နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ ၅-ကြိမ်မြောက် ဘုရားပွဲ

“အရှင်ဘုရား၊ ဘုရားပွဲကို ဘယ်သူ ဦးဆောင်ပြီး ကျင်းပတာလဲဘုရား”ဟု ဒကာမတစ်ယောက်က မေးလာသည်။
ဦးဆောင်သူ အတိအကျ မရှိသဖြင့် အားလုံး စုပေါင်းပြီး လုပ်တာပါပဲဟု ဖြေလိုက်သည်။
သီးသန့် ဦးဆောင်သူဟူ၍ မရှိ။ စိတ်, စေတနာ, သဒ္ဓါတရားရှိသူတို့ ကိုယ်တတ်နိုင်သည်ကို ကိုယ်တိုင်ပါဝင်လုပ်ကိုင်ခြင်းဖြင့်သာ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် ကျင်းပသည့် ပွဲတိုင်းကို ပြီးဆုံး အောင်မြင်အောင် ဆောင်ရွက်ရသည်။
ဦးဆောင်၍ ကျင်းပမည့်သူရှိလျှင် ဘုရားပွဲ ကျောင်းပွဲတိုင်းတွင် စာရေးသူအနေဖြင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဣနြေ္ဒရှိစွာ ပြုံးရွှင်စွာ ဒကာ ဒကာမများကို ကောင်းစွာ ဧည့်ခံနိုင်ပါလိမ့်မည်။
ခုတော့ ထိုသို့ မဟုတ်။ ဒကာ ဒကာမများနဲ့ ဧည့်ခံစကားပြောနေစဉ်မှာပင် ဝက်အူလှည့်လိုအပ်လို့ ထပြီး ရှာပေးရသည်က အစ၊ တဲထိုး, ခုံခင်း, နေရာချထားခြင်းများကို စီစဉ်ရသည်က အလယ်၊ စေတနာဗလပွ ကုသိုလ်ဆန္ဒများစွာဖြင့် […]

ဉာဏ်စဉ် ၁၆-ပါး ဖြစ်ပုံ (ညောင်လေးပင်ဆရာတော်)

၁။ ‘နာမရူပပရိစ္ဆေဒ’စသော ဉာဏ်စဉ် ၁၆-ပါး ဖြစ်ပုံကား –
အဆင်းမြင်သောအခါ အဆင်းနှင့်မျက်စိသည် ဥပါဒါရုပ် မည်၏။
မဟာဘုတ်ကို မှီ၏။
ဥပါဒါရုပ်နှင့် မဟာဘုတ်သည် ဖောက်ပြန်တတ်သော ရုပ်အစု မည်၏။
ထို အဆင်းကို သိခြင်း၊ ခံစားခြင်း၊ မှတ်ခြင်း၊ ကြံစည်ခြင်း စသည်သည် အာရုံသို့ ညွတ်တတ်သော နာမ်အစု မည်၏။
အဆင်းမြင်ရာ၌ ရုပ်အစု နာမ်အစုမှတပါး ဘာမျှ မရှိ။ ငါ, သူတပါး, ယောက်ျား, မိန်းမ စသည် မရှိ။
မြင်သူမျှပင် မရှိ။
အသံကြားရာ၌လည်း ရုပ်အစု နာမ်အစု၊
အနံ့ယူရာ, အရသာစားရာ, အတွေ့ထိရာ, အသိ-သိရာ၌၊ (ဝါ) စိတ်ကူးကူးရာ၌လည်း ရုပ်အစု နာမ်အစု၊
လောဘဖြစ်ရာ, ဒေါသဖြစ်ရာ၌လည်း ရုပ်အစု နာမ်အစု၊
သဒ္ဓါဖြစ်ရာ, ပညာဖြစ်ရာ၌လည်း ရုပ်အစု နာမ်အစု၊
ဝမ်းနည်းစရာ, ဝမ်းသာစရာ၌လည်း ရုပ်အစု နာမ်အစု၊
ချစ်စရာ, မုန်းစရာ၌လည်း ရုပ်အစု […]

