14 August 2013

(၁၀)ကြိမ်မြောက် မဟာစည်ဆရာတော်ဘုရားကြီး ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ

၂၀၁၃-ခုနှစ် သြဂုတ်လ (၄)ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ (၁၀)ကြိမ်မြောက် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည် ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲကို ကျင်းပ၏။

ရှေးဦးစွာ `နမော တဿ´ဘုရားရှိခိုးကို သုံးကြိမ် ရွတ်ဆို ပူဇော်၍ အခမ်းအနား ဖွင့်လှစ်ပြီး ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ပရိတ်တရားတော် နာယူခြင်းတို့ကို ပြုလုပ်၏။

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း အတွင်းရေးမှူး ဦးစောဝင်းက သာသနာလျှောက်စာတန်း ဖတ်ကြားပြီး၊ လောကချမ်းသာဆရာတော်က သြ၀ါဒစကား မိန့်ကြား၏။

ထိုနောက် ဆရာတော် ဦးဝိမလနှင့် ဆရာတော် ဦးဉာဏိဿရ (မော်လူး)တို့က မဟာစည်ထေရ ၀န္ဒနာပူဇာများ ရွတ်ဆို ပူဇော်ခြင်း၊ ဦးစောဝင်းက မဟာစည်ထေရ ဂုဏကထာ ဖတ်ကြား ပူဇော်ခြင်း၊ ဓမ္မမိတ်ဆွေ ဧည့်ပရိတ်သတ်အပေါင်းက မဟာစည်ဘုန်းတော်ဘွဲ့ လင်္ကာများ ရွတ်ဆိုပူဇော်ကြ၏။

ယင်းနောက် မုံရွာမြို့ ချမ်းအေးမဟာစည်ရိပ်သာဆရာတော် ဘဒ္ဒန္တနာရဒဓဇ (ဓမ္မကထိက ဗဟုဇနဟိတဓရ) အရှင်သူမြတ်က မဟာစည်ထေရ ဂုဏကထာ ဒေသနာ ဟောကြား ချီးမြှင့်ပြီး၊ အလှူရှင်မိသားစုဖြစ်သော ဦးထွန်းထွန်းလေး + ဒေါ်ဆွေဝင်းမာ၊ သမီး ဇွန်မေခင် မိသားစုနှင့် ဧည့်ပရိသတ်အပေါင်းတို့က ကောင်းမှုကုသိုလ်တို့ကို ရေစက်သွန်းချ အမျှပေးဝေကြကာ `ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု´ သုံးကြိမ် ပြိုင်တူ ညီညာ ရွတ်ဆိုကြပြီး အခမ်းအနားကို အဆုံးသတ်ကြ၏။

IMG_1815

(အခမ်းအနားဖွင့်၊ သီလယူ၊ ပရိတ်တရားနာ)

IMG_1822

IMG_1823

(သာသနာလျှောက်)

IMG_1824

(လောကချမ်းသာဆရာတော်၏ သြ၀ါဒ)

IMG_1825

(ဆရာတော် ဦးဝိမလ၏ မဟာစည်ထေရ ၀န္ဒနာပူဇာ)

IMG_1826

(ဆရာတော် ဦးဉာဏိဿရ၏ မဟာစည်ထေရ ၀န္ဒနာပူဇာ)

IMG_1827

(ဦးစောဝင်း၏ မဟာစည်ထေရ ဂုဏကထာ ပူဇာ)

(ဓမ္မမိတ်ဆွေ ဧည့်ပရိတ်သတ်အပေါင်း၏ မဟာစည်ဘုန်းတော်ဘွဲ့ ပူဇာ)

IMG_1828

(မုံရွာမြို့ ချမ်းအေးမဟာစည်ရိပ်သာဆရာတော်၏ မဟာစည်ထေရ ဂုဏကထာ ဒေသနာနှင့် ရေစက်ချ)

IMG_1831