၁၉၉၁-ခုနှစ် ဇန်န၀ါရီလထုတ် လောကချမ်းသာ သတင်းလွှာ

စာစောင်တွင် အတွဲ(၁) အမှတ်(၁) ဟု ဖော်ပြထားသော်လည်း ယခင် ထုတ်ဝေဖူးကြောင်း သိရ၏။ ယခင် စာစောင်များမှာ လက်နှိပ်စက် သို့မဟုတ် လက်ရေးစာစောင်များဖြစ်ကြောင်းလည်း သိရ၏။ ၁၉၉၁-ခုနှစ် ဇန်န၀ါရီလထုတ် အတွဲ(၁) အမှတ်(၁) စာစောင်ကား ကွန်ပျူတာစာစီ ဖြစ်၏။ စာမျက်နှာ ၄-မျက်နှာ ရှိ၏။

မြန်မာဆောင်းပါးတစ်ပုဒ်၊ အင်္ဂလိပ်ဘာသာဖြင့် ကျောင်းတွင် သီတင်းသုံးနေသော ဆရာတော်များအကြောင်း နှင့် ကဗျာတစ်ပုဒ် ပါ၏။

မြန်မာဆောင်းပါးမှာ ‘မောင်ရန်အေး’၏ “မြောင်းမြဆရာတော် သို့မဟုတ် အင်္ဂလန်ဆရာတော်” ဖြစ်သည်။

မြောင်းမြဆရာတော် သို့မဟုတ် အင်္ဂလန်ဆရာတော်
တင်ပြသူ – မောင်ရန်အေး

အဂ္ဂမဟာပဏ္ဍိတ ဆရာတော် အရှင်ဉာနိကသည် ၁၉၉၀-ခုနှစ် နိုဝင်ဘာလ ၃-ရက်နေ့တွင် နယူးယောက်မြို့၊ လောကချမ်းသာ ဘုရားကျောင်းတော်သို့ ပထမအကြိမ် […]