တိုက်တွန်းနှိုးဆော် သာဓုခေါ် – အရှင်ပညာသီဟ
… သဒ္ဓါကြည်လင် .. ပါရမီရှင် အပေါင်းတို့ ခင်ဗျား ….
“မိုးမလင်းသေးဘူး၊ ကြားရပြီ ဒီအသံ၊ `သဒ္ဓါကြည်လင်´လို့ ကြားနေရတယ်။ စိတ်ကတော့ တယ်ပြီး မရွှင်ဘူး။
စောစောစီးစီးလည်း အော်၊ ညဥ့်နက်ချိန်မှာလည်း အော်ဆိုတော့ တော်တော် စိတ်အနှောက်အယှက်ဖြစ်တာပဲ။
အချိန်အခါနဲ့ တော်ရုံတန်ရုံဆို ကောင်းတယ်´´လို့ မယုံကြည်သူ၊ သက်ကြီးရွယ်အို၊ မနာမကျန်းဖြစ်သူတို့က ဒီလို သဘောထား ရှိများ ရှိပေလိမ့်မယ်။
“အင်း … ဘာသာရေးဆိုင်ရာကိစ္စကို လုပ်ဦးမှ၊ ဒီလို သတိပေးနေတဲ့ အသံ ကြားနေရလို့ တော်သေးတယ်။ မဟုတ်ရင် ကုသိုလ်မလုပ်ဖြစ်ဘဲ မေ့မေ့လျော့လျော့နဲ့ အချိန်ကုန်သွားတာပဲ။ တတ်နိုင်သလောက် လှူရဦးမယ်´´လို့ တွေးကာ စိတ်ကောင်းဝင်သူများလည်း ရှိပေလိမ့်မယ်။
“မတီး မမြည်၊ တီးမှ မြည်´´ဆိုသလို မအော်ရင်လည်း သတိမရဖြစ်မှာမို့ သီလ ဘာဝနာ စတဲ့ ကောင်းမှု တစ်ခုခု […]