စဉ်းစားဝေဖန် အသိဉာဏ် အမှန်ကိုယ့်တွက်သာ – ဘုန်းဘုန်းဦးပညာ(နယူးဂျာစီ)

… ဟင် .. ဟုတ်လား? ဒီလိုဆို တော်တော်ဆိုးတာပေါ့။ ဒါကတော့ ဘယ်တရားမလဲ? သနားစရာကောင်းပါတယ် ..လို့ သတင်းစကားတစ်ခုကို ကြားရင် ကြားဝင်ပြီး ဆုံးဖြတ်ချက် ချတတ်တာဟာ လူ့သဘာဝ ဖြစ်မှာပါ။
ဒါပေမယ့် မိမိမှာ အကုသိုလ်တရား မဖြစ်ပွားအောင်တော့ သတိထားရမှာ ဖြစ်တယ်။ အကြောင်းကတော့ ဖြစ်ပေါ်တဲ့ ကိစ္စတိုင်းမှာ ဟုတ်တယ် .. မဟုတ်ဘူး၊ မှန်တယ် .. မမှန်ဘူး ဆိုတာကို ကာယကံရှင်တွေပဲ သိမှာပါ။ တဆင့်စကား ကြားရသူတွေအဖို့ အတိအကျ သိနိုင်ဖို့ဆိုတာ မလွယ်ကူလှပါ။
ကိုယ်မသိတဲ့ ကိစ္စတစ်ခုကို ကြားရတဲ့အခါ `ဟုတ်လား´လို့ မိမိစိတ်ထဲ ဖြစ်ပေါ်လာခြင်းဟာ သတင်းစကားအပေါ် အခြေခံပြီး သံသယစိတ် စတင် ယိုဖိတ်မှု-ဝိစိကိစ္ဆာနဲ့ အမှားအမှန်ကို ဝေဖန်နိုင်စွမ်း မရှိမှု-အဝိဇ္ဇာတို့ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
`တော်တော်ဆိုးတာပေါ့´လို့ ဆုံးဖြတ်ချက် […]

ရာဓထေရ်နှင့် `လာမည့်ဘေး ပြေးတွေ့´

အရှင်ရာဓထေရ် အပဒါန်ဝတ္ထု
ဤအရှင်မြတ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ လက်ထက်တော်တွင် အမျိုးကောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။
တစ်နေ့တွင် ပဒုမုတ္တရဘုရားရှင်သည် ရဟန်းတစ်ပါးအား ဒေသနာဉာဏ်များ တိုးပွားလာအောင် စွမ်းဆောင်ရာတွင် အထူးမြတ်ဆုံးဖြစ်သော ဧတဒဂ်ဂုဏ်ထူးဖြင့် ချီးကျူးတော်မူ၏။
ကုသိုလ်ပြုခဲ့
ဤအရှင်မြတ်လောင်းလျာ အမျိုးသားသည် ထိုရဟန်း ရယူပန်ဆင်ရသော ဧတဒဂ်ဆုထူးကို ရယူလိုသဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီးလျှင် ထိုဆုကို တောင်းကာ ဘဝပေါင်းများစွာတို့၌ ကုသိုလ်ကောင်းမှုများ ပြုခဲ့လေသည်။
သူသည် ဝိပဿီဘုရားရှင်၏ လက်ထက်တော်တွင်လည်း လူအဖြစ်ကို ရရှိပြန်ကာ ဆွမ်းခံကြွတော်မူနေသော ဝိပဿီဘုရားရှင်အား သရက်သီးမှည့်များ ဆက်ကပ် လှူဒါန်းခဲ့၏။
ပုဏ္ဏားအိုဘဝရောက်သော်
ဤငါတို့ ဂေါတမဘုရားရှင်၏ လက်ထက်တော်တွင်ကား ရာဇဂြိုဟ်မြို့တော်ရှိ ပုဏ္ဏားတစ်ယောက်၏ သားဖြစ်လာကာ ရာဓဟု အမည်တွင်ခဲ့လေသည်။ ရာဓသတို့သား အရွယ်ရောက်လတ်သော် အိမ်ရာတည်ထောင်၍ နေထိုင်၏။ အသက်အရွယ် အိုမင်းလာသောအခါတွင်ကား သားမယားများက သူ့ကို မကြည်ဖြူကြတော့ပေ။ နဂိုကတည်းက ထိုင်စားနိုင်လောက်သည့် […]

မြစိမ်းတောင်ဆရာတော်၏ (၇)ရက်တရားစခန်း – ပဉ္စမနေ့(11-Jun-2014)

ယောဂီများ သိထားစရာနှင့် သတိထားစရာ – နဝမပိုင်း (မွန်းလွဲ ၂း၃၀ နာရီ)

ယောဂီများ သိထားစရာနှင့် သတိထားစရာ – ဒသမပိုင်း (ညနေ ၇ နာရီ)

မြစိမ်းတောင်ဆရာတော်၏ (၇)ရက်တရားစခန်း – စတုတ္ထနေ့(10-Jun-2014)

ယောဂီများ သိထားစရာနှင့် သတိထားစရာ – သတ္တမပိုင်း (မွန်းလွဲ ၂း၃၀ နာရီ)

ယောဂီများ သိထားစရာနှင့် သတိထားစရာ – အဋ္ဌမပိုင်း (ညနေ ၇ နာရီ)