နိဗ္ဗာန်ရောက်ကြောင်းတရားတော် – အောင်ဆန်းဆရာတော်
အမေရိကန်နိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်လျက်ရှိသော အောင်ဆန်းဆရာတော် ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)သည် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉-ရက် ဗုဒ္ဓဟူးနေ့ညနေတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ `နိဗ္ဗာန်ရောက်ကြောင်းတရားတော်´ကို ဓမ္မဒါနပြု ဟောကြားခဲ့၏။
တရားတော်ဆောင်ပုဒ်များ
- ဒေါသနဲ့သေ၊ ငရဲပြည်၊ ရောက်လေဧကန်ပါ။
- မောဟနဲ့သေ၊ တိရစ္ဆာန်ပြည်၊ ရောက်လေဧကန်ပါ။
- လောဘနဲ့သေ၊ ပြိတ္တာပြည်၊ ရောက်လေဧကန်ပါ။
- မာနနဲ့သေ၊ အသူရကာယ်ပြည်၊ ရောက်လေဧကန်ပါ။
တရားနာလျှင်၊ သဒ္ဓါရွှင်၊ ပညာအသိတိုး။
သိတာကျင့်က၊ နိဗ္ဗာန်ရ၊ မုချကိုယ့်အကျိုး။
- သစ္စာလေးပါးကို မသိသော ပုဂ္ဂိုလ်များ၏ နေမြဲအိမ်သည် အပါယ်လေးပါး ဖြစ်သည်။
မနေရလို့ သေရသောခါ၊ ကိုယ့်နောက်ကိုများ၊ ဘာများပါမှာ
ပစ္စည်းစုစု၊ တစ်ခုမပါ၊ ကိုယ်ပြုငြား ကံများ ကိုယ့်နောက်ပါ။
- ကမ္ဘာမီးထက် ပူချက်ပြင်းထန်၊ ဘယ်မီးတွေလဲ ဉာဏ်နဲ့ဝေဖန်၊ ကိလေသာမီး ထိန်ညီးဝင်းလျှံ၊ ဘဝတိုင်း မဆိုင်းလောင်နေပြန်။