“ဘုရားတိုင်းရဲ့ အမှာစကား” – မဇ္ဈိမဂုဏ်ရည်ဆရာတော်

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၄-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းပြ ဆရာတော်များ အဝေးသို့ ရောက်ရှိနေကြသဖြင့် အပတ်စဉ် ဓမ္မသင်တန်းများ မရှိပေ။

မွန်းလွဲပိုင်းတွင် ဆရာတော် အရှင်ဝိမလက ကိုရင်နှင့် ကလေးများအား တရားရှုမှတ်ပုံ သင်ပြပေး၏။

ညနေ ၆-နာရီတွင် မဇ္ဈိမဂုဏ်ရည်ဆရာတော်က သမထဘာဝနာအကြောင်း “ဘုရားတိုင်းရဲ့ အမှာစကား”တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

+++++

စတုရာရက္ခဘာဝနာ (ကိုယ်စောင့်ဘာဝနာ ၄-ပါး)

၁။ ဂုဏ်တော်ပွားများပုံ

အရဟံ – လူ,နတ်,ဗြဟ္မာ သတ္တဝါတို့၏ အလှူတော် အတန်တန် အပူဇော်မှန်သမျှကို ခံယူတော်မူထိုက်ပါသော မြတ်စွာဘုရား။

၂။ မေတ္တာပွားများပုံ

အရှေ့ အနောက် တောင် မြောက် ဝဲ ယာ ထက် အောက် ဒိသာ အနန္တစကြဝဠာအတွင်း၌ ရှိကြကုန်သော အားလုံးသော သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာဖြင့်၊ ချမ်းသာစွာဖြင့်၊ မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ၊ အစစ အရာရာ အဆင်ပြေကြပါစေ။

၃။ အသုဘကမ္မဋ္ဌာန်း စီးဖြန်းပုံ

ငါ၏ကိုယ်မှာ
နံ့သာမွှေးကြိုင်
မြဲခိုင်လှစွာ
ကောင်းရာမမြင်
ဆံပင်သာရှိ
မွေးညင်းရှိ၏
ရှိသည့် လက်သည်း
ခြေအသည်းနှင့်
သွားလည်းတထွေ
အရေတမျိုး
ညှီနံ့ဆိုးသည်
အသိုးအပုပ်ကြီးပါတကား။

၎။ သေခြင်းတရား ဆင်ခြင်ပုံ

ငါသည် တနေ့နေ့ တချိန်ချိန်မှာ မုချသေရမည်။
ငါ၏အသက်ရှင်ခြင်းသည် မမြဲလေစွတကား။
သေခြင်းသည်သာ မြဲလှပေစွတကား။
ငါ၏အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးရှိချေစွတကား။
မသေခင်မှာ ဘာဝနာ ကောင်းစွာပွားပါမည်။

Leave a Reply