ပွတ်ဆရာနှင့် တပည့်

ဘိက္ခဝေရဟန်းတို့
သေယျထာပိဥပမာအားဖြင့်
ဒက္ခောကျွမ်းကျင်လိမ္မာသော
ဘမကာရော ဝါပွတ်ဆရာဖြစ်စေ
ဘမကာရန္တေဝါသီ ဝါ ပွတ်ဆရာ၏ တပည့်ဖြစ်စေ
ဒီဃံ ဝါ အဉ္ဆန္တောပွတ်ကြိုးကို ရှည်ရှည် ဆွဲငင်လျှင်လည်း
ဒီဃံ အဉ္ဆာမီတိ ရှည်ရှည် ဆွဲငင်သည်ဟု
ပဇာနာတိ သေယျထာပိသိသကဲ့သို့လည်းကောင်း
ရဿံ ဝါ အဉ္ဆန္တောပွတ်ကြိုးကို တိုတို ဆွဲငင်လျှင်လည်းကောင်း
ရဿံ အဉ္ဆာမီတိတိုတို ဆွဲငင်သည်ဟု
ပဇာနာတိ သေယျထာပိသိသကဲ့သို့လည်းကောင်း
ဘိက္ခဝေ ရဟန်းတို့
ဧဝမေဝ ခေါဤပွတ်ဆွဲသမားနှင့် အလားတူစွာပင်လျှင်
ဘိက္ခု ဝင်သက်ထွက်သက် နှစ်ခု၌ အမှတ်ပြုနေသော ရဟန်းသည်
ဒီဃံ ဝါ အဿသန္တောရှည်ရှည် ရှူလျှင်လည်း
ဒီဃံ အဿသာမီတိရှည်ရှည် ရှူသည်ဟု
ပဇာနာတိသိ၏
ဒီဃံ ဝါ ပဿသန္တောရှည်ရှည် ရှိုက်လျှင်လည်း
ဒီဃံ ပဿသာမီတိရှည်ရှည် ရှိုက်သည်ဟု
ပဇာနာတိသိ၏
ရဿံ ဝါ အဿသန္တောတိုတို ရှူလျှင်လည်း
ရဿံ အဿသာမီတိတိုတို ရှူသည်ဟု
ပဇာနာတိသိ၏
ရဿံ ဝါ ပဿသန္တောတိုတို ရှိုက်လျှင်လည်း
ရဿံ ပဿသာမီတိတိုတို ရှိုက်သည်ဟု
ပဇာနာတိသိ၏

(မဟာသတိပဋ္ဌာနသုတ်)

Leave a Reply