29 August 2013

အာနန္ဒတ္ထေရပဉှာဝတ္ထု၊ ဗောဓိပက္ခိယသင်္ဂဟနှင့် ဗဟုကာရသုတ္တန်တရားတော်

၂၀၁၃-ခုနှစ် သြဂုတ်လ (၁၇)ရက် စနေနေ့၊ လောကချမ်းသာ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၃-နာရီ ၁၅-မိနစ်တွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပုပ္ဖ၀ဂ်၊ ဂါထာ ၅၄-၅၅ `အာနန္ဒတ္ထေရပဉှာဝတ္ထု´ကိုလည်းကောင်း၊ မွန်းလွဲ ၄ နာရီခွဲမှ ၅း၁၅ နာရီထိ အရှင်ဉာဏိဿရ(မော်လူး)က အဘိဓမ္မာခုနစ်ကျမ်းအနက် ဓမ္မသင်္ဂဏီကျမ်း ကောက်နုတ်ချက်ကိုလည်းကောင်း၊ ညနေ ၅ နာရီခွဲမှ ၆း၁၅ နာရီထိ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာသင်တန်း၊ သမုစ္စည်းပိုင်း၊ ဗောဓိပက္ခိယသင်္ဂဟကိုလည်းကောင်း သင်ကြား ပို့ချပေးကြ၏။

လောကချမ်းသာဆရာတော်က မွန်းလွဲ ၂ နာရီမှ ၃ နာရီ၊ တရားရှုမှတ်စဉ် ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်ပြီး၊ ညနေ ၆ နာရီခွဲ လောကချမ်းသာဆည်းဆာတရားပွဲတွင် အရှင်ဉာဏိဿရ(မော်လူး)က `ဗဟုကာရသုတ္တန်တရားတော်´ကို ဓမ္မဒါနပြု ဟောကြား၏။

DSC00185

DSC00187

DSC00190

DSC00193

DSC00188

DSC00218