ဝီရိယနည်းသူများအဖို့ ဆုံးမသြဝါဒ


(ပ, ဖ, ဗ, ဘ, မ)

“ဟာ .. ပျင်းလို့ပါကွာ၊
ဟာ … ပျင်းရင်တော့ ဘာမှ မဖြစ်နိုင်ဘူးဟေ့။
‘ပျင်း’ရင်တော့ ‘ဖျင်း’တော့တာပါပဲ၊ ‘ပျင်း’ရင် ‘ဖျင်း’တယ်တဲ့။
‘ဖျင်း’တော့ ဘာဖြစ်တုံး၊ ‘ဖျင်း’တော့ ‘ဗလာနတ္ထိ’တဲ့။
‘ဗလာ’ဖြစ်သွားရင်တော့ ‘ဘေးရောက်’သွားတယ်တဲ့။
‘ဘေးရောက်’သွားတော့ ဘာဖြစ်တုံး၊ ‘မသုံး’တော့ဘူး၊ ‘မြောင်း’ထဲ ကျတယ်။
‘ပ, ဖ, ဗ, ဘ, မ’ကိုး”

အဲသလို ဆရာတော်များက အဆုံးအမ ပေးကြတယ်။
ဒါ ဝီရိယနည်းကြတဲ့ ပုဂ္ဂိုလ်များအတွက် အဆုံးအမများ ပေးတော်မူကြတာပါ။

(ဂန္ထဝင်စာပေမှ ၂၀၀၈ ခု မေလတွင် ပထမအကြိမ် ထုတ်ဝေသော ‘ရေစကြိုဆရာတော်’၏ ‘ဗုဒ္ဓမြတ်စွာ၏ နည်းသမုဒ္ဒရာ-ပဌမတွဲ’ စာ-၁၂၃)

Leave a Reply