14 April 2013

ပါဝေယျကာဇီဝကဝတ္ထု၊ ရူပသမုဋ္ဌာန နှင့် သာသနာတော်အကျိုး လောကအကျိုး

၂၀၁၃ ခုနှစ် ဧပြီလ ၁၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

မွန်းလွဲ ၃း၁၅ နာရီတွင် ဓမ္မပဒ၊ ပုပ္ဖ၀ဂ် ဂါထာ ၅၀ – ပါဝေယျကာဇီဝက၀တ္ထုအကြောင်းကို ဦးဥဂ္ဂပဏ္ဍိတကလည်းကောင်း၊ ၄း၃၀ နာရီတွင် ဦးဥဂ္ဂပဏ္ဍိတကပင် အဘိဓမ္မာ၊ ရုပ်ပိုင်း – ရူပသမုဋ္ဌာနကိုလည်းကောင်း ပို့ချ သင်ကြားပေး၏။

ညနေဆည်းဆာ လောကချမ်းသာတရားပွဲအဖြစ် ဆရာတော် အရှင်ဝိမလက `သာသနာတော်အကျိုး လောကအကျိုး´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

IMG_1696

IMG_1698

IMG_1699

IMG_1702

IMG_1704

IMG_1706

၂၀၁၃ ခုနှစ် ဧပြီလ ၁၄-ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်မည့် `မြန်မာနှစ်သစ်ကူး ဆုတောင်း မေတ္တာပို့သပွဲ´အတွက် လုပ်အားပေးကြစဉ် –

IMG_1707

IMG_1709