23 June 2013

ဒုက္ခ၏ အဆုံးအစကို ဗုဒ္ဓ၏ အဆုံးအမဖြင့် သိနိုင်သည် – အရှင်ဝိမလ

၂၀၁၃ ခုနှစ် ဇွန်လ (၂၂)ရက် စနေနေ့တွင် နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၌ တရားရှုမှတ်ခြင်းနှင့် တရားပွဲများ ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

DSC04829

ဓမ္မပဒနှင့် အဘိဓမ္မာဆိုင်ရာ ဓမ္မသင်တန်းပြ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတမှာ မေရီလင်းပြည်နယ်သို့ ကြွရောက်နေသဖြင့် ဓမ္မသင်တန်းများ မရှိဘဲ ညနေ ဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ဝိမလက `ဒုက္ခ၏ အဆုံးအစကို ဗုဒ္ဓ၏ အဆုံးအမဖြင့် သိနိုင်သည်´တရားတော်ကို ဓမ္မဒါနပြု ဟောကြားလေသည်။

DSC04831