အေဘီဘီအေ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော် (၉-မေ-၂၀၁၀)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ “မြတ်ဗုဒ္ဓ၏ မွေးဖွားတော်မူသော နေ့၊ ဘုရားဖြစ်တော်မူသော နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသော နေ့” နေ့ကြီး သုံးနေ့ကို အထိမ်းအမှတ်ပြုကာ နှစ်စဉ် ပူဇော် ကျင်းပ ပြုလုပ်မြဲဖြစ်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်ကို ၂၀၁၀ ခုနှစ် မေလ ၉ ရက် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပါသည်။

နံနက် ၁၀ နာရီခွဲတွင် ဗုဒ္ဓပူဇာသဘင် ဆင်ယင်ကျင်းပပြီး ဘုရားရှင်အား ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး၊ ဆွမ်းတို့ဖြင့် ကပ်လှူ ပူဇော်ကြ၏။

နံနက် ၁၁ နာရီတွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ ဧည့်ပရိသတ်များအား မြန်မာထမင်းဟင်း၊ မြန်မာမုန့်များ၊ ကလေးများအတွက် စားဖွယ်ရာများဖြင့် ဧည့်ခံ ကျွေးမွေးကြပါသည်။

ပွဲတော် အစားအသောက်အတွက် အလှူရှင်များမှာ “ဒေါက်တာသန့်ဇင်-စန္ဒရာဇင်၊ ဒေါက်တာမောင်မောင်ဦး-လီလီဝင်း”တို့ ဖြစ်၏။

မွန်းလွဲ ၁ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ခေတ္တရောက်ရှိ သီတင်းသုံးနေသော အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော်၊ တောင်သမန်ကျောက်တော်ကြီး ကျောင်းတိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂဝံသ ဆရာတော်ကြီးက အနုမောဒနာတရား ဟောကြား ချီးမြှင့်ကာ၊ ဘုန်းကြီး ဦးအဘယာလင်္ကာရက ရေစက်ချ ကောင်းမှုကုသိုလ် အမျှဝေခြင်း အစီအစဉ်ကို ဆောင်ရွက်ပေးလေသည်။

+++++
ဓာတ်ပုံ – မေတ္တာမိုး (လောကချမ်းသာ)နှင့် ဆရာစိန်

Leave a Reply