နိဗ္ဗာန်ရောက်ကြောင်းတရားတော် – အောင်ဆန်းဆရာတော်
အမေရိကန်နိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်လျက်ရှိသော အောင်ဆန်းဆရာတော် ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)သည် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉-ရက် ဗုဒ္ဓဟူးနေ့ညနေတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ `နိဗ္ဗာန်ရောက်ကြောင်းတရားတော်´ကို ဓမ္မဒါနပြု ဟောကြားခဲ့၏။
+++++
တရားတော်ဆောင်ပုဒ်များ
ဒေါသနဲ့သေ၊ ငရဲပြည်၊ ရောက်လေဧကန်ပါ။
မောဟနဲ့သေ၊ တိရစ္ဆာန်ပြည်၊ ရောက်လေဧကန်ပါ။
လောဘနဲ့သေ၊ ပြိတ္တာပြည်၊ ရောက်လေဧကန်ပါ။
မာနနဲ့သေ၊ အသူရကာယ်ပြည်၊ ရောက်လေဧကန်ပါ။
တရားနာလျှင်၊ သဒ္ဓါရွှင်၊ ပညာအသိတိုး။
သိတာကျင့်က၊ နိဗ္ဗာန်ရ၊ မုချကိုယ့်အကျိုး။
သစ္စာလေးပါးကို မသိသော ပုဂ္ဂိုလ်များ၏ နေမြဲအိမ်သည် အပါယ်လေးပါး ဖြစ်သည်။
မနေရလို့ သေရသောခါ၊ ကိုယ့်နောက်ကိုများ၊ ဘာများပါမှာ
ပစ္စည်းစုစု၊ တစ်ခုမပါ၊ ကိုယ်ပြုငြား ကံများ ကိုယ့်နောက်ပါ။
ကမ္ဘာမီးထက် ပူချက်ပြင်းထန်၊ ဘယ်မီးတွေလဲ ဉာဏ်နဲ့ဝေဖန်၊ ကိလေသာမီး ထိန်ညီးဝင်းလျှံ၊ ဘဝတိုင်း မဆိုင်းလောင်နေပြန်။