နှိုင်းနှိုင်းချိန်ချိန် သုခမိန်

ဆရာနှင့်တပည့်၊ မိဘနှင့်သားသမီး၊ လူကြီးနှင့်လူငယ်၊ ဝယ်သူနှင့်အရောင်းသမား၊ အုပ်ချုပ်ခံလူတန်းစားနှင့် အုပ်ချုပ်သူ၊ မိတ်ဆွေအချင်းချင်း စသည့် တဦးနှင့်တဦး ကူးလူးဆက်ဆံနေရသည့် လူ့ဘဝတွင် အချင်းချင်း ယုံကြည်မှုရှိခြင်းသည် များစွာ အရေးပါသည်။
ယုံကြည်မှုသည် လေးစားမှုကို ဖြစ်စေသည်။
လေးစားမှုသည် လိုက်နာမှု ကျင့်သုံးမှုကို ဖြစ်စေသည်။
ယုံကြည်မှုကို အခြေခံ၍ ကျင့်ဝတ် စည်းကမ်း စသည်တို့ကို လေးစား လိုက်နာ ကျင့်သုံးသောအခါ သာယာပျော်ရွှင်မှု တိုးတက်မှု စသော အကျိုးဖြစ်ထွန်းမှု အသီးအပွင့်တို့ကို နယ်ပယ်အသီးသီးတွင် ရယူ ခံစားနိုင်ကြပေသည်။
ယုံကြည်မှုမရှိဘဲ တဦးအပေါ်တဦး သံသယဖြစ်နေလျှင် ပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စသည့် နယ်ပယ်အသီးသီးတို့တွင် အဆင်မပြေမှုများ ဖြစ်ကာ ဆုတ်ယုတ်မှု ပျက်စီးမှု စိတ်ဆင်းရဲမှု စသည့် လူမှုရေးဒုက္ခများနှင့် ရင်ဆိုင်ရတော့သည်။
ထို့ကြောင့် ယုံကြည်မှုသည် များစွာ တန်ဘိုးရှိသည်။
[…]

အေဘီဘီအေဥက္ကဌကြီး ဦးဟန်ကြူ

ဦးဟန်ကြူနဲ့ စသိခြင်း

အေဘီဘီအေအသင်း ဥက္ကဌကြီး ဦးဟန်ကြူအကြောင်းကို တစေ့တစောင်း ပြောပြပါရစေ။

မိမိဟာ ဦးဟန်ကြူနဲ့ ၁၉၈၃-ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့မှ စတင် သိရှိခဲ့ပါတယ်။ သိပုံကတော့ ဒီလိုပါ။ နယူးယောက်မြို့ အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းရဲ့ ပထမဆုံး ဝါဆိုပွဲတော်ကို အဲဒီနှစ် ဇူလိုင်လ (၁၉)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲတော်ကို ကြွရောက်ရန် မိမိအား ဘုန်းကြီးဦးကေလာသမှတဆင့် ပင့်ဖိတ်ခဲ့ပါတယ်။ နယူးယောက် ပင်ဆဲလ်ဗေးနီးယားဘူတာရုံကို ရောက်တဲ့အခါ ဘူတာမှာ အသင့်စောင့်ကြိုနေကြတဲ့ ဦးဟန်ကြူနဲ့ ဦးအောင်ထွန်း(စာရင်းကိုင်)တို့ကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲ တွေ့ရလို့ ဘာမှ အခက်အခဲ မရှိခဲ့ပါဘူး။ မိမိကို တွေ့တွေ့ချင်းပဲ ဦးဟန်ကြူက
“ဒါမှ တို့ဘုန်းကြီး”လို့ ဖော်ဖော်ရွေရွေ နှုတ်ဆက်ပြီး မိမိရဲ့ လက်ဆွဲအိတ်ကို ယူခဲ့ပါတယ်။ သူ့ရဲ့ နှုတ်ဆက်ပုံကို […]

လောကချမ်းသာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်မြတ်ကြီး

လောကတလွှား၊ လူသားပေါင်းစုံ
ကမ္ဘာလောက၊ နေကြဖုံဖုံ
ချမ်းသာသုခ၊ ပြည့်ဝကုံလုံ
သာသနာ့ ပြုကြ ခွင့်ခါကြုံ။

