အပါယ်တံခါးပိတ်တရားတော်-ဗန်းမော်ဆရာတော်ကြီး

၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၉ ရက် သောကြာနေ့ ညနေ ၇ နာရီတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတော်၌ ဗန်းမော်ဆရာတော်ဘုရားကြီးက ဝိသုဒ္ဓိလေးပါး ကျင့်စဉ်တရား “အပါယ်တံခါးပိတ် တရားတော်”ကို ဟောကြား ချီးမြှင့်၏။

သမ္ဗုဒ္ဓေဂါထာတော်ကြီးအကြောင်းတရားတော်-ဗန်းမော်ဆရာတော်ကြီး

ဗန်းမော်ဆရာတော်ဘုရားကြီးသည် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှ စ၍ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ကြွရောက် သီတင်းသုံးလျက်ရှိရာ ဇူလိုင်လ ၂၈-ရက်နေ့ ညနေ ၇ နာရီ၌ သမ္ဗုဒ္ဓေဂါထာတော်ကြီးအကြောင်းတရားတော်ကို မှတ်သားဖွယ်ရာ အဖြာဖြာဖြင့် ဟောကြား ချီးမြှင့်သွား၏။

(ဆရာတော်ကြီးက လက်ဆယ်စုံ ထိပ်မှာ မိုး၍ ဘုရားရှိခိုးပြနေစဉ်)
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
(အပ္ပကံ ဝါဠုကံ ဂင်္ဂံ၊ အနန္တံ နိဗ္ဗုတံ ဇိနံ။)
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။
အဋ္ဌ = ၈
ဝီသ = ၂၀
(၈+၂၀) = ၂၈
ဒွါ = ၂
ဒသ = […]

ဓမ္မစကြာ (၂၆၀၀) အခါတော်နေ့

၂၀၁၁ ခုနှစ် ဇူလိုင်လ (၁၆)ရက် စနေနေ့
၁၃၇၃ ခုနှစ် ဝါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မစကြာ (၂၆၀၀) အခါတော်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်၏။
ယခင်နှစ်များ၌ ဓမ္မစကြာအခါတော်နေ့ဟု သီးခြား ကျင်းပ ပြုလုပ်ခြင်း မရှိသော်လည်း ဝါဆိုပွဲတော်၌ ဓမ္မစကြာကို ရွတ်ဖတ် ပူဇော်ကြ၏။
နံနက် ၁၁ နာရီတွင် မြတ်စွာဘုရားရှင်အား စုပေါင်း၍ ဆွမ်းတော် ဆက်ကပ် လှူဒါန်း ပူဇော်ကြ၏။

ထိုနောက် လောကချမ်းသာဆရာတော်အား စုပေါင်း ဆွမ်းကပ်ကြ၏။ အရှင်ဝိမလနှင့် အရှင်ဝဏ္ဏိတတို့နှစ်ပါး အပြင်သို့ ဆွမ်းစား ကြွရသောကြောင့် ကျောင်း၌ ဆရာတော်တစ်ပါးသာ ရှိ၏။
တစ်အိမ်တစ်ခွက် ချက်ပြုတ် ယူလာကြကာ ကပ်လှူကြသောကြောင့် ဟင်းအမယ် စုံ၏။
အရသာမျိုးစုံကို စားသောက်ကြရ၏။

မွန်းလွဲ ၁-နာရီတွင် ဆရာဦးအောင်ဇေယျက ဗုဒ္ဓဂယာ သိမှတ်ဖွယ်ရာများကို […]

ဝါဆိုလပြည့်နေ့ (၁၅-ဇူလိုင်-၂၀၁၁)

၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၅ ရက် သောကြာနေ့
၁၃၇၃ ခုနှစ် ဝါဆိုလပြည့်နေ့ညနေတွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ညနေ ၆ နာရီမှ ၇ နာရီအထိ လောကချမ်းသာဆရာတော်များနှင့်အတူ ဘုရားဝတ်ပြု၊ တရားရှုမှတ်ကြပြီး၊ ၇ နာရီမှ စ၍ ဓမ္မစကြာသုတ်တော်ကို ရွတ်ဖတ် ပူဇော်ကြ၏။

