မြောက်ဦးဆရာတော်၏ တရားစခန်းနှင့် တရားပွဲ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရတနာမာရ်အောင်တောရဓမ္မရိပ်သာ၏ ကမ္မဋ္ဌာနာစရိယ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင်-

* “လောကချမ်းသာဘုရားကျောင်း” (619 Bergen Street, Brooklyn, NY 11238) ၌ ၂၀၁၀ ခုနှစ် ဇွန်လ ၁၂-၁၃ စနေ-တနင်္ဂနွေနေ့များဝယ် နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီထိလည်းကောင်း၊

* “နန္ဒသစ္စာ ထေရဝါဒ ဗုဒ္ဓဘာသာတရားရိပ်သာ” (2119 West 6th Street, Brooklyn, NY 11223) ၌ ၂၀၁၀ ခုနှစ် ဇွန်လ ၁၄-၂၀ ရက်များဝယ် (တနင်္လာ-သောကြာ = ညနေ ၆ နာရီမှ ၈ နာရီ) နှင့် (စနေ-တနင်္ဂနွေ = နံနက် ၈ နာရီမှ ည ၈ နာရီ)ထိလည်းကောင်း

တရားစခန်းများ၊ တရားပွဲများ ကျင်းပ ပြုလုပ်လျက် ရှိကြောင်း၊ ပြုလုပ်မည့်အကြောင်း သိရှိရ၏။

လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက် သောကြာနေ့ ည ၇ နာရီမှ ၈ နာရီခွဲထိ မြောက်ဦးဆရာတော်မှ တရားစခန်းပွဲအကြို တရားပွဲ ကျင်းပ ပြုလုပ်သွားခဲ့ကြောင်းလည်း သိရှိရ၏။

Leave a Reply