ကြိုတင်ပြင်ဆင်မှု – အရှင်ပညာသီဟ
လုပ်ငန်းတခုကို မလုပ်ဆောင်မီ မိမိ၏လုပ်ငန်း အောင်မြင်ရေးအတွက် စနစ်တကျ အကွက်ချ၍ ကြိုတင်ပြင်ဆင်လျှင် ထိုလုပ်ငန်းသည် သက်သာ လွယ်ကူစွာဖြင့် အောင်မြင်ပြီးစီး၍ ပျော်ရွှင်ချမ်းသာမှုကို ပေးသည်။
ကြိုတင်ပြင်ဆင်မှု မပြုဘဲ လုပ်ငန်းတခုကို လုပ်ဆောင်ပါက ထိုလုပ်ငန်းသည် အောင်မြင်ချင်မှ အောင်မြင်မည်။ အောင်မြင်မှု နှောင့်နှေးခြင်းသော်လည်း ဖြစ်နိုင်သည်။
မိမိတို့ကဲ့သို့ လူသာမန်များ မဆိုထားဘိ သုံးလောကထွဋ်ထား မြတ်စွာဘုရားသည်ပင်လျှင် ဘုရားအဖြစ်သို့ရောက်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရ၏။
တဘဝတည်း တထိုင်တည်းနှင့် ဘုရားအဖြစ်ကို ရသည် မဟုတ်။
ဒီပင်္ကရာမြတ်ဘုရား ခြေတော်ရင်း၌ ဘုရားဖြစ်ရန် ဗျာဒိတ်ပန်ခဲ့စဉ်မှ စ၍ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီး ငါးပါးတို့ကို ပြုလုပ်ခဲ့ခြင်းသည် ဘုရားဖြစ်ရန် ကြိုတင် ပြင်ဆင်ခဲ့ရခြင်းပင် ဖြစ်သည်။
ထို ကြိုတင်ပြင်မှုကောင်းများ၏ ရလဒ်ကြောင့် ကိုယ်တော်တိုင် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိကာ နိဗ္ဗာန်ချမ်းသာကို တွေ့ရှိ […]