13 September 2013

ဂေါဓိကတ္ထေရပရိနိဗ္ဗာန၀တ္ထု၊ ပစ္စည်းပိုင်း(ပဋိစ္စသမုပ္ပါဒ်)နှင့် `မသေဆေး ရှာပုံတော်´

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၇-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများနှင့် လောကချမ်းသာဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်ရာ –
မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာ တရားတော်ကို ဟောကြား ချီးမြှင့်၏။

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီထိ ဓမ္မပဒသင်တန်းတွင် ဆရာတော်ဦးဥဂ္ဂပဏ္ဍိတက ပုပ္ဖ၀ဂ်၊ ဂါထာ ၅၇-ဂေါဓိကတ္ထေရပရိနိဗ္ဗာန၀တ္ထုကိုလည်းကောင်း၊ ၄း၄၅ နာရီတွင် ဆရာတော်ဦးဥဂ္ဂပဏ္ဍိတကပင် ဓာတုကထာကျမ်း ကောက်နုတ်ချက်နှင့် အဘိဓမ္မာသင်တန်း၊ ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်ကိုလည်းကောင်း သင်ပြ ပို့ချပေး၏။

လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် ညနေ ၇-နာရီတွင် (၁၁)ပါးမြောက် တိပိဋကဓရဆရာတော်၊ ဘဒ္ဒန္တဣန္ဒပါလက `မသေဆေး ရှာပုံတော်´တရားတော်ကို ဟောကြား ဓမ္မဒါနပြု၏။

DSC00269

DSC00272

DSC00275

DSC00277

DSC00289

DSC00291

DSC00293