မင်းကွန်းဆရာတော်ကြီး မိခင်ကြီးကို ဂရုစိုက်ပုံ

ဆရာတော်သည် အနယ်နယ် အရပ်ရပ်သို့ လှည့်လည် တရားဟောစဉ် တရားနာပရိသတ်ထဲ၌ မိမိ၏မိခင်ကြီး ဒေါ်ဆင်နှင့် သက်တူရွယ်တူ အမျိုးသမီးများ ပါ၍ သူတို့ ဝတ်ထားသော အဝတ်အစားကလည်း မိခင်ကြီးနှင့် လိုက်ဖက်မည် ထင်လျှင် `သည်အဝတ်အစားနာမည် ဘယ်လိုခေါ်ကြောင်း၊ ဘယ်နေရာတွင် ဝယ်၍ ရနိုင်ကြောင်း´ စသည်ကို အခြားသူများ မသိစေဘဲ မိမိတပည့်များကို ထိုအမျိုးသမီးများထံ တိုးတိုးတိတ်တိတ် သွားရောက် မေးမြန်းစေသည်။
ထို့နောက် ကျောင်းပြန်ရောက်သည့်အခါ တပည့်များကို ထိုအဝတ်အထည်မျိုး အဝယ်ခိုင်းပြီး မိခင်ကြီးအား ပေးတော်မူသည်။ မိခင်ကြီးနှစ်သက်သည့် အစားအစာ စသည်ကိုလည်း ဂရုတစိုက် ပေးကာ ကျွေးကာ၊ နေစရာ နေအိမ် ဆောက်လုပ်ပေးကာ၊ သင့်တော်မည့်တရားများလည်း ဟောကြား ပြသပေးကာဖြင့် အလောင်းတော်မြတ် ဗောဓိသတ်ပမာ မာတုပေါသကလုပ်ငန်းကို ဝမ်းမြောက်စွာ ဆောင်ရွက်တော်မူလေသည်။
မိခင်ကြီးကို ပြုစုလုပ်ကျွေးပုံနှင့် ပတ်သက်၍ […]

မပူအောင်နေ

မင်းကွန်းတောင်ရိုးမှ ရန်ကင်းချောင်ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓါနုဿ တိဘာဝနာကို အစဉ်အမြဲ အားထုတ်နေသည့် ဆရာတော်ကြီး ဖြစ်သည်။
ရန်ကင်းချောင်ဝယ် လေးပင်-နှစ်ပင် သွပ်မိုးကျောင်းကလေး၌ သီတင်းသုံးတော်မူရာ နွေရာသီ နေ့လယ်ပိုင်းတချိန်က ထိုဆရာတော်ကြီးအား တိပိဋကဓရဆရာတော်က သွားရောက် ဖူးမြော်၍ အာလာပ သလ္လာပစကား ပြောရင်း –
`ဆရာတော်၊ ဒီကျောင်းကလေးပေါ် နေရတာ မပူဘူးလား ဘုရား´ ဟု လျှောက်ထားသည့်အခါ –
ရန်ကင်းဆရာတော်ကြီးက – `မပူအောင် နေရတာပေါ့လေ´ဟု မိန့်တော်မူသည်။
ထိုအခါ တိပိဋကဆရာတော်က `မပူအောင် ဘယ်လိုနေပါသလဲ ဘုရား´ဟု ထပ်မံ လျှောက်ထားရာ –
`ဘုန်းကြီးတော့ အလွန်အေးမြတဲ့ ပဒုမ္မာကြာ ရေကန်ကြီးထဲ ဆင်းနေရသလို မှတ်ထင်လိုက်တာပဲ´ဟု မိန့်တော်မူလေသည်။
ရန်ကင်းဆရာတော်ကြီး၏ စကားမှာ အဓိပ္ပာယ် လေးနက်လှသည်။
ဆရာတော်ကြီးကား အပ္ပိစ္ဆတာဂုဏ်နှင့် ပြည့်စုံသူ သူတော်ကောင်းကြီးတည်း။
ထိုဆရာတော်ကြီးစကား နာကြားလိုက်ရပြီးနောက် တိပိဋကဆရာတော်သည် ထိုအတိုင်း နှလုံးသွင်း […]

ဝနဝါသီ တိဿ သာမဏေဝတ္ထုနှင့် `ဘဝသံသရာ တိုပါစေ´

၂၀၁၄-ခုနှစ် မေလ ၃-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿ နာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

+++++
မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ဗာလဝဂ်၊ ဂါထာ ၇၅-ဝနဝါသီ တိဿ သာမဏေဝတ္ထု ပထမပိုင်းကို သင်ကြား ပို့ချပေး၏။

+++++
ညနေ ၆-နာရီခွဲ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် သတ္တမမြောက် တိပိဋကဓရဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသက `ဘဝသံသရာ တိုပါစေ´တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်လေသည်။