ဦးဟန်ကြူ (၁၉၃၃-၂၀၀၇)၂ နှစ်ပြည့် အမှတ်တရ

++++++++++++++++++++++++++++++++++++++++++++++++++အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း ဥက္ကဌ (၁၉၈၁-၂၀၀၇)သိရီသုဓမ္မမဏိဇောတဓရ-မြန်မာနိုင်ငံ (၂၀၀၂)ဂုဏ်ထူးဆောင်၊ အာရှနှင့် ပစ္စဖိတ်ဒေသနွယ်ဖွား နယူးယောက် မြို့တော်သားများ (၂၀၀၃)++++++++++++++++++++++++++++++++++++++++++++++++++
သင်သေသွားသော်
လူ့ပြည်လောကလူ့ဘဝကားအိုရနာရ သေရဦးမည်မှန်ပေသည်တည့်။
သို့တပြီးကားသင်သေသွားသော်သင်ဖွားသောမြေသင်တို့မြေသည်အခြေတိုးမြင့်ကျန်ကောင်းသင့်၏။
သင်၏မျိုးသားစာစကားလည်းကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏။
သင်ဦးချ၍အမျှဝေရာစေတီသာနှင့်သစ္စာအရောင်ဉာဏ်တန်ဆောင်လည်းပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။
ဇော်ဂျီ
+++++
မြန်မာပြည်ဖွား ဦးဟန်ကြူ
အထက်ပါ ကဗျာကလေးကို နေအိမ်စာဖတ်ခန်းရှိ တရားစာအုပ်တစ်အုပ်၏ အဖွင့်၌ တွေ့မြင်လိုက်၏။တက္ကသိုလ်ကျောင်းသားဘဝ ၁၉၆၅-၆၆ ခုနှစ်လောက်ကတည်းက တက္ကသိုလ်များဗဟိုစာကြည့်တိုက်တွင် ရေပန်းစားခဲ့ဖူးသည်ကိုလည်း ပြန်လည်၍ အမှတ်ရလိုက်၏။လူမျိုး၊ ဘာသာ၊ သာသနာ၊ အမျိုးသားရေး၊ လူမှုရေး ရသပေါင်းစုံကို ခံစားလိုက်ရသည့် ကဗျာကလေး ဖြစ်ပါသည်။
အေဘီဘီအေအသင်း၏ အတွင်းရေးမှူး ဦးစောဝင်း ရေးသားထားသော ဥက္ကကြီး ဦးဟန်ကြူအတွက် နှစ်ပတ်လည် စာတမ်းကို ပူပူနွေးနွေး ဖတ်ထားပြီးစလည်း ဖြစ်ခြင်းကြောင့် ဆရာကြီး ဦးသိန်းဟန် (ဇော်ဂျီ)နှင့် ဦးဟန်ကြူ နှစ်ဦးတို့၏ ဘဝများက အားပြိုင်ကာ အတွေးများ ဝင်လာတော့၏။ထိုသူနှစ်ဦး၌ တူညီကြသော […]

စံကင်းဆရာတော်

မောင်တရုတ်ကြီး
တခါက ‘တရုတ်ကြီး’ခေါ်သော ကျောင်းသားတစ်ယောက် ပုဇွန်လုံးတစ်ကောင်ကို ဖမ်းပြီး ဆော့သည်။ ခြေထောက်အချို့ကို ချိုးပြီး သွားခိုင်းသည်။ ပုဇွန်အသွားခက်နေသည်ကို ကြည့်ပြီး ရယ်ရွှင်၏။ ထိုအခြင်းအရာကို ဆရာတော် မြင်တွေ့သဖြင့် ခေါ်ယူစစ်ဆေးရာ မှန်သည့်အတိုင်း ဝန်ခံလိုက်ရ၏။ထို့ကြောင့် မောင်တရုတ်ကြီး၏ လက်ချောင်းကလေးများကို စု၍ ငှက်ပျောလျှော်ဖြင့် ချည်တုပ်ပြီး ဒဏ်ပေးထား၏။ အစတော့ ဘယ်လိုမှ မနေ။အနည်းငယ်ကြာလာသောအခါ ဆော့ချင်သော လက်ချောင်းကလေးများ မဆော့ရ မလှုပ်ရသဖြင့် အနေရခက်လာသည်။
“ငါ ဒီလိုခံရတာ ပုဇွန်ခြေချိုးမိလို့ပဲ၊ ခြေချိုးခံရတဲ့ ပုဇွန်ဟာ ငါ့ထက် အများကြီး ပိုဆင်းရဲမှာပဲ”ဟု ကိုယ်ချင်းစာမိလာသည်။“မင်း ဘယ့်နှယ် နေသလဲ”“တင်းကြပ်ကြပ် အနေရခက်ပါတယ် ဘုရား”“မင်းမှာ တင်းကြပ်ရုံပဲ၊ ဟိုခမျာ ခြေကျိုးသွားရှာပြီ၊ နောက် မလုပ်နဲ့”ဤသို့ ကိုယ်ချင်းစာတတ်သော စိတ်ဖြင့် နောင် ရှောင်ကြဉ်ရန် ပြုပြင်ပေးသည်။
ချစ်မောင် နဲ့ […]

ဦးဟန်ကြူ (သို့မဟုတ်) မေ့မရနိုင်သူတစ်ဦး

ဦးဟန်ကြူဟာ အမေရိကန်မှာ ကိုယ့်အားကိုယ်ကိုးပြီး စီးပွားရေးအရ အောင်မြင် ကြီးပွား တိုးတက်လာခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ရော၊ ‘ဗုဒ္ဓသာသနာ ကမ္ဘာပြန့်ရမည်’ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သာသနာတော် တည်တံ့ပြန့်ပွားရေးမှာ နှစ်ပေါင်းများစွာ အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ခဲ့သူ ထောက်ပံ့လာခဲ့သူတစ်ဦးအနေနဲ့ရော အတုယူ အားကျဖွယ်၊ ချီးကျူး ဂုဏ်ယူဖွယ်၊ လေးစားဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။
ဦးဟန်ကြူနဲ့ စဆုံဆည်းတာကလဲ လောကချမ်းသာဘုရားကျောင်းမှာပါ။ဦးဟန်ကြူက ဘိတ်(မြိတ်)သားဆိုတော့ အေဘီဘီအေ ဆောင်ပုဒ်ဖြစ်တဲ့ ‘ဗုဒ္ဓသာသနာ ကမ္ဘာပြန့်ရမည်’ကို သူ ဘိတ်သံနဲ့ဆိုတာ ကြားရရင် အင်မတန် နှစ်သက်ဖို့ ကောင်းပါတယ်။စကားပြောရင် ရီရီမောမောနဲ့ စကားကို အဆုံးသတ်တတ်တယ်။
သူနဲ့ နောက်ဆုံးဆုံလိုက်ရတာကတော့ ၂၀၀၇-ခုနှစ် ဖေဖော်ဝါရီလ ၄-ရက် အေဘီဘီအေအသင်း လစဉ် အစည်းအဝေးမှာပါ။အဲဒီတုန်းက ၂၀၀၇-ခုနှစ် မေလထဲမှာ ကျင်းပမယ့် လောကချမ်းသာစေတီတော် ထီးတော်တင်ပွဲအတွက် အလုပ်များနေကြတဲ့ အချိန်လဲ ဖြစ်တယ်။မှတ်မှတ်ရရ […]

“သန္ဒိဋ္ဌိက-ကျနကိုယ်တိုင် သိမြင်နိုင်” – အရှင်ပညာသီဟ

မဟာစည်ဆရာတော်ဘုရားကြီး၏ နည်းနာနိဿျအတိုင်း ဝိပဿနာတရားကို ရှုမှတ်ပွားများ သင်ကြားပြသပေးရန် ရည်သန်၍ အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးက နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့နယ်၌ ငါးဧကခန့် ကျယ်ဝန်းသော နေရာတွင် မဟာစည်သတိပဋ္ဌာန်ရိပ်သာကို ၁၉၉၅-ခုနှစ် ဇန်နဝါရီလ ၁၆-ရက်နေ့က စတင် တည်ထောင် ဖွင့်လှစ်ခဲ့သည်။
ထိုရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် စာရေးသူသည် အခါအားလျော်စွာ တရားစခန်း ကျင်းပ၍ တရားဟော တရားပြခြင်း၊ မိမိတို့ အစီအစဉ်ဖြင့် ရက်ပိုင်း အချိန်ပိုင်း လာရောက်၍ ဝိပဿနာတရား ရှုမှတ်သူများ၊ ခေတ္တခဏ ရှင် ရဟန်းဝတ်၍လည်းကောင်း၊ သီလရှင်ဝတ်၍လည်းကောင်း တရားရှုမှတ်သူများကို တရားဟော တရားပြသခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။ထိုသို့ ပြုလုပ်နေရာ တနေ့သောအခါ တရားရှုမှတ်မှု အခြေအနေကို ယောဂီတစ်ယောက်အား မေးစစ်ရာတွင် –
“အရှင်ဘုရား၊ ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်နေတာနဲ့ ဘယ်လို တရားသဘောကို […]