29 April 2014

ဝိသုဒ္ဓိမဂ်မိတ်ဆက် (၁၀)၊ သဋ္ဌိကူဋပေတဝတ္ထုနှင့် `လောကချမ်းသာ´

၂၀၁၄-ခုနှစ် ဧပြီလ ၁၂-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကွယ်လွန်သူ ဒေါ်တင်ယု (၉၄-နှစ်)၊ ဒေါ်စန်းစန်းခိုင် (၈၅-နှစ်)တို့အား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။ ဒေါ်တင်ယုမှာ ဓမ္မသင်တန်းသား ဦးကျော်မင်း၏ မိခင်ကြီးဖြစ်ပြီး၊ ဒေါ်စန်းစန်းခိုင်မှာ ဦးရန်နောင်၏ မိခင်ကြီး ဖြစ်ကာ မြန်မာနိုင်ငံ၌ ကွယ်လွန် အနိစ္စရောက်ကြ၏။

မွန်းလွဲပိုင်း လောကချမ်းသာ ဓမ္မသင်တန်းများတွင် ဆရာတော် အရှင်ဝဏ္ဏိတက ဝိသုဒ္ဓိမဂ်မိတ်ဆက် အပိုင်း(၁၀) အဆုံးပိုင်းကိုလည်းကောင်း၊ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ဗာလဝဂ်၊ ဂါထာ ၇၂-သဋ္ဌိကူဋပေတဝတ္ထုကိုလည်းကောင်း သင်ကြား ပို့ချပေးကြပြီး၊ ညနေ လောကချမ်းသာဆည်းဆာတရားပွဲဝယ် အရှင်ပညာဇောတက `လောကချမ်းသာ´တရားတော်ကို ဓမ္မဒါနပြု ဟောကြားလေသည်။

DSC01709 (1024x768)

DSC01710 (1024x768)

DSC01715 (1024x768)

DSC01720 (1024x668)

DSC01730 (1024x768)