမှု ကြက်မင်းအား စားရန် လှည့်စားသော်လည်း မရ၍ စွန်ပြေးရခြင်း စွန်=ဒေဝဒတ်၊ ကြက်မင်း=မြတ်စွာဘုရား
ဧကာဒသကနိပါတ် ၁-မာတုပေါသကဇာတ် အမိအားလုပ်ကျွေးသော မထေရ်တစ်ပါး အမိကိုလုပ်ကျွေးသော ဆင်ဖြူတော် မင်းဖမ်းယူခြင်းမှ ပြန်လွတ်ရ ယုတ်မာသောယောက်ျား=ဒေဝဒတ်၊ ဆင်ဖြူတော်မင်း=မြတ်စွာဘုရား
ဧကာဒသကနိပါတ် ၃-ဓမ္မဒေဝပုတ္တဇာတ် ဘုရားရှင်၏ သာသနာစက်ကို ဆန့်ကျင်သော ဒေဝဒတ် မြေမျို တရားကျင့်သောနတ်သားအား စိတ်ထိုးလိုသောနတ်သား မြေမျိုခံရ အဓမ္မနတ်သား=ဒေဝဒတ်၊ ဓမ္မနတ်သား=မြတ်စွာဘုရား
ဒွါဒသကနိပါတ် ၃-သမုဒ္ဒဝါဏိဇာတ် ဒေဝဒတ်မြေမျိုခံရ၍ နောက်လိုက်ငါးရာတို့ပါ အဝီစိငရဲသို့ရောက် ပစ္စုပ္ပန်ချမ်းသာကို ကပ်ငြိသော လက်သမားမိုက် ပရိသတ်နှင့်တကွ ပျက်စီး လက်သမားမိုက်=ဒေဝဒတ်၊ ပညာရှိလက်သမား=မြတ်စွာဘုရား
ဒွါဒသကနိပါတ် ၉-မဟာပဒုမဇာတ် စိဉ္စမာဏဝိကာ(စိဉ္စမာဏ) ဘုရားကို စွပ်စွဲ၍ မြေမျိုခံရ သူတပါး မကောင်းကြံ ကိုယ်သာခံရသော မိဖုရားကြီး ခမည်းတော်ဗြဟ္မဒတ်မင်း=ဒေဝဒတ်၊ မဟာပဒုမမင်းသား=မြတ်စွာဘုရား
တေရသကနိပါတ် ၁-အမ္ဗဇာတ် ဆရာဘုရားကို ပစ်ပယ်၊ သံဃာကို ခွဲသော ဒေဝဒတ် မြေမျို မန္တန်ပေးသည့် ဆရာကို ပစ်ပယ်၍ ပျက်စီးသူ ကျေးဇူးမသိလုလင်=ဒေဝဒတ်၊ ဒွန်းစဏ္ဍားသား=မြတ်စွာဘုရား
တေရသကနိပါတ် ၉-ရုရုမိဂဇာတ် ကျေးဇူးရှိသော ဘုရားရှင်၏ ကျေးဇူးကိုပင် မသိတတ်သော ဒေဝဒတ် အသက်ကိုကယ်ဖူးသော ကျေးဇူးကိုပင် မသိသူ ဥစ္စာပျက်သူဌေးသား သူဌေးသား=ဒေဝဒတ်၊ ဆတ်မင်း=မြတ်စွာဘုရား
ပကိဏ္ဏကနိပါတ် ၂-စန္ဒကိန္နရီဇာတ် ဘုရားရှင် နေပြည်တော်သို့ ကြွပြီး အဂ္ဂသာဝကအစုံနှင့် ယသောဓရာအဆောင်သို့ ဝင်ခြင်း ကိန္နရာ ကိန္နရီမောင်နှံတို့၏ ဇာတ်လမ်း ဗာရာဏသီမင်း=ဒေဝဒတ်၊ စန္ဒကိန္နရာ=မြတ်စွာဘုရား