ဓမ္မစက္ကပဝတ္တနသုတ္တန် အထူးမှတ်ဖွယ် (မဟာဗုဒ္ဓဝင်)

မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီ မဇ္ဈိမတိုက်တခွင်၌ ရဟန်းအမည်ခံ ဂိုဏ်းဆရာကြီးများသည် ထင်ရှား ပေါ်ထွက်နှင့်ကြ၏။
ထိုများစွာသော ရဟန်းအမည်ခံ ဂိုဏ်းဆရာကြီးတို့သည် အချို့က ကာမသုခလ္လိကာနုယောဂအလုပ်ကို၊
အချို့က အတ္တကိလမထာနုယောဂအလုပ်ကို ရဟန်းကိစ္စ ရဟန်းအလုပ်အနေဖြင့် ကျင့်ကြ ကြံကြ ဟောကြား ပြသနှင့်ကြလေသည်။
ထိုကဲ့သို့ လောကကြီး၌ အယုတ်တရားနှစ်ပါးကို တကယ့် တရားစစ် တရားမှန်အနေဖြင့် ကျင့်,ကြံ,ဟောကြား ပြသကြမှုတည်းဟူသော မှောင်ကြီးဖုံးအုပ်နေစဉ်
မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လုဆဲဆဲအချိန်တွင် ဓမ္မစက္ကပဝတ္တနသုတ်ကို ဟောကြားတော်မူလေသည်။
(ဓမ္မစကြာပါဌ်,အနက်ကို နှလုံးသွင်းထားပါ။)
ဤဓမ္မစက္ကပဝတ္တနသုတ္တန်ကို မြတ်စွာဘုရားရှင်က –
“ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ = ရဟန်းတို့ … ရဟန်းဖြစ်သူသည် ဤဆိုလတ္တံ့သော အယုတ်တရား အစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်” ဟူသော ဤစာပိုဒ်ဝါကျကို စတင်၍ ရွတ်ဆိုလိုက်သည်နှင့်တပြိုင်နက် ဖြစ်ပေါ်လာသော ပဲ့တင်သံကြီးသည် […]

ကွက်လပ်ကလေးတွေ ဖြည့်စေချင် – ဇေယျသုခ အရှင်နန္ဒ္ဒဝံသ

လိုလို ချည်းသာ ဘ၀မှာ
ဦနော လောကော၊ အတိတ္ထော … စသော ဘုရားဟော ဒေသနာကို ကြားနာ မှတ်သားမိဖူးသည်မှာ ကြာပါပြီ။ ဘာကို ဘယ်လို အတိအကျ ဆိုလိုသည်ကိုတော့ စာရေးသူ တကယ်ပင် ဉာဏ်မမှီခဲ့ပါချေ။
လောကကြီးအတွင်း မှီတင်းနေကြတဲ့ သူသူငါငါ သတ္တ၀ါတွေဟာ တဏှာ အလိုလိုက်၊ တဏှာအကြိုက်ဆောင်ရင်း အမိုက်မှောင်မှာ လမ်းလျှောက်နေကြလေသမျှတော့ လောကကြီးသည် လို လို လို လို နဲ့ လိုနေမည့် လောကကြီးဖြစ်ပါကလားလို့တော့ ဆရာတော်တွေ ဆုံးမမှုကို နာယူခဲ့ရဖူးပါတယ်။
တစတစနဲ့ ဘဝသည်လည်း ပျိုရာမှသည် အိုခြင်းဆီသို့ … နုရာမှသည် ရင့်ရော်ခြင်းဆီသို့ … ပြောင်းလို့ လာနေခဲ့တာကို သတိပြုမိချိန်မှာတော့ စာရေးသူဘဝမှာ လိုနေသော အရာတွေချည်းသာ ဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်ခဲ့ပါပြီ။
ချမ်းသာဖို့လည်း လိုသလို၊ […]

ပိုင်းလော့ဆရာတော်တရားပွဲဓာတ်ပုံများ (၄-ဇူလိုင်-၂၀၁၁)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခု ဇူလိုင်လ ၄ ရက် ညနေ၌ ပိုင်းလော့ဆရာတော်၏ တရားပွဲ ကျင်းပပြုလုပ်စဉ် –