23 May 2016

ကဆုန်လပြည့် ဗုဒ္ဓနေ့ (၂၁-မေ-၂၀၁၆)

၂၀၁၆-ခုနှစ် မေလ (၂၁)ရက် စနေနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၈-ခုနှစ် ကဆုန်လပြည့်နေ့ ဖြစ်သောကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ ပူဇော်မှုများအဖြစ် နံနက် ၁၁ နာရီတွင် မြတ်စွာဘုရားရှင်အား ဆီမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်းတို့ဖြင့် ကပ်လှူ ပူဇော်ကြ၏။

ထိုနောက် လောကချမ်းသာဘုရားကျောင်းရှိ သံဃာတော်များအား ဒေါက်တာမြတ်မြတ်မွန်နှင့် မိတ်ဆွေများက နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။

မွန်းလွဲ ၁-နာရီတွင် နယူးယောက်မြို့သို့ ကြွရောက်ရှိနေသော လှိုင်မဟာစည်ဆရာတော်ကြီးက ဆွမ်းအနုမောဒနာတရား ချီးမြှင့်ပြီး –

လှိုင်မဟာစည်ဆရာတော်ကြီးနှင့်အတူ လိုက်ပါလာကြသော ဆရာတော် အရှင်ပညာသာမိနှင့် ဆရာလေး ဒေါ်ကဉ္စနသိရီတို့က လမ်းလျှောက်တရားရှုမှတ်ပုံကို ပြသ သင်ကြားပေးကြ၏။

ညနေ ၄-နာရီတွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ ပူဇော်ပွဲကို ဆက်လက် ကျင်းပ ပြုလုပ်ကာ ကောင်းမှုကုသိုလ် ပွားများကြလေသည်။