မြစ်သားဆရာတော်ကြီး ပူဇော်ပွဲနှင့် သြ၀ါဒခံယူပွဲ (၂၀-နိုဝင်ဘာ-၂၀၁၁)

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မဟာစည်သာသနာ့ရိပ်သာကြီး၏ ပြည်တွင်းပြည်ပ ဥသျှောင်သြ၀ါဒါစရိယဆရာတော် မြစ်သားဆရာတော်ကြီးအား ပူဇော်ပွဲနှင့် သြ၀ါဒခံယူပွဲကို ကျင်းပ ပြုလုပ်၏။

နံနက်တွင် ဒေါက်တာမြတ်မြတ်မွန် မိသားစုနှင့်မိတ်ဆွေများ၊ ဓမ္မမိတ်ဆွေများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်း စုပေါင်း ဆက်ကပ် လှူဒါန်းကြ၏။

မွန်းလွဲ ၁ နာရီတွင် ဆရာတော်ကြီးအား ပူဇော် ကန်တော့ကြ၏။
ဆရာတော်ကြီးက မျက်မှောက် နောင်ရေး ကြီးပွားချမ်းသာရေး တရားလေးပါးကို သြ၀ါဒစကားအဖြစ် ဟောကြား ချီးမြှင့်၏။

 
မျက်မှောက် နောင်ရေး ကြီးပွားချမ်းသာရေးတရား လေးပါး
နိုးကြားထကြွ၊ တရားမျှ၍
ဓနဖွေရှာ၊ မိတ်ကောင်းရာ၏
ဝင်လာရောက်ပြီး၊ ကိုယ့်ပစ္စည်းကို
သိပ်သည်းစောင့်ရာ၊ ထွက်ဝင်မျှစေ
လေးထွေခုတန်။
နောင်သံသာဝယ်
သဒ္ဓါသီလ၊ စာဂပညာ
ဤလေးဖြာသည်၊ ဝေဖြာတင့်တောင်း
ကြီးပွားကြောင်းဟု၊ ထွဋ်ခေါင်သေချာ
ဒေသနာဖြင့်၊ ဒကာ ဗျဂ္ဃပဇ္ဇကအား
ဟောမြွက်ကြားသည်၊ အများသူငါ ကျင့်ထုံးတည်း။
ဝိရိယအင်္ဂါ လေးရပ်
အရေပြားသာ၊ ငါ့ကိုယ်မှာ၊ ကြွင်းကာ ကျန်ပါစေ။
အကြောတွေသာ၊ […]

စိတ်ထားတတ် မြတ် နှင့် ဘာအရေးကြီးဆုံးလဲ

၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၉)ရက် စနေနေ့
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း
စနေနေ့ စုပေါင်း တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းများနှင့် တရားပွဲများကို ပြုလုပ် ကျင်းပမြဲ ကျင်းပ ပြုလုပ်ရာ –
ဓမ္မပဒသင်တန်း၌ သင်တန်းဆရာတော် အရှင်စက္ကိန္ဒ ခရီးလွန်နေသဖြင့် အရှင်ဝိမလက ဓမ္မပဒဂါထာ အမှတ် ၁၁၊ ၁၂ တို့ကို အစပျိုး သင်ပြ ပို့ချပေး၏။

အဘိဓမ္မာသင်တန်းဝယ် ဆရာတော် အရှင်ဝဏ္ဏိတက လောကုတ္တရာစိတ်အကျယ် ၄၀ ကို ရှင်းလင်း သင်ကြား၍ စိတ်သရုပ်ခွဲ အပြီးသတ်နှင့် အဘိဓမ္မာစာမေးပွဲ မေးခွန်းအချို့ကို ဖြေဆိုပြသ သင်ကြား ပို့ချသွားလေသည်။

ဆည်းဆာတရားပွဲများအဖြစ် ရှေးဦးစွာ မဟာစည်သာသနာ့ရိပ်သာအဖွဲ့ကြီး၏ ပြည်တွင်းပြည်ပ ဥသျှောင်သြ၀ါဒါစရိယ မြစ်သားဆရာတော်ကြီးက `စိတ်ထားတတ် မြတ် တရားတော်´ကို ဟောကြား ချီးမြှင့်၏။

နတ်သား မေး – `ဘယ်ကဆောင်၍ ဘယ်ကဆွဲ […]

“လောကုတ္တရာစိတ်များ”နှင့် “သံဝေဂဉာဏ် ရင့်ကျက်ရန်”

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် ပြုလုပ်မြဲဖြစ်သော တရားရှုမှတ်ခြင်း၊ ဓမ္မပဒသင်တန်း၊ အဘိဓမ္မာသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်၏။
ရှေးဦးစွာ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ စုပေါင်း တရားရှုမှတ်ကြ၏။ နာရီဝက်နားပြီး မွန်းလွဲ ၂ နာရီခွဲတွင် ဆရာတော် ဦးစက္ကိန္ဒက ဓမ္မပဒဂါထာ အမှတ် ၉-၁၀၊ အရှင်ဒေ၀ဒတ်ဝတ္ထုအကြောင်းကို သင်ကြား ပို့ချပေး၏။
ဘုရားလောင်းသည် ဆင်မင်းဖြစ်စဉ် အရှင်ဒေ၀ဒတ်ကား ဆင်သတ်ယောက်ျားဖြစ်လေ၏။ ဆင်သတ်ယောက်ျားသည် ပစ္စေကဗုဒ္ဓါ၏ သင်္ကန်းကို ခိုးယူ၍ ဆင်တို့သွားရာလမ်းခရီး၌ လှံကို လက်စွဲပြီး တစ်ကိုယ်လုံး လုံခြုံအောင် သင်္ကန်းဝတ်ရုံ၍ နေ၏။ ဆင်တို့ မြင်လျှင် ပစ္စေကဗုဒ္ဓါအရှင်ဟု ထင်မှတ်၍ ရှိခိုးကာ သွားကြ၏။ […]