ဓမ္မဘေရီဆရာတော်၏ အပါယ်လွတ်ရေးတရားသင်တန်း (၁) (၁၁-ဇူလိုင်-၂၀၁၄)

၂၀၁၄-ခုနှစ် ဇူလိုင်လ ၁၁-ရက် သောကြာနေ့မှာ ၀ါဆိုလပြည့်နေ့ဖြစ်ရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းရှိ သံဃာတော်များ ဥပုသ်ပြုကြပြီး ညနေတွင် ဓမ္မဘေရီဆရာတော်က အပါယ်လွတ်ရေးတရားသင်တန်း ပို့ချ သင်ကြား၏။

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ၀ါဆိုပွဲတော် (၆-ဇူလိုင်-၂၀၁၄)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ၀ါဆိုပွဲတော်ကို ၂၀၁၄-ခုနှစ် ဇူလိုင်လ (၆)ရက် တနင်္ဂနွေနေ့တွင် ပြုလုပ် ကျင်းပရာ ရွှေမင်းဝံဆရာတော်က အနုမောဒနာတရား ချီးမြှင့်သည်။

ဦးဟန်ကြူမွေးနေ့ အမှတ်ရ ဆွမ်းအလှူ (၂၉-ဇွန်-၂၀၁၄)

၂၀၀၇-ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ဘ၀တပါး ပြောင်းသွားခဲ့သော အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ဥက္ကဌ ဦးဟန်ကြူ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မိသားစုများက ၂၀၁၄-ခုနှစ် ဇွန်လ ၂၉-ရက် တနင်္ဂနွေနေ့တွင် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းတည်ရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဆွမ်းဆက်ကပ် လှူဒါန်းကြစဉ် –

ဓမ္မပဒသင်တန်းနှင့် `ဂုဏ်ရည်သိမှတ် မြဲဆည်းကပ်´

၂၀၁၄-ခုနှစ် ဇွန်လ (၂၁)ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်ပြီး၊ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပဏ္ဍိတ၀ဂ်လာ ဂါထာ ၇၇-အဿ ဇိပုနဗ္ဗက၀တ္တုနှင့် ဂါထာ ၇၈-အရှင်ဆန္နထေရ်ဝတ္ထုတို့ကို သင်ကြား ပို့ချပေးကာ၊ ညနေ လောကချမ်းသာ ဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ပညာဇောတက `ဂုဏ်ရည်သိမှတ် မြဲဆည်းကပ်´တရားတော်ကို ဟောကြား ဓမ္မဒါနပြု၏။