ပကိဏ္ဏကနိပါတ် ၉-တစ္ဆကသူကရဇာတ် ဓနုဂ္ဂဟတိဿမထေရ်၏ စစ်ဆင်နည်းသုံးမျိုး တစ္ဆကဝက်၏ ပဒုမဗျူဟာစစ်ဆင်နည်းဖြင့် ကျားကိုနိုင် ရသေ့စဉ်းလဲ=ဒေဝဒတ်၊ ရုက္ခစိုးနတ်=မြတ်စွာဘုရား
ဝီသတိနိပါတ် ၇-သတ္တိဂုမ္ဗဇာတ် ဘုရားကိုသတ်ရန် ဒေဝဒတ်လှိမ့်ချသော ကျောက်လွှာဒဏ်ရာ ဇီဝကခွဲကုရ ပတ်ဝန်းကျင်ကောင်းလျှင် သူကောင်းဖြစ်၊ မကောင်းလျှင် သူဆိုးဖြစ် သတ္တိဂုမ္ဗကျေးသား=ဒေဝဒတ်၊ ပုပ္ဖကကျေးသား=မြတ်စွာဘုရား
ဝီသတိနိပါတ် ၉-သောမနဿဇာတ် ဘုရားအား သတ်ရန် ဒေဝဒတ်အားထုတ်ခြင်း သူတပါးမကောင်းကြံသော ရသေ့စဉ်းလဲ ရသေ့စဉ်းလဲ=ဒေဝဒတ်၊ သောမနဿမင်း=မြတ်စွာဘုရား
ဝီသတိနိပါတ် ၁၀-စမ္ပေယျဇာတ် ဥပုသ်စောင့်သုံးခြင်းသည် ကောင်းမွန်ကြောင်း ဘုရားဟော နဂါးမင်းစည်းစိမ်ကို စွန့်၍ လူ့ပြည်၌ ဥပုသ်စောင့်ခြင်း အလမ္ပာယ်ပုဏ္ဏား=ဒေဝဒတ်၊ နဂါးမင်း=မြတ်စွာဘုရား
တိံသနိပါတ် ၄-ဆဒ္ဒန္တဇာတ် ဘဝတစ်ခုမှ လင်၏အပြစ်အနည်းငယ်ဖြင့် ဒုတိယဘဝမှ သတ်စေခဲ့ဖူးသော ရဟန်းမ မိမိကိုသတ်သူအား အစွယ်ကို လှူသော ဆင်မင်း သောဏုတ္တရမုဆိုး=ဒေဝဒတ်၊ ဆဒ္ဒန္တဆင်မင်း=မြတ်စွာဘုရား
တိံသနိပါတ် ၆-မဟာကပိဇာတ် ဘုရားရှင်အား သေကြောင်းကြံသူ ဒေဝဒတ် ကယ်တင်ရှင်မျောက်မင်း ပြစ်မှား၍ နူနာစွဲပြီး မြေမျို လူပြိတ္တာ=ဒေဝဒတ်၊ မျောက်မင်း=မြတ်စွာဘုရား
တိံသနိပါတ် ၈-ပဏ္ဍရနာဂရာဇဇာတ် မုသာဝါဒကြောင့် မြေမျိုခြင်းအကြောင်း နဂါမင်းနှင့် သီလမရှိသော တက္ကတွန်း အစေလကတက္ကတွန်း=ဒေဝဒတ်၊ ဂဠုန်မင်း=မြတ်စွာဘုရား
မဟောသဓဇာတ်တော်ကြီး ကေဝဋ်ပုဏ္ဏား=ဒေဝဒတ်၊ မဟောသဓမင်းသား=မြတ်စွာဘုရား
ဘူရိဒတ်ဇာတ်တော်ကြီး မုဆိုးပုဏ္ဏား=ဒေဝဒတ်၊ ဘူရိဒတ်နဂါးမင်း=မြတ်စွာဘုရား
စန္ဒကုမာရဇာတ်တော်ကြီး ခဏ္ဍဟာလပုဏ္ဏား=ဒေဝဒတ်၊ စန္ဒကုမာရမင်းသား=မြတ်စွာဘုရား
နာရဒဇာတ်တော်ကြီး အလာတအမတ်=ဒေဝဒတ်၊ နာရဒမင်း=မြတ်စွာဘုရား
ဝေဿန္တရာဇာတ်တော်ကြီး ဇူဇကာပုဏ္ဏား=ဒေဝဒတ်၊ ဝေဿန္တရာမင်းကြီး=မြတ်စွာဘုရား

Leave a Reply