မဟာစည် ဓမ္မဒူတခရီး – (၁၉၉၆)
(လွန်ခဲ့သော ၁၉၉၆-ခုနှစ် ဇွန်လအတွင်း မဟာစည်ဆရာတော်ကြီးများ၏ နယူးယောက်၊ နယူးဂျာစီ ဓမ္မဒူတခရီးစဉ်နှင့်ပတ်သက်၍ စာရေးဆရာ မောင်သက္ကက ၁၉၉၆-ခုနှစ် ဇူလိုင်-သြဂုတ်လထုတ် လောကချမ်းသာစာစောင် အတွဲ(၆) အမှတ်(၃)တွင် “မဟာစည် ဓမ္မဒူတခရီး”ဟူ၍ ရေးသားဖော်ပြထားသည်ကို ပြန်လည် မှတ်တမ်းပြုပါသည်။)
ဗုဒ္ဓမြတ်စွာ၏ သာသာနာ့ခေတ်ဦး
ဘုရားမြတ်စွာသည် သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိ၍ ဘုရားဖြစ်တော်မူပြီးနောက် ဗာရာဏသီမြို့ မိဂဒါဝုန်တော၌ ပထမဝါ ကပ်တော်မူခဲ့သည်။ ဝါကျွတ်ပြီးသောအခါ အရှင်ယသထေရ် အမှူးရှိသည့် ရဟန်းခြောက်ကျိပ်တို့အား သာသနာပြုစေလွှတ်ခြင်းနှင့် စပ်၍ သြဝါဒစကား မိန့်ကြားတော်မူခဲ့သည်။
“ရဟန်းတို့၊ သင်တို့သည် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ လောကီ လောကုတ္တရာ စီးပွားချမ်းသာဖြစ်ဖို့ရန် အရပ်ရှစ်မျက်နှာ ဒေသစာရီခရီး လှည့်လည် သွားကြကုန်လော့။ ခရီးလမ်းတခု၌ ရဟန်းနှစ်ပါးပေါင်း၍ သွားခဲ့သော် တပါးက တရားဟောလျှင် […]