2 June 2013

ရုပ်ဖြစ်စဉ်၊ ဝိသာခါဝတ္ထုနှင့် `ဘဝရထား မနားသေးခင်´

၂၀၁၃ ခုနှစ် ဇွန်လ (၁)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းများနှင့် တရားပွဲများ ကျင်းပ ပြုလုပ်ရာ –

မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာ၊ ရုပ်ပိုင်း – ရုပ်ဖြစ်စဉ်အကြောင်းကိုလည်းကောင်း –

ညနေ ၄ နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် ဓမ္မပဒ၊ ပုပ္ဖဝဂ် – ဂါထာ ၅၃ ဝိသာခါဝတ္ထုအကြောင်းကိုလည်းကောင်း သင်ကြား ပို့ချပြီး၊

ညနေ ၇ နာရီ လောကချမ်းသာ ဆည်းဆာဓမ္မသဘင်အဖြစ် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒက `ဘဝရထား မနားသေးခင်´တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။

DSC04814