မဟာကာဠထေရ်၊ မဟဂ္ဂုတ်စိတ်များနှင့် ကိုယ့်ကိုကိုယ်သာ အားကိုးရာ

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၂-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ အပတ်စဉ် တစ်နာရီ ဝိပဿနာ ရှုမှတ်ပွားများခြင်း၊ ဓမ္မသင်တန်းနှင့် တရားပွဲဝယ် မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ စုပေါင်း တရားရှုမှတ် ပွားများကြပြီးနောက် မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီ ၁၅ မိနစ်အထိ အရှင်စက္ကိန္ဒက ဓမ္မပဒ ဂါထာ အမှတ် (၇)နှင့် (၈)လာ မဟာကာဠထေရ်အကြောင်း ဆက်လက် ပို့ချ သင်ကြားပေး၏။

မဟာကာဠထေရ်သည် အသက်အရွယ်ကြီးမှ ရဟန်းဘဝသို့ ရောက်လာသူဖြစ်ရာ ရဟန်းတို့ ပြုကျင့်ရသော ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ပါးအနက်၊ ဝိပဿနာဓုရကို ကျင့်ကြံကြိုးကုတ်၊ အထူးသဖြင့် အသုဘကမ္မဋ္ဌာန်း စီးဖြန်း၊ ဝိပဿနာ ရှုပွားပြီး ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ […]

အေဘီဘီအေ စုပေါင်း ဘုံကထိန်ပွဲတော် (၁၆-အောက်တိုဘာ-၂၀၁၁)

နယူးယောက်မြို့ အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ၂၉-ကြိမ်မြောက် စုပေါင်း ဘုံကထိန်ပွဲတော်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်၏။
နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း ရေချမ်း ဆီမီး ဆွမ်းတို့ဖြင့် ဆက်ကပ် ပူဇော် လှူဒါန်းကြပြီး၊ နံနက် ၁၁ နာရီတွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။
ပွဲတော်သို့ ကြွရောက်လာကြသော ဧည့်ပရိသတ်တို့အား အလှူရှင် ဒေါက်တာတင်မြင့် + ဒေါက်တာခင်ခင်လှ မိသားစုတို့က မုန့်ဟင်းခါး၊ မြန်မာမုန့်မျိုးစုံတို့ဖြင့် ဧည့်ခံ ကျွေးမွေးကြ၏။
မွန်းလွဲ ၁ နာရီတွင် ဆရာတော် ဦးစက္ကိန္ဒက အနုမောဒနာတရား ဟောကြားပြီး၊ ကထိန်သင်္ကန်း စုပေါင်း ကပ်လှူကြကာ ကောင်းမှုကုသိုလ်တို့ကို အမျှပေးကြလေသည်။
သာဓု … သာဓု […]

အဘိဓမ္မာအခါတော်နေ့ (၁၅-အောက်တိုဘာ-၂၀၁၁)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက် စနေနေ့၌ ဒုတိယအကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ရာ အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ မိသားစုများ ဓမ္မမိတ်ဆွေများ တက်ရောက်ကြ၏။
နံနက် ၁၁ နာရီတွင် မြတ်စွာဘုရားရှင်အား စုပေါင်း ဆွမ်းကပ်ကြပြီး၊ သံဃာတော်များအား စုပေါင်း ဆွမ်းဆက်ကပ် လှူဒါန်းကြ၏။

မွန်းလွဲ ၁ နာရီတွင် လောကချမ်းသာဘုရားကျောင်း၌ ဒုတိယအကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ပြုလုပ် ကျင်းပရာ ရှေးဦးစွာ နမော တဿ ဘုရားရှိခိုးဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး နတ်ဗြဟ္မာများကို ပင့်ဖိတ်၏။
လောကချမ်းသာဆရာတော်ထံမှ သီလခံယူရန်ဖြစ်သော်လည်း ဆရာတော် အနည်းငယ် အသံဝင်နေသဖြင့် ဘုန်းကြီးဦးအဘယာလင်္ကာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၏။
ထိုနောက် ဆုထူးပန်ဆရာဟန်၏ အဘိဓမ္မာဘုရားရှိခိုးဖြင့် မြတ်စွာဘုရားရှင်အား ရှိခိုး ပူဇော် […]