ဗန်းမော်ဆရာတော်ကြီးပူဇော်ပွဲနှင့် နိဗ္ဗာန်တံခါးဖွင့်တရားတော်

၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှ စ၍ နယူးယောက်မြို့ လောချမ်းသာဘုရားကျောင်းသို့ ရောက်ရှိ သီတင်းသုံးနေသော ဗန်းမော်ဆရာတော်ဘုရားကြီးအား ပူဇော်ပွဲ၊ စုပေါင်း ဆွမ်းကပ်ပွဲနှင့် သြဝါဒခံယူပွဲတို့ကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၃၀ ရက် စနေနေ့၌ လောကချမ်းသာဘုရားကျောင်းတွင် ကျင်းပ ပြုလုပ်၏။
ဇူလိုင်လ ၃၀ ရက် စနေနေ့မှာ လောကချမ်းသာဘုရားကျောင်း၏ လစဉ် တစ်ရက် တရားစခန်းနှင့် တိုက်ဆိုင်နေ၍ တရားစခန်းဝင်နေကျ ယောဂီအများ စောစီးစွာ ရောက်ရှိနေကြ၏။
ရှေးဦးစွာ မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ဖြင့် လှူဒါန်း ဆက်ကပ် ပူဇော်ကြ၏။

ထိုနောက် ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ကျောင်းနေ သံဃာတော်တို့အား စုပေါင်း နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။

မွန်းလွဲ ၁ နာရီတွင် ဗန်းမော်ဆရာတော်ကြီးအား ပူဇော်ပွဲနှင့် […]