ဓာတ်တော်မွေတော်၊ ပူဇော်ကြကုန်
ပေါင်းသဟာများ၊ ညီထားတူစုံ
စုကာပေါင်းစု၊ ကောင်းမှုဖုံဖုံ
ဆုတောင်းကြ သုခ နိဗ္ဗာန်ဘုံ။

တောင်းတသည့်တိုင်း၊ မဆိုင်းမှန်စွာ
ပြည့်ပြည့်ဝဝ၊ ရကြဖို့ရာ
စေတနာထား၊ ကြိုးစားသူငါ
တီထွင်ကြ ပြုကြ သာသနာ။

တော်ပေစွာ့ ခေါ်ကြ သာဓုပါ။

မြတ်ပုည ပြုကြ ဖန်ခါခါ။

ကြီးပွားရေး အားပေး သာသနာ။ ။

အရှင်စက္ကိန္ဒ
(၂၀၀၁-ခုနှစ် ဧပြီ-မေ၊ လောကချမ်းသာ၊ အတွဲ-၁၁ အမှတ်-၂၊ စာ-၆)

သမိုင်းကွင်းဆက် – မောင်သက္က

(၂၀၀၈-ခုနှစ် ဇန်နဝါရီလ ၂၆-ရက် စနေနေ့၊ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပပြုလုပ်သည့် ရွှေဝါရောင်တော်လှန်ရေး (တနည်း ရွှေဝါရောင်လူထုဆန္ဒထုတ်ဖော်ပွဲကြီး)တွင် ကျဆုံး အသက်ပေးသွားခဲ့ကြသော ရဟန်းရှင်လူများအတွက် ၄-လပြည့် ဆွမ်းကပ် ဆုတောင်း အမျှဝေ မေတ္တာပို့သပွဲတွင် ဆရာတော်ဦးအဘယာလင်္ကာရမှ တရားချီးမြှင့်ရာ –
“ဒို့တွက်များမြောက် ချမ်းသာရောက်ဖို့
ခုလောက်အားစွမ်း မကြိုးပမ်းဘူး
ရဟန်းရှင်လူ မြန်တိုင်းသူတို့
[…]

မဟာစည် ဓမ္မဒူတခရီး – (၁၉၉၆)

(လွန်ခဲ့သော ၁၉၉၆-ခုနှစ် ဇွန်လအတွင်း မဟာစည်ဆရာတော်ကြီးများ၏ နယူးယောက်၊ နယူးဂျာစီ ဓမ္မဒူတခရီးစဉ်နှင့်ပတ်သက်၍ စာရေးဆရာ မောင်သက္ကက ၁၉၉၆-ခုနှစ် ဇူလိုင်-သြဂုတ်လထုတ် လောကချမ်းသာစာစောင် အတွဲ(၆) အမှတ်(၃)တွင် “မဟာစည် ဓမ္မဒူတခရီး”ဟူ၍ ရေးသားဖော်ပြထားသည်ကို ပြန်လည် မှတ်တမ်းပြုပါသည်။)

ဗုဒ္ဓမြတ်စွာ၏ သာသာနာ့ခေတ်ဦး

ဘုရားမြတ်စွာသည် သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိ၍ ဘုရားဖြစ်တော်မူပြီးနောက် ဗာရာဏသီမြို့ မိဂဒါဝုန်တော၌ ပထမဝါ ကပ်တော်မူခဲ့သည်။ ဝါကျွတ်ပြီးသောအခါ အရှင်ယသထေရ် အမှူးရှိသည့် ရဟန်းခြောက်ကျိပ်တို့အား သာသနာပြုစေလွှတ်ခြင်းနှင့် စပ်၍ သြဝါဒစကား မိန့်ကြားတော်မူခဲ့သည်။

“ရဟန်းတို့၊ သင်တို့သည် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ လောကီ လောကုတ္တရာ စီးပွားချမ်းသာဖြစ်ဖို့ရန် အရပ်ရှစ်မျက်နှာ ဒေသစာရီခရီး လှည့်လည် သွားကြကုန်လော့။ ခရီးလမ်းတခု၌ ရဟန်းနှစ်ပါးပေါင်း၍ သွားခဲ့သော် တပါးက တရားဟောလျှင် […]

လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ – ၃

ခုတ်ထွင် ရှင်းလင်း ကျောင်းသန့်ရှင်း

အခြားသူများ ကွန်ကရစ်လောင်းနေစဉ်အတွင်း မောင်လင်းထွဋ်က ကျောင်းဝင်းအတွင်းရှိ ပေါင်းမြက်များကို စက်ဖြင့် ရိတ်၍ သန့်ရှင်းပေးသည်။ ကျောင်းမှာ ငါးဧကခန့် ကျယ်သဖြင့် ပေါင်းမြက်သုတ်သင်ရသည့် ကိစ္စသည်လည်း လွယ်ကူသော ကိစ္စ မဟုတ်။ စက်ကြီး မဝယ်ခင်က လက်တွန်းပေါင်းမြက်ရိတ်စက်ကလေးများကို အသုံးပြုခဲ့ရရာ လူပင်ပန်းသလောက် အလုပ်မတွင်ကျယ်ခဲ့ပေ။ ထို့ကြောင့် ကိုတင်မောင်သန့်၏စက်ကို ယမန်နှစ်က ခေတ္တ အလှူခံ၍ အသုံးပြုခဲ့ရသည်။ ထို့နောက် စေတနာရှင်များထံမှ အလှူငွေကောက်ခံကာ မြက်ရိတ်စက်တလုံးကို ဝယ်ခဲ့သည်။ တတ်နိုင်သည့် ငွေကြေးပမာဏနှင့် တိုင်းတာ၍ အင်အား အသင့်အတင့် ကောင်းမွန်သည့် တပတ်ရစ် စက်တလုံးကို ကိုတင်မောင်သန့်က အချိန်ယူ၍ ရှာဖွေ ဝယ်ယူပေးခဲ့သည်။ ထိုစက်ကို မောင်ဖေဝင်းနှင့် ညီများက ထိန်းသိမ်းပြုပြင်ပြီး ကျောင်းဝင်းအတွင်းရှိ ပေါင်းမြက်တို့ကို ရိတ်ပေးလေ့ရှိပါသည်။ […]

လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ – ၂

လုပ်အားဒါန ပေးလှူကြ

ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် ဆရာတော်နှင့် ဒေါက်တာခင်မောင်၊ ကိုတင်မောင်၊ ကိုဂျက်ဖရီတို့ လာရောက်၍ လျှပ်စစ်မီးကြိုးသွယ်ရန် တိုင်းတာကာ မီးကြိုး မီးခလုတ် စသည့် လိုအပ်သော ပစ္စည်းများကို Freehold Shopping Mall, Builder Square သို့ သွားရောက် ဝယ်ကြသည်။ နံရံများအတွက် Wall Sheet အလှပြားများကို ဝယ်ရန်အတွက်လည်း ရွေးချယ်ကြသည်။ သို့သော် မိမိတို့နှစ်သက်သော ပစ္စည်းမှာ အလုံအလောက် မရှိသဖြင့် ဝယ်သင့် မဝယ်သင့် ချိန်ဆ ဝေဖန်ရပြန်သည်။ ရသလောက်ကို ဝယ်ပြီးမှ နောက်ထပ် အမျိုးတူ ထိုပစ္စည်းမျိုး မရက အခက်အခဲတွေ့နိုင်မည်ဟု စဉ်းစားမိကြသဖြင့် မဝယ်ခဲ့ကြ။ ထို့ပြင် ဒေါက်တာခင်မောင်နှင့် ကိုတင်မောင်တို့မှ နံရံကို Sheet Rock ကပ်၍ […]

လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ – ၁

နယူးဂျာစီပြည်နယ်၊ မနာလပန်(အင်္ဂလစ်ရှ်တောင်း)မြို့နယ်၊ ဂေါ်ဒန်ကော်နာလမ်း၊ အမှတ် ၆၃၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာသို့ ရောက်လျှင် “လောကချမ်းသာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်မြတ်ကြီး”ကို ကြည်ညို ဖူးမြော်၍ “လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ”လေးတွင် ဝိပဿနာတရား ရှုပွားနိုင်ပါသည်။ လူ ၁၀၀ ခန့် ဆန့်မည့် ဓမ္မာရုံနှင့် ၁၀-ပေ ပတ်လည် ယောဂီဆောင် အခန်း ၁၆-ခန်း ပါဝင်သော “လောကချမ်းသာ ဓမ္မာရုံ”ကြီးကိုလည်း ဆောက်လုပ်ရန် စီစဉ်လျက် ရှိပါသည်။ ယခု လက်ရှိ လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံလေးတွင် ၁၉၉၆-ခုနှစ် ဇွန်လ ၂၆-ရက်နေ့၌ ပထမဦး ယောဂီများအဖြစ် ‘ဒေါ်ရွှေဥ၊ ဒေါ်မွှေးမွှေး၊ မတင်နွယ်အေး၊ မအုန်းမြင့်ရီ’တို့ ဝိပဿနာ ရှုပွားခဲ့ကြပါသည်။ ဤ လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ၏ သမိုင်းကို […]

လောကချမ်းသာဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း

နယူးယောက်မြို့၊ အမေရိကန်-မြန်မာဗုဒ္ဓဘာသာအသင်း(အေဘီဘီအေ)၏ ပဓာနနာယကဆရာတော် အရှင်ဣန္ဒကသည် မြောင်းမြခရိုင်၊ ပြင်ရွာတိုက်နယ်၊ အညာစုကျေးရွာမှ ဖခင် ဦးဘနှင့် မိခင် ဒေါ်ဖွားသင် တို့၏ သားသမီးငါးယောက်တွင် အငယ်ဆုံးသားရတနာဖြစ်၍ ၁၃၀၂-ခုနှစ် ဝါခေါင်လဆန်း ၉-ရက် (၁၁-၈-၁၉၄၀) တနင်္ဂနွေနေ့၌ မွေးဖွားသန့်စင်ခဲ့သည်။

ဆရာတော်သည် ခုနစ်နှစ်သားအရွယ်၌ ဒရယ်ပေါက်ကျောင်းဆရာတော် ဦးခေမိန္ဒကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်ကို ခံယူခဲ့သည်။ ဆရာတော်ဦးခေမိန္ဒထံ၌ အခြေခံမြန်မာစာ၊ သင်္ချာနှင့် ပါဠိစာပေများကို ငါးနှစ်တိုင်တိုင် သင်ယူခဲ့သည်။ အသက်တဆယ့်နှစ်နှစ်သားအရွယ်တွင် မြောင်းမြမြို့၊ ရိုးကူးရပ်၊ ပညာဇေယျုံကျောင်းတိုက်သို့ ပြောင်းရွှေ့ကာ ဆရာတော်ကြီး ဦးပညာထံ၌ လောကီလောကုတ္တရာ ပညာရပ်များကို သုံးနှစ်ကြာမျှ ဆက်လက် သင်ယူခဲ့လေသည်။ ထို့နောက် မြောင်းမြမြို့၊ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီးသို့ ပြောင်းရွှေ့ကာ လောကုတ္တရာပါဠိစာပေများကို ရှစ်နှစ်တိုင်တိုင် သင်ယူခဲ့ပါသည်။

၁၃၂၁-ခုနှစ် […]

မဟာစည်ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်စဉ်လင်္ကာများ

(၁)
စစ်ကိုင်းတိုင်းဝယ်၊ ရွှေဘိုနယ်မှ
တင့်တယ်သာယာ၊ ဆိပ်ခွန်ရွာ၌
ကောဇာသက္ကရာဇ်၊ ရေတွက်စစ်က
တစ်နှစ်ခြောက်ခြောက်(၁၂၆၆)၊ ခုနှစ်ရောက်သော်
ဝင်းတောက်ရွှန်းစို၊ ဒု-ဝါဆို၏
ကျော်လိုသုံး(၃)ရက်၊ သောကြာဘက်၌
နံနက်သုံး(၃)ကျော်၊ ဦးကံတော်နှင့်
ဒေါ်ဒေါ်အုန်းမှ၊ ဖွားမြင်ကြ၍
နာမမည်တွင်၊ တန်ဆာဆင်သည်
‘မောင်သွင်’ခေါ်ကြလေတော့၏။

(၂)
တဆယ့်နှစ်(၁၂)နှစ်၊ သာမဏေဖြစ်၍
ရှင်သစ်နာမ၊ ‘သောဘန’ဟု
[…]