ဉာဏ်စဉ် ၁၆-ပါး ဘုရားရှိခိုးနှင့် ပဉ္စဒွါရဝီထိများ

ဉာဏ်စဉ် ၁၆-ပါး ဘုရားရှိခိုး
၁။ နာမရူပ ပရိစ္ဆေဒံ၊ တပ္ပစ္စယ ပရိဂ္ဂဟံ။
တံ သမ္မသနံ ဥဒယဗ္ဗယဉာဏဉ္စ ဘင်္ဂဂံ။
၂။ ဘယဉာဏံ အာဒီနဝ-ဉာဏဉ္စ နိဗ္ဗိဒံ အထ။
မုဉ္စိတုကမျတံ ပဋိ-သင်္ခံ သင်္ခါရုပေက္ခကံ။
၃။ အနုလောမဉ္စ ဂေါတြဘုံ၊ မဂ္ဂဉာဏံ ဖလံ တထာ။
ပစ္စဝေက္ခဏာ ဉာဏန္တိ၊ တိလောကမှိပိ ကေနစိ။
၎။ အဒေသိယေ သာသနိကေ၊ ဉာဏိမေ သောဠသုတ္တရေ။
ဒေသေတာရံ ပဝတ္တာရံ၊ ဗုဒ္ဓံ တီဟာဒရံ နမေ။
+++++
(၁) နာမရူပ ပရိစ္ဆေဒံ – နာမ်ရုပ်တရားတို့ကို ပိုင်းခြား၍ သိသော နာမရူပပရိစ္ဆေဒဉာဏ်လည်းကောင်း။
(၂) တပ္ပစ္စယပရိဂ္ဂဟံ – ထိုနာမ်ရုပ်တို့၏ အကြောင်းတရားကို ပိုင်းခြား၍ သိသော ပစ္စယပရိဂ္ဂဟဉာဏ်လည်းကောင်း။
(၃) တံ သမ္မသနံ – ထိုနာမ်ရုပ်တို့ကို အနိစ္စ၊ […]

အေဘီဘီအေ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော် (၁၃-မေ-၂၀၁၂) ဓာတ်ပုံများ

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ နှစ်စဉ် ကျင်းပပြုလုပ်မြဲဖြစ်သော ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို ၂၀၁၂ ခုနှစ် မေလ ၁၃ ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်၏။
ကွယ်လွန်သူ ကျေးဇူးရှင် မိခင်ကြီး ဒေါ်လှမျိုးမြင့်အား ရည်စူး၍ သမီး ဒေါက်တာနိုင်နိုင်အောင် နှင့် ဒေါက်တာစိန်ဝင်း၊ သား ကယ်ဗင်၊ ခရစ်တိုဖာ မိသားစုက ပွဲတော်အစားသောက်များကို နိဗ္ဗာန်ရည်မှန်း၍ ဝမ်းမြောက်ဝမ်းသာ လှူဒါန်းကြပါသည်။
+++++

အဆင်သင့်ပဲဟေ့

၂၀၁၂ ခုနှစ် မေလ ၁၂ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပြုမြဲ တရားရှုမှတ် ပွားများခြင်း၊ ဓမ္မသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၁း၅၅ နာရီတွင် လောကချမ်းသာဆရာတော်က ဝိသုဒ္ဓိခုနစ်ပါးမှ “မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ”အကြောင်း ဟောကြား၏။
မဂ္ဂ – လမ်းရိုးလမ်းမှန် +
အမဂ္ဂ – လမ်းရိုးမဟုတ်၊ လမ်းမှား +
ဉာဏ – အသိဉာဏ် +
ဒဿန – အမြင် +
ဝိသုဒ္ဓိ – စင်ကြယ်ခြင်း၊ စင်ကြယ်သည်။
ဤ (ရှုမြဲ ရှုလျက် လမ်းမှန်သွားသော ရှုသိမှုပညာ)သည်ကား (ပုဗ္ဗဘာဂမဂ်) လမ်းမှန်တည်း။
ဤ (အရောင်အလင်းစသည်)သည်ကား လမ်းမှန်မဟုတ်ဟု ဤသို့ လမ်းမှန်နှင့်လမ်းမှားကို (ပိုင်းခြား) သိမြင်၍ တည်သောဉာဏ်သည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ (လမ်းမှန်နှင့်လမ်းမှားကို အသိအမြင် […]

ကဆုန်လပြည့် ဗုဒ္ဓနေ့

၂၀၁၂ မေလ ၅-ရက် စနေနေ့
၁၃၇၄ ကဆုန်လပြည့်နေ့
မ,သိ,ကြ,လတ်၊ တွေး,ဆ,အပ်၊ နေ့မြတ် ခုနစ်ထွေ။
သန်,ဖွား,တော,ပွင့်၊ စက်,စု,သင့်၊ ရှင်ပင့် သာကီဆွေ။
မ-ကြာသပတေးနေ့တွင်၊ သန်-ပဋိသန္ဓေနေတော်မူပါသည်။
သိ-သောကြာနေ့တွင်၊ ဖွား-ဖွားမြင်တော်မူပါသည်။
ကြ-တနင်္လာနေ့တွင်၊ တော-တောထွက်တော်မူပါသည်။
လတ်-ဗုဒ္ဓဟူးနေ့တွင်၊ ပွင့်-ဘုရားပွင့်တော်မူပါသည်။
တွေး-စနေနေ့တွင်၊ စက်-ဓမ္မစကြာတရားဟောတော်မူပါသည်။
ဆ-အင်္ဂါနေ့တွင်၊ စု-စုတိပရိနိဗ္ဗာန်စံတော်မူပါသည်။
အပ်-တနင်္ဂနွေနေ့တွင်၊ သင့်-တေဇောဓာတ်(မီးသင့်)လောင်တော်မူပါသည်။
+++++
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ ဗုဒ္ဓ၀င်ဘုရားရှိခိုး
ကြာသပတေးနေ့ ပဋိသန္ဓေယူ
၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြ၀ဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို။
သောကြာနေ့ ဖွားမြင်
၂။ သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကို။
တနင်္လာနေ့ တောထွက်
၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ […]