လောကချမ်းသာဘုရားကျောင်း၊ နယူးယောက်မြို့

ကာလ်တန်ရိပ်သာလမ်းနှင့် ဘားဂင်းလမ်းထောင့်သို့ ရောက်သောအခါ လိုက်ပို့သူ ၀မ်းကွဲအဒေါ်က ..ဟိုမှာတွေ့လား၊ ခေါင်မိုးပေါ်မှာ ရေစင်နဲ့ အဆောက်အဦကြီး၊ အဲဒါ ဘုန်းကြီးကျောင်းပဲ .. ဟု ဆိုသည်။ ဘားဂင်းလမ်းအတိုင်း ၀င်လာရာ လူနေအိမ် ၁၀-အိမ်ခန့်မျှ ဖြတ်ကျော်လာပြီးနောက် စီးပွားရေးဆိုင်ရာ စက်ရုံ အဆောက်အဦများ တွေ့ရ၏။ ဘုန်းကြီးကျောင်းသည်ပင်လျှင် စက်ရုံတခု၏ အစိတ်အပိုင်းတခု လေးထပ်တိုက်အဆောက်အဦ ဖြစ်လေသည်။

အပေါ်ဆုံး လေးထပ်တွင် ပလ္လင်တော်ထက်၌ စံပယ်နေသောလောကချမ်းသာဘုရားကြီးကို ကြည်ညိုဖွယ် ဖူးမြော်ရ၏။ ဘုရား၏နောက်ဘက် အခန်းငယ်လေးထဲတွင် လောကချမ်းသာဆရာတော် အရှင်ဣန္ဒက သီတင်းသုံး၏။

+ + + + + + + + + + + + + + + + […]

၁၉၉၁-ခုနှစ် ဇန်န၀ါရီလထုတ် လောကချမ်းသာ သတင်းလွှာ

စာစောင်တွင် အတွဲ(၁) အမှတ်(၁) ဟု ဖော်ပြထားသော်လည်း ယခင် ထုတ်ဝေဖူးကြောင်း သိရ၏။ ယခင် စာစောင်များမှာ လက်နှိပ်စက် သို့မဟုတ် လက်ရေးစာစောင်များဖြစ်ကြောင်းလည်း သိရ၏။ ၁၉၉၁-ခုနှစ် ဇန်န၀ါရီလထုတ် အတွဲ(၁) အမှတ်(၁) စာစောင်ကား ကွန်ပျူတာစာစီ ဖြစ်၏။ စာမျက်နှာ ၄-မျက်နှာ ရှိ၏။

မြန်မာဆောင်းပါးတစ်ပုဒ်၊ အင်္ဂလိပ်ဘာသာဖြင့် ကျောင်းတွင် သီတင်းသုံးနေသော ဆရာတော်များအကြောင်း နှင့် ကဗျာတစ်ပုဒ် ပါ၏။

မြန်မာဆောင်းပါးမှာ ‘မောင်ရန်အေး’၏ “မြောင်းမြဆရာတော် သို့မဟုတ် အင်္ဂလန်ဆရာတော်” ဖြစ်သည်။

မြောင်းမြဆရာတော် သို့မဟုတ် အင်္ဂလန်ဆရာတော်
တင်ပြသူ – မောင်ရန်အေး

အဂ္ဂမဟာပဏ္ဍိတ ဆရာတော် အရှင်ဉာနိကသည် ၁၉၉၀-ခုနှစ် နိုဝင်ဘာလ ၃-ရက်နေ့တွင် နယူးယောက်မြို့၊ လောကချမ်းသာ ဘုရားကျောင်းတော်သို့ ပထမအကြိမ် […]