9 May 2016

လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်းများ (၇-မေ-၂၀၁၆)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၆-ခုနှစ် မေလ (၇)ရက် စနေနေ့၌ ဓမ္မသင်တန်းများကို ပြုလုပ် ကျင်းပရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၃-နာရီခွဲ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒဂါထာ ၁၃၇-၁၄၀ မဟာမောဂ္ဂလ္လာနတ္ထေရ၀တ္ထုကို ပို့ချပေးပြီး –

ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာသင်တန်းနှင့် ဥက္ကစေလသုတ်တို့ကို သင်ကြား ပို့ချပေးသည်။

ညနေ ဆည်းဆာတရားပွဲ မစမီ လယ်တီဆရာတော်ကြီးနှင့် လယ်တီ အရှင်ကေလာသ (ပါဠိပါရဂူ)တို့၏ ဗုဒ္ဓ၀င်လင်္ကာများကို ရွတ်ဆို ပူဇော်ကြပြီး၊

ဆရာတော် အရှင်ဝိမလက တရားဓမ္မဟောကြား ဓမ္မဒါနပြုလေသည်။