14 March 2016

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၁၂-မတ်-၂၀၁၆)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၆-ခုနှစ် မတ်လ (၁၂)ရက် စနေနေ့တွင် ဓမ္မသင်တန်းများကို ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃-နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ ဂါထာ ၁၂၉ မှ ဂါထာ ၁၃၂၊ ဂါထာ ၂၃၁ မှ ၂၃၄ တို့ကို သင်ကြား ပို့ချပေးပြီး၊

ဆရာတော် အရှင်ပညာဇောတက ဆဆက္ကသုတ် ဒုတိယပိုင်းကို သင်ကြားပေးကာ၊

ညနေ ဆည်းဆာတရားပွဲကို ဆရာတော် အရှင်ဝိမလက ဓမ္မဒါနပြု၏။