ကျောက်တော်ကြီးဆရာတော် လောကချမ်းသာဘုရားကျောင်းသို့ ရောက်ရှိ

အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော်၊ တောင်သမန်ကျောက်တော်ကြီး ကျောင်းတိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂဝံသ ဆရာတော်ကြီးသည် နောက်ပါ ဆရာတော်အဖြစ် ကယ်လီဖိုးနီးယားပြည်နယ်၊ အဇူဇာ၊ သုန္ဒရာရာမ ဗြဟ္မဝိဟာရကျောင်း ဆရာတော် အရှင်ဧသက လိုက်ပါလျက် လောကချမ်းသာဘုရားကျောင်းတော်သို့ ၂၀၁၀ ခုနှစ် မေလ ၂ ရက် တနင်္ဂနွေနေ့၌ ရောက်ရှိ သီတင်းသုံးလျက် ရှိပါသည်။

ဆရာတော်ကြီးသည် နယူးယောက်မြို့သို့ ရောက်ရှိနေခိုက် အော်ဘနီ၊ ဘတ်ဖဲလိုး၊ ဘော်စတွန်မြို့များသို့လည်း ကြွရောက်မည် ဖြစ်ပြီး၊ မေလ ၁၃ ရက်နေ့တွင် ကယ်လီဖိုးနီးယားသို့ ပြန်လည် ကြွရောက်ပါမည်။

ဆရာတော်ကြီးသည် သက်သတ်လွတ်ဆွမ်း ဘုဉ်းပေးပြီး၊ ဆရာတော်ကြီးအား ဆွမ်းကပ်လိုသူများ, ဖူးမြင်လိုသူများသည် လောကချမ်းသာဘုရားကျောင်း၊ တယ်လီဖုန်း (၇၁၈) ၆၂၂-၈၀၁၉ သို့ ဆက်သွယ်နိုင်ပါသည်။

Leave a